Monday, September 22, 2008

သံဃာတော်တွေကို လိမ္မော်သီးတွေတဲ့။











လွန်ခဲ့သောရက်ပိုင်းက သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့လို့  ဈာပနအခမ်းအနားကျင်းပရာမှာ သံဃာတော်များက တာဝန်ယူဆောင်ရွက်ကြပါတယ်။

လုံခြုံရေးအတွက်ဆိုပြီး တာဝန်ယူရတဲ့ အရပ်ဝတ်နဲ့ ပုဂ္ဂိုလ်များလည်း ထုံးစံအတိုင်း လာရောက် စောင့်ကြည့်ကြပါတယ်။

လုံခြုံရေးကိုတာဝန်ယူနေတဲ့ အဆိုပါ နအဖဘက်တော်သားများက သူတို့ ရဲ့ အထက်က ပုဂ္ဂိုလ်ကြီးများကို စကားပြောစက်နဲ့  အစီရင်ခံ သတင်းပို့ ပြောနေတာကတော့ “အေးတယ်၊ လိမ္မော်သီး ၂၀၀၊ အာလူး ၁၀၀ ရှိတယ်” တဲ့။

စကားဝှက်လိုလို ဘာလိုလိုနဲ့ ပြောဆိုပေမယ့် ဒီစကားလုံးတွေဟာ ဒီလိုရည်ညွန်းပြီး ပြောနေကြတာ ဖြစ်တယ်လို့  သံဃာတော်များက ပြောပါတယ်။ “အေးတယ် (အခြေအနေကောင်းတယ်၊ ဆူဆူပူပူမဖြစ်နိုင်ဖူး)၊ လိမ္မော်သီး ၂၀၀ (ဘုန်းကြီးအပါး ၂၀၀) နဲ့  အာလူး ၁၀၀ (လူ ၁၀၀) ရှိတယ်လို့ ” ပြောတာဖြစ်တယ်လို့  ပြောပါတယ်။

ဘယ်နှယ့်ဗျာ - မိစ္ဆာဒိဌိတွေရဲ့  နောက်လိုက်ဘက်တော်သားတွေလို့  မပြောရဘူး။ သံဃာတော်တွေကိုများ ရုံတော်မူထားတဲ့ သင်္ကန်းအရောင်ကို လိမ္မော်သီးအရောင်နဲ့ နှိုင်းပြီးတော့ရော သံဃာတော်တွေကို လိမ္မော်သီးတွေလို့ ပါ ပြောတာ ဘယ်လောက်ရိုင်းစိုင်းသလည်းဆိုတာ။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်မှုတုန်းကလည်း ဒီလို သုံးနှုံးပြောဆိုတာမျိုးတွေကို နအဖဘက်တော်သားတွေ သုံးခဲ့တယ်လို့  သိရပါတယ်။

သံဃာတော်တွေကို လိမ္မော်သီးတွေလို့  ဒီလို ရိုင်းစိုင်းစွာနဲ့  နှိုင်းပြောနေကြတဲ့ အာဏာရူးတွေနဲ့  လက်ပါးစေပါးကွက်သားတွေကို ဒီအတိုင်းဘဲ လက်ပိုက်ကြည့်နေကြရင်တော့ အမိမြန်မာနိုင်ငံတော်ကြီးဟာ အရင်က အရည်းကြီးများ ရိုင်းစိုင်းတဲ့ခောတ်ကို ပြန်ရောက်သွားစပြုနေပြီဆိုတာ သတိထားကြစေချင်ပါတယ်။

No comments: