မထသ အမှတ် (၄၅) ဘတ်စ်ကား မီးလောင်ကျွမ်းမှု။
ယနေ့ မနက် (၁၀) နာရီ (၃၇) မိနစ် အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း မီးပွိုင့်အနီးရှိ ပြည်လမ်းပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ် တစ်စီး မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ မထသ (၄၅) ယာဉ်လိုင်း ဘတ်စ်ကားဖြစ်ပါတယ်။ စီအန်ဂျီတိုင်ကီ ပေါက်သည်ဟု သိရှိရပါတယ်။
မျက်မြင်သက်သေ တစ်ဦး၏ အပြောအရ ယင်းမော်တော်ယာဉ်မှာ ဆူးလေဘုရားမှ စော်ဘွားကြီးကုန်းသို့ ပုံမှန် ပြေးဆွဲသည့် (၄၅) ယာဉ်ကြီးလိုင်းမှ မော်တော်ယာဉ် တစ်စီးဖြစ်ပြီး ဆူးလေဘက်မှ စော်ဘွားကြီးကုန်းသို့ အသွား လမ်းခ ရီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲရာ နေရာမှာ လှည်းတန်း လမ်းဆုံအနီး ပြည်လမ်းမပေါ်ရှိ Espace Avenir ဟော်တယ် မျက်နှာ ချင်းဆိုင် လမ်းမပေါ်တွင် ဖြစ်ကာ ဓါတ်ငွေ့အိုးမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသက်သေမှ ပြောပါတယ်။
လူနှစ်ယောက် သေဆုံးတယ်လို့ ပြောသော်လည်း စုံစမ်းဆဲဖြစ်ပါတယ်။ ကားပေါ်ပါသူနည်းတယ်လို့ ပြောသော်လည်း မီးလောင်ဒဏ်ရာ အတော်များများ ရရှိကြတယ်လို့ သိရှိရပါတယ်။ ။ လူကလဲ ကားပေါ်ပါလာတာ နည်းတယ်တဲ့။ ဘတ်စ်ကားမီးလောင်လို့ ကုန်ခါနီးမှဘဲ မီးသတ်ကားတစ်စီးသာ နောက်ကျစွာ ရောက်ရှိလာပါတယ်။
နောက်ဆက်တွဲသတင်းအရ ဘတ်စကားမှာ စီအန်ဂျီ ဓတ်အိုးငွေ့ မှာ ပေါက်ကွဲမှုဖြစ်ရန် မလွယ်ကူကြောင်းနှင့် ကားဗုံးဖြစ်နိုင်ကြောင်းကိုလည်း ပြောဆိုနေကြပါတယ်။ ယခုဘတ်စကား မီးလောင်မှုမဖြစ်ခင် တက္ကသိုလ်ကျောင်းမှ ထွက်လာသော ဘတ်စကားများအား လိုက်လံစစ်ဆေးရှာဖွေနေတာတွေ့ ရကြောင်း တွေ့ ရှိသူများမှ ပြောပြပါတယ်။ ကားပေါ်မှ အမှုက်ပုံးပါမကျန် လိုက်ပြီးလှန်ကာ စစ်ဆေးကြောင်း ပြောပြပါတယ်။
(https://myanmardating.ning.com/photo/photo/listForContributor?screenName=1ys7900u8ksql)
No comments:
Post a Comment