Wednesday, September 3, 2008

မျိုးဆက်သစ်လူငယ်အစည်းအရုံး (Generation Wave) မှ အဖွဲ့ ဝင်တစ်ဦးအား နအဖမှ ဖမ်းဆီးခြင်းနှင့် ပတ်သက်သော ကြေညာချက်။



Read this document on Scribd: Special Announcement By GW


“ရာစုသစ်ရဲ့ သူရဲကောင်းတွေ”


သွေးကြောင်ပြီး ဘေးမရှောင်ဘူး
ခွေးဟောင်လို့လည်း ထွက်ပြေးမယ်မထင်နဲ့
ဆက်ရေးတယ် … ငါတို့သမိုင်းကို … ဆက်ရေးမယ်
အကွေးမခံဘူး အဆွေးမခံဘူး…
အာဏာရှင်ရဲ့ နားရွက် တံတွေးတက်ဆွတ်ဖို့မတွန့်ခဲ့ဘူး
ဒီလိုငါတို့ရူးသွပ်ပစ်ခဲ့
ငါတို့နေတဲ့ ငါတို့မြေအတွက်
ရူးသွပ်ခဲ့ ရူးသွပ်ပစ်ခဲ့…
လူ့ဘ၀စဉ်စစ်တွေအတွက်
အသက်ရှင်ခြင်းစစ်စစ်ကို ရူးသွပ်ခဲ့
ရူးသွပ်ခဲ့ ငါတို့ရူးသွပ်ခဲ့…
ငါတို့လွတ်မြောက်ဖို့အတွက်
ရူးရူးမူးမူးကို ရူးသွပ်ခဲ့ကြ
ငါတို့ဘ၀ကို ငါတို့ချစ်ခဲ့ကြပေတယ်
ငါတို့မြေအတွက် ငါတို့ ကြေမွပစေပေါ့
တို့ဘ၀တွေကို ဒီလိုရင်းပစ်လိုက်တယ်
လာကြစမ်း…..လာထားကြစမ်း…..
အကြောက်တရားကို ချောက်ကမ်းပါးထဲ ကန် ချ
ငါတို့သွေးကနီပါတယ်ကွ…
ကျည်ဆန်တွေလား ဟားဟား…ကျည်ဆန်တွေတဲ့လားကွာ
ရီသံနဲ့တင် အနိုင်ပိုင်းပြဖို့
ဒီမှာ ဒုန်းစိုင်းလို့ချီ လာကြပြီလေ…
မျိုးဆက်လှိုင်းတွေ…မျိုးဆက်လှိုင်းတံပိုးတွေ
အိပ်မက်ရိုင်းကို ရင်နဲ့ထမ်းပိုး
မိစ္ဆာတံတိုင်းကို ဖျက်ချိုးပစ်တော့မယ်…….

"စက်တင်ဘာလ၃ရက်၊ ၂၀၀၈ မှာ အဖမ်းခံလိုက်ရတဲ့ ကျွန်တော်တို့ ရဲ့ အကိုကြီး ကိုကျော်ဦးအတွက် အမှတ်တရ"


မိုဃ်းသွေး
Generation Wave