ကောက်ကျစ်ယုတ်မာစွာဖြင့် အင်တာနက်နှောင့်ယှက်ဖျက်ဆီးမှုများအား စုပေါင်းတုန့် ပြန်ကြ။
ယခုအခါတွင် မသမာသူများမှ အင်တာနက်စာမျက်နှာများနှင့် ဘလော့များအား လိုက်လံတိုက်ခိုက်ဖျက်ဆီးနေသည်မှာ အများအသိပင်ဖြစ်သည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလအတွင်း နအဖအနေဖြင့် မထင်မှတ်ဘဲ ရွှေဝါရောင်တော်လှန်ရေးသတင်းများ စက္ကန့် ပိုင်းနှင့်အမျှ ကမ္ဘာပြည်သူများ မျက်မှောက်သို့  လျှင်မြန်စွာရောက်ရှိခဲ့ခြင်းအပေါ် ထိတ်လန့် တုန်လှုပ်ကာ အထိနာကြီး နာခဲ့ရသည်ကို အခဲမကြေဖြစ်ကာ၊ ယခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလ တစ်နှစ်ပြည့် ခါနီး အချိန်အခါသမယတွင် အင်တာနက်အား နည်းမျိုးစုံဖြင့် နှောင့်ယှက်တားဆီး ပိတ်ပင်ဖျက်ဆီးရန် လုပ်ဆောင်နေပါသည်။
ထိုကဲ့သို့  ဖျက်ဆီးမှုများ လုပ်ဆောင်ရာတွင် Main server များအား တိုက်ခိုက်ခြင်း၊ အီးမေးလ်များအား ခိုးဝင်ရန် ကြိုးစားရုံသာမက အင်တာနက်စာမျက်နှာများအား ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိပါသည်။ ထို့ အတူ ဘလော့စာမျက်နှာများအားလည်း ပို့ စ်များအသစ်မတင်နိုင်ဘဲ ရပ်တန့် သွားစေရန်၊ account အကောင့်များ ပိတ်သွားစေရန်တို့ ကို လုပ်ဆောင်နေပါသည်။
အဆိုပါ ဖျက်ဆီးသူများမှ မိမိ၏ အကောင့်အား ၀င်ရောက်ခိုးယူကာ မိမိအကောင့်အမည်ဖြင့် အခြားသူများထံ မလိုလားအပ်သည့် စာအမြောက်အများပေးပို့ ခြင်းများ၊ မသင့်တော်သော ဓါတ်ပုံများပေးပို့ ခြင်းများ ပြုလုပ်ကာ မိမိ၏ အကောင့်အား ပိတ်ဆို့ ပယ်ဖျက်ခံရစေရန် လုပ်ဆောင်လျက် ရှိပါသည်။ ယခုအခါတွင် အထူးသဖြင့် google account များအား တိုက်ခိုက်လျက် ရှိပါသည်။
ထို့ ကြောင့် မိမိတို့  အင်တာနက်စာမျက်နှာများ၊ ဘလော့စာမျက်နှာများနှင့် အီးမေးလ်များ လုံခြုံရေးအား အထူးသတိထားကာကွယ်ကြရန်နှင့် မသင်္ကာဖွယ်ရာများ နှောင်ယှက်ဖျက်ဆီးခံရမှုများတွေ့ ကြုံပါက တစ်ဥိးချင်းအနေဖြင့် မှတ်တမ်းများ ပြုစုထားရှိကြပြီး၊ သက်ဆိုင်ရာသို့  ပေးပို့ တိုင်ကြားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။
အောက်ဖေါ်ပြပါ စာမှာ မိမိကိုယ်တိုင်မလုပ်ဘဲ ကြားထဲမှ အဖျက်သမား၏ စနက်ကြောင့် ပိတ်ဆို့ ခံရသော အကောင့်တစ်ခုအား google မှ ပြန်လည်ပေးပို့ ထားသည့်စာ ဖြစ်ပါသည်။
ယခုကဲ့သို့  ကြုံတွေ့ သူများအနေဖြင့် သက်ဆိုင်ရာသို့  စုပေါင်းတိုင်ကြားကြရန် အထူးလိုအပ်ပါသည်။