Thursday, October 2, 2008

ဒလအထက (၁) ကျောင်းဝန်းထဲ စည်းမဲ့ကမ်းမဲ့ ၀င်ရောက်လိုတဲ့ စည်းပျက်ကမ်းပျက်များ။

(၂၇ . ၉ . ၂၀၀၈) ရက် နေ့  စနေ နေ့  ည ( ၁၀ ) နာရီ ခန့်  တွင် ရန်ကုန်တဖက်ကမ်း ဒလ ရဲ စခန်းမှ ဒုရဲအုပ် တယောက် အပါအ၀င် ရဲသားစုစုပေါင်း (၆) ဦး နှင့်  ရဲသတင်းပေး (၂) ဦး တို့ သည် ဒလမြို့  အထက ( ၁ ) ကျောင်းဝန်းအတွင်းသို့  သတင်းအရ ရှာဖွေရန် ရှိသည်ဟူသော အကြောင်းပြချက်ဖြင့်  အတင်း ၀င်ရောက်ရန် ကြိုးစား မှု့ တခု ဖြစ်ပွားခဲ့ သည်။

ထို သို့  ၀င်ရောက်ရန်ကြိုးစားရာတွင် အထက ( ၁ ) ကျောင်းအုပ်ဆရာကြီးမှ ကျောင်း ၀န်းတံခါးဝအား အ၀င်မခံဘဲ ပိတ်ပစ်ခဲ့ပြီး တားဆီးရာတွင် ရဲများမှ ပြန်လည်ခြိမ်းချောက် ပြောဆိုခဲ့သည်။

ကျောင်းဝန်းအတွင်းသို့  ၀င်ရောက်ရန် ကြိုးပမ်းချိန်သည် ညအချိန်ဖြစ်နေခြင်း ၊ လုံခြုံရေးအရ စောင့် ကျပ်နေသော ဆရာများ ရှိနေခြင်း ၊ သတင်းအရရှာဖွေရန်ဟုဆိုသော်လည်း တခြားအကြံအစည်တို့ ကို မသိရှိနိုင်ခြင်းတို့ ကြောင့်  ကျောင်းအုပ်ဆရာကြီးမှ ကျောင်းဝန်းတံ ခါးအား ဖွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ ကဲ့ သို့  ကျောင်းဝန်းအတွင်း အတင်းဝင်ရောက်ရန် ကြိုးစားကြသော ရဲများ ၊ သတင်းပေး များထံမှ အရက်နံ့  တထောင်းထောင်း ထွက်နေသောကြောင့် လည်း မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်လာစေရန် ဆရာကြီးမှ ကျောင်းတံခါးကို ဖွင့် မပေးခဲ့ခြင်းလည်း ဖြစ်သည်။

ယခု အချိန်ကာလအတွင်းတွင် နအဖမှ ဖောက်ခွဲမှုများအား တဖက်သပ် စွပ်စွဲနေသော်လည်း ထိုတာဝန်ရှိသည်ဟုဆိုသော လုံထိမ်းရဲ များ ၊ စစ်တပ်ယူနီဖောင်းဝတ်များအားလည်း အရမ်းယုံကြည်၍ မရနိုင်ပါ။ ပေါက်ကွဲမှုများ ဖောဖောသီသီ ဖြစ်ပွားနေချိန်တွင် လက်ရှိအနေအထားအရ ဖောက်ခွဲရေးပစ္စည်များနှင့်  အနီးကပ်ဆုံးရှိနေသော ရဲများ၊ လုံထိန်းများအားလည်း မိမိတို့  နေရာဒေသများအတွင်းသို့  အရမ်းဝင်ခွင့် မပေးရန် ထည့်  တွက် စဉ်းစားသင့် သည်ဟု ထင်မြင်မိပါသည်။ မိမိတို့  နေရာဒေသ လုံခြုံရေးအား မိမိတို့ ဖာသာ ပိုမိုကာကွယ်စောင့်ရှောက်ကြရန်ကိုလည်း သတိပေး အကြံပြုအပ်ပါသည်။

(ပြည်သူ့ အတွက် ပြည်သူတစ်ဦး)။

No comments: