Wednesday, October 15, 2008

ရန်ကုန်မြို့တွင် လိုင်စင်မဲ့ကားများအား ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အခကြေးငွေယူ စီးခွင့်ပေးခြင်းဖြင့် စိတ်တိုင်းကျလုပ်နေကြသူများ။

ရန်ကုန်မြို့တွင် လိုင်စင်မဲ့ကားများအား ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အခကြေးငွေယူ စီးခွင့်ပေးခြင်းဖြင့် စိတ်တိုင်းကျလုပ်နေကြသူများ။

နယ်မြို့များတွင် လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးနေချိန်တွင် ရန်ကုန်တိုင်း မှ လည်း လိုင်စင်မဲ့ကားများအား တစီးလျှင် ကားအမျိုးအစား ပေါ်လိုက်ပြီး တနှစ်စာအတွက် လိုင်းကြေး ဆယ့်ငါးသိန်းမှ သိန်းသုံးဆယ်အထိ ရယူပြီး လိုင်စင်ရှိ ကားများလို စီးခွင့်ပြုထားကြောင်း သိရသည်။

ထို လိုင်စင်မဲ့ ကားများအား လိုင်းကြေးယူပြီး လုပ်ဆောင်ပေးနေသူများမှာ ယာဉ်ထိန်း နယ်မြေ (၄) မှ ရဲအုပ်-ကျော်စိုးဦး အပါအ၀င် ယာဉ်ထိန်း နယ်မြေ အသီးသီးမှ လမ်းကြောင်း တာဝန်ခံများ ဖြစ်ကြသည်။

လိုင်စင်မဲ့ကားစီးသူများသည် မိမိကားအား စတေကာအနက်များတပ်ဆင်ခြင်း၊ ယာဉ်နံပါတ်ပြားအား ဖိုင်ဘာအနက်ရောင်ပေါ်တွင် ငွေရောင်(သို့)အဖြူရောင် ဖြင့်ရေးခြင်း၊ ကားရှေ့မှန်ပေါ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ၀င်ထွက်ခွင့် ကဒ်ပြားများ တပ်ဆင်ပြုလုပ်ပြီး စီးရကြောင်း။

လိုင်စင်မဲ့ကားအများဆုံးစီးသူများမှာ ဗိုလ်ချုပ်-လှဌေးဝင်း ၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကျော်သူရ၀င်း၊ နေပြည်တော် တိုင်းမှူး ဗိုလ်ချုပ် -ဝေလွင်၏ ယောက်ဖ ဦးသူရအောင်အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ လူမျိုးခြားများ၊ ရုပ်ရှင်သရုပ်ဆောင်အချို့၊ ဌာနဆိုင်ရာလူကြီးများ နှင့် စစ်တပ် မှအရာရှိကြီးများ ၏ မိသားစုဝင်များ ဖြစ်ကြသည်။

အဆိုပါ လိုင်စင်မဲ့ ကားများကို မူဆယ်၊မြ၀တီနှင့်တောင်ကြီး မှ ဌာနဆိုင်ရာလူကြီး များထံမှ လိုင်စင်မဲ့ကား စီးချင်သူများက ၀ယ်ယူရသည်။ ၄င်းကားများအား (စရဖ) နှင့် စစ်သားများမှ ရန်ကုန်မြို့အရောက်သယ်ယူပေးနေကြကြောင်း။

ထို လိုင်စင်မဲ့ ကားများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြုလုပ်ပေးခြင်းကြောင့် ယာဉ်ထိန်း ဒုရဲအုပ်(လမ်းကြောင်းတာဝန်ခံ) တစ်ဦးသည် အနည်းဆုံး ရှမ်းစတားဂျစ်တစ်စီးပိုင်ဆိုင် ကြောင်း သိရသည်။

(ရေးသားသူ - ၈၈ ကျောင်းသားဟောင်း)။

No comments: