Sunday, August 3, 2008

ရှစ်လေးလုံး နှစ် (၂၀) ပြည့်အကြိုအခမ်းအနားအား မလေးရှားနိုင်ငံ NLD(LA) SERDANG နယ်မြေ၌ ကျင်းပပြုလုပ်။

































(၈.၈.၂၀၀၈) နေ့တွင်ကျရောက်မည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်(၂၀) ပြည့်အကြိုအခမ်းအနား ကို မလေးရှားနိုင်ငံ NLD(LA) SERDANG နယ်မြေ၌ (၃.၈.၂၀၀၈) ရက် တနင်္ဂနွေနေ့ နံနက် (၁၀:၃၀) တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားမှူးအဖြစ် ကိုစံမြင့်သိန်းက ဆောင်ရွက်ပြီး အခမ်းအနားအစီအစဉ် အဖြစ် ပါတီအလံတော်အားအလေးပြုခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွရှစ်လေးလုံးအရေးတော်ပုံ၌ကျဆုံး သွားသော ရဟန်း ၊ ရှင်လူ ၊ ကျောင်းသား ၊ ပြည်သူများအား အလေးပြုကာ ၀မ်းနည်းခြင်းအထိမ်းအမှတ် (၁) မိနစ် ငြိမ်သက်ဂုဏ်ပြုပါသည်။

အခမ်းအနား၌ ရှစ်လေးလုံးအမှတ်တရအဖြစ် ကဗျာများ ၊ ပန်ချီကားချပ်များ ၊နံရံကပ်စာစောင်များ ၊ ကာတွန်းများ ၊ အကျဉ်းကျခံနေရသော ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်၊သတင်းစာဆရာကြီး ဦးဝင်းတင်နှင့်တကွ ရှစ်လေးလုံးကျောင်းသားခေါင်ဆောင်များနှင့်နိုင်ငံရေးအကျဉ်းသားများ၏ ဓါတ်ပုံများကို ခင်းကျင်းပြသထားပါ သည်။ထို့နောက် NLD(LA)MALAYSIA မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက်နှင့် စည်းရုံးရေးမှူး ကိုကျော်မောင် တို့မှ ရှစ်လေးလုံးအရေးတော်ပုံသမိုင်းနှင့် ကျောင်းသားလှုပ်ရှားမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသောဧည့်သည်များနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ နေ့လည် (၁) နာရီအချိန်၌ အခမ်းအနားအား အောင်မြင်စွာဖြင့်ရုပ်သိမ်းလိုက်ပါသည်။

လှုပ်ရှားမှု ဓါတ်ပုံများအား ကြည့်ရန်အတွက် ပို့ စ်အား အကျယ်ချဲ့  ကြည့်ရှူနိုင်ပါတယ်။