Wednesday, September 10, 2008

ပြည်သူများအား ရန်သူသဖွယ် သဘောထားနေသော နအဖ၏ လုပ်ရပ်မှန်သမျှအား စုံစမ်းဖေါ်ထုတ်ကြပါ။

ယခုဖေါ်ပြပါပုံပါ ကြယ်အမှတ်အသားပြနေရာဖြစ်သော ခရစ်ယန်ဘုရားကျောင်းနေရာတွင် လုံထိန်းတပ်များ အိပ်ယာလိပ်များ၊ အိုးခွက်ပန်းကန်အစုံနဲ့  တပ်လာစွဲထားပြီး အင်အားမှာ လက်ရှိတွင် တစ်ရာကျော် ရှိနေပါတယ်။

သေနတ်များတွင် အနီရောင်ပုဝါစများ စီးထားပါတယ် ။ လပြည့် ဝန်းပလာဇာရှေ့ နှင့် ၄င်းပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးအစောင့် များ ချထားပါတယ်။

အဆိုပါ ခရစ်ယာန်ဘုရားကျောင်းမှာ ကုန်းမြင့် နေရာဖြစ်ပြီး ဘေးဘက်မှာ အောင်ဆန်း ဘောလုံးကွင်း ဖြစ်ပါတယ်။ အောက်ဖက်တည့် တည့် တွင် ရန်ကုန်ဘူတာကြီးရှိသဖြင့် ၄င်းလုံခြုံရေးတပ်များ တပ်စွဲထားသည့်အနေအထားမှာ အပေါ်စီးမှဖြစ်ပြီး စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် အဆင်သင့်နေရာ ယူထားသကဲ့သို့  ဖြစ်ပါတယ်။

စစ်ကားများကို အဆိုပါ ခရစ်ယာန်ဘုရားကျောင်းဝန်းထဲတွင် ပုန်းကွယ်ကာ ရပ်ထားပါတယ်။ ယခုကဲ့ ကြိုတင်နေရာယူထားမှုနှင့် အသုံးအဆောင်များအား သယ်ယူလာကာ အခြေချတပ်စွဲထားခြင်းအားဖြင့် ရန်ကုန်မြို့ နေ ပြည်သူလူထုအား ရန်သူသဖွယ် စောင့်ကြည့်လေ့လာနေခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို ခရစ်ယာန်ဘာသာရေးကျောင်းဝန်းအတွင်းတွင် လုံခြုံရေးတပ်စွဲထားခြင်းမှာ မသင့်တော်သော လုပ်ရပ်ဖြစ်ပြီး၊ ပြည်သူလူထုအား ရန်သူသဖွယ်ကဲ့သို့ သဘောထားကာ စစ်မြေပြင်တိုက်ပွဲဆင်ရန် အနေအထားကဲ့သို့ လုပ်ဆောင်နေသော နအဖ၏ လုပ်ဆောင်မှုများမှာ ပြည်သူပြည်သားများအား တရားပြည့်ဝစွာဖြင့် အုပ်ချူပ်နေသည့်သူများ မဟုတ်ကြောင်း သက်သေပြသလျက်ရှိပါတယ်။

ပြည်သူလူထုအနေဖြင့်လည်း တိုင်းသူပြည်သားများအား အန္တရာယ်ကျရောက်စေနိုင်မည့် ပြည်သူ့ ရန်သူဖြစ်သည့် နအဖ၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်လေ့လာစုံစမ်းပြီး၊ အများပြည်သူတို့  ကြိုတင်သိရှိစေရန်အတွက် သတင်းပေးပို့  အသိပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

ရန်သူနအဖ၏ လုပ်ရပ်များအား ကြောက်ရွံ့ စရာမလိုဘဲ ၄င်းတို့ ၏ လှုပ်ရှားမှုများအား ပြည်သူလူထုအနေဖြင့် ကြိုတင်သိရှိခြင်းအားဖြင့် ပြည်သူလှုပ်ရှားမှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းစီတိုင်း မိမိတို့ တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးခြင်းဖြင့် အာဏာရှင်ပြုတ်ကျရေးအတွက် တခန်းတစ်နေရာမှ ပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

No comments: