Tuesday, September 23, 2008

မြန်မာပြည်တောင်ပိုင်း ပုသိမ်မြို့ ရဲ့ အရှေ့ တောင်နဲ့  မော်လမြိုင်ရဲ့  အနောက်တောင်ပိုင်းနေရာမှာ ငလျင်လှုပ်။






















မနေ့ ည (၈) နာရီခန့် က ပြင်းအား (၅.၄) ရှိတဲ့  ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ ယခုတစ်လော ငလျင်များ ကွက်ကြားကွက်ကြား မကြာခဏ လှုပ်နေတဲ့အတွက် ပြည်သူပြည်သားများအား ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာကွယ်ရေးများ ကြိုတင်လေ့လာလုပ်ဆောင်ထားကြဖို့  အထူးတိုက်တွန်းလိုပါတယ်။

နအဖကတော့ ထုံးစံအတိုင်း နာဂစ်မုန်တိုင်းတုန်းကလိုမျိုး ကြိုတင်သိရှိလျက်သားနဲ့  သတင်းပြည့်စုံတိကျစွာ ထုတ်ပြန်သတိပေးခဲ့ခြင်း မရှိခဲ့ပါ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဘေးဒဏ်ခံရပြီးမှ လုပ်ဆောင်ပြခဲ့တာ၊ ၄င်းတို့  မိသားစုဆွေမျိုးများကို ဘေးလွတ်ရာသို့  ကြိုတင်ပို့ ဆောင်ပြီး ပြည်သူများကို လစ်လျူရှူခဲ့တာတွေကို သင်ခန်းစာယူပြီး ပြည်သူတွေအနေနဲ့  မိမိတို့ ဘာသာ မိမိတို့ အသက်အိုးအိမ် မပျက်စီးရေးအတွက် သဘာဝဘေးအန္တာရာယ်များရန်မှ ကင်းလွတ်အောင် ကြိုတင်ပြင်ဆင်ကြဖို့ လိုပါတယ်။

သဘာဝဘေးအန္တရာယ်အပေါင်းမှ မြန်မာပြည်သူပြည်သားများ ကင်းလွတ်ကြပါစေ။

No comments: