Sunday, October 5, 2008

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ကယ်ရီအလုပ် လုပ်ပေးနေကြသော စစ်တပ်မှ တပ်ကြပ်ကြီးနှင့် အထက် အရာရှိအရာခံများ။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ကယ်ရီအလုပ် လုပ်ပေးနေကြသော စစ်တပ်မှ တပ်ကြပ်ကြီးနှင့် အထက် အရာရှိအရာခံများ။


မော်တော်ဆိုင်ကယ်လိုင်စင်များအား ထုတ်ပေးနေခြင်းကြောင့် နယ်များတွင် လူအများ မော်တော်ဆိုင်ကယ်များအား အလုအယက် ၀ယ်ယူနေကြပါတယ်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၀ယ်ယူရာတွင် ဈေးအသင့်တော်ဆုံးနှင့် ကောင်းကောင်းလိုချင်လျှင် ပြည်မြို့  (သို့ ) ပဲခူးမြို့ တို့  တွင် ၀ယ်ယူလို့ ရကြောင်းနှင့် ပဲခူးမြို့ တွင် နအဖနှင့် အလွမ်းသင့်သောသူများမှ ပွဲရုံကြီးများကဲ့သို့  ဖွင့်ပြီး ရောင်းချနေကြကြောင်း သိရှိရပါတယ်၊၊

မော်တော်ဆိုင်ကယ်များအား ကြိုက်နှစ်သက်တာ ကြည့်လို့ ရကြောင်း၊ တရုတ်ဆိုင်ကယ်တစ်စီးလျှင် (၆) သိန်း (၇) သိန်း၊ ထိုင်းဘီး ဒရင်းမ်ဝေ. ၁၀၀စီစီ က ၁၈သိန်း၊ ၁၂၅စီစီက (၂၀) သိန်း၊ ဒီတီဒိုက (၄၅) သိန်း၊ စတိတ်က (၇၅) သိန်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြကြောင်း သိရှိရပါတယ်၊၊

အဆိုပါ ပွဲရုံကဲ့သို့ ဖွင့်ကာ မော်တော်ဆိုင်ကယ်ရောင်းချနေသူများမှ မြို့ ခံနယ်ခံစစ်တပ်အား ပေးကမ်းကျွေးမွေးထားခြင်းကြောင့် ၀ယ်သူများအတွက် မည်သည့်ပြသနာမှ မတက်စေရန် ဖန်တီးပေးထားကြောင်း သိရှိရပါတယ်။

ထို့ အပြင် ၀ယ်သူမှ နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး ၊ စရံချေ နေရပ်လိပ်စာပေးထားခဲ့ပါက၊ အဆိုပါ ပေးကျွေးခံထားရသော စစ်တပ်မှ စစ်သားများမှ ယူနီဖေါင်းနှင့်ပင် မော်တော်ဆိုင်ကယ်အား စီးပြီး အိမ်အရောက် ပို့ ဆောင်ပေးကြောင်း သိရှိရပါတယ်။

ထိုကဲ့သို့  အကွက်ရိုက်ပြီး ရောင်းသူ၊ ၀ယ်သူနှင့် ကြားထဲမှ ပေးကမ်းရယူနေကြသော စစ်တပ်မှ သူများနှင့် အဆင်ပြေစွာ မလုပ်ဘဲ၊ မိမိဖာသာ ၀ယ်ယူပြီး မိမိနေထိုင်ရာ အခြားနယ်ဒေသသို့  မောင်းပြန်သောသူများအဖို့  လမ်းတွင် စစ်ဆေးရေးဂိတ်များတွင် အစစ်ဆေးခံရကာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အတွက် လာဘ်ထိုးပေးရကမ်းရသည့်အပြင်၊ အခန့် မသင့်ရင် မော်တော်ဆိုင်ကယ်ပါ အသိမ်းခံသွားရနိုင်ပါတယ်၊၊

ထိုကဲ့သို့  အကွက်ရိုက်ကာ လုပ်စားနေကြသော မော်တော်ဆိုင်ကယ်ရောင်းချသူများ၏ ဆိုင်ကယ်များအားစီးပြီး ၀ယ်ယူသူထံ အရောက်လိုက်လံပို့ ဆောင်ပေးနေကြသော စစ်တပ်မှသူများမှာ အနည်းဆုံး တပ်ကြပ်ကြီးအဆင့်နှင့်  အထက် အရာရှိအရာခံများ ဖြစ်ကြကြောင်း သိရှိရပါတယ်၊၊

ထိုကဲ့သို့  ဆိုင်ကယ် ကယ်ရီအလုပ် လုပ်ပေးသည့်အလုပ်နှင့်သာ စစ်တပ်ထဲတွင် လုပ်ကိုင်စားသောက်နေကြရကြောင်း ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေသူတစ်ဦးမှ ပြောပြပါတယ်။ ၄င်းမှ ဆက်လက်ပြောပြရာတွင် တစ်ခါတစ်လေတော့ သူတို့ ကိုယ်တိုင်ပင်လျှင် လမ်းမှ အချို့ စစ်ဆေးရေးဂိတ်များတွင် လိုင်းကြေးပေးရကြောင်း၊ သို့ သော် စစ်တပ်က ဖြစ်သောကြောင့် သာမန်အရပ်သားလောက်တော့ မပေးရဘူးလို့  ပြောပြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲတွင် အလှူ၊ သာရေးနာရေးတို့ ဆိုရင်တော့ အဆိုပါ မော်တော်ဆိုင်ကယ်ကယ်ရီလုပ်စားနေကြသော စစ်သားများမှာ အခြားသူများထက် အလှူငွေ ပို့ ထည့်ဖို့  တောင်းခံခံရကြောင်း ၄င်းက ဆက်လက် ပြောပြပါတယ်၊၊

(ရေးသားဖေါ်ပြသူ - တစ်တပ်တစ်အား - အထူးကျေးဇူးတင်ရှိပါတယ်)။

No comments: