Sunday, August 3, 2008

နအဖရဲ့  မသူတော်ကြွက်များက လမ်းပေါ်မှာ ရပ်နေပြီး၊ တကယ့် ကြွက်သူတော်လေးက ဘုရားဝတ်ပြု။

လမ်းပေါ်မှာ ရပ်နေကြသော မသူတော်ကြွက်များ။

ရန်ကုန်မြို့  လှည်းတန်း၊ မြေ နီ ကုန်း၊ မင်္ဂလာ ဈေး၊ တာ မွေ ရွှေ ဗဟို ဆေးရုံတစ်ဝိုက် လမ်းထောင့် များရှိ.မီ ပွိုင့် များ အနီးအနားတွင် နအဖလက်ပါးစေ လုံထိန်းများ ကြံ့ ဖွတ်များ စွမ်းအားရှင်များ နှစ်ယောက်တစ်တွဲပုံစံဖြင့် တနေကုန် ရပ်စောင့်နေမှုအား တွေ့ ရှိရသည်။ ထို့ အပြင် ချောင်ကြိုချောင်ကြားနေရာများတွင်လည်း ပုန်အောင်းစောင့်ဆိုင်းနေမှုအား တွေ့ ရှိရသည်။ ယနေ့ ညနေပိုင်းအချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် စစ်ကား သုံးစီးရပ်ထားမှုအား တွေ့ မြင်ရသည်။

သူတော်ကြွက်ငယ်လေး ထူးဆန်းစွာ လာရောက်ဘုရားဝတ်ပြု။

ရန်ကုန်မြို့တွင်းရှိ မိသားစုအိမ်တစ်အိမ်၌ ဘုရားပင့်အပူဇော်ခံစဉ် ကြွက်ငယ်တစ်ကောင် လှေကားမှ တက်ရောက်လာပြီး ဘုရားရှေ့တွင် ထူးဆန်းစွာဝတ်ပြုသွားသော ဖြစ်ရပ် ဆန်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကြွက်ငယ်သည် ဇူလိုင် ၁၆ရက်တွင် နေအိမ်၌ ဘုရားပင့်ဆောင်ကာ အပူဇော် ခံနေစဉ်အတွင်း လူအများရှေ့၌မှာပင် လှေကားမှတက်လာကာ အိမ်တံခါးဝမှဝင်၍ ဘုရားရှေ့၌ နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်ကစတင်၍ ညနေ ၄နာရီခန့်အထိ ငြိမ်သက်စွာ ၀တ်ပြုသွားခဲ့ပြီး အသက်သေဆုံးသွားကြောင်း အိမ်ရှင်များထံမှ သိရသည်။

ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းမပေါ်ရှိ တိုက်ခန်းတစ်ခုတွင် အိမ်ရှင်မှ (၂၇) နှစ်မြောက်မွေးနေ့အဖြစ် (၁၄) ရက် ညနေမှ (၁၅) ရက်နေ့ ညနေအထိတစ်ကြိမ် ဘုရားပင့်ကာ အပူဇော်ခံခဲ့ပြီး၊ ထပ်မံ၍ (၁၅) ရက် ညနေမှ (၁၆) ရက် ညနေအထိ ဣစ္ဆာသယ အဘယ ရွှေပုံငွေပုံ လာဘ မုနိဆုတောင်းပြည့်ဘုရားကို ပင့်ဆောင်ကာ နေအိမ်တွင် အပူဇော်ခံခဲ့ရာ (၁၆) ရက် နေ့လည် (၁၂) နာရီ ( ၂) မိနစ်တွင် ယင်းကြွက်ငယ်မှာ ထူးဆန်းစွာ လာရောက်ဝတ်ပြုခဲ့ခြင်း ဖြစ်သည်။