Sunday, October 5, 2008

နအဖခေါင်းဆောင် သန်းရွှေ ကျန်းမာရေး အတော်ဆိုးရွားနေတာ ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်တဲ့ စက်တင်ဘာလမှာ စတာလို့  ပြောဆိုနေကြပါတယ်။

နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၈) နှစ်ဟာ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတဲ့အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ ၎င်းရဲ့  နေအိမ်မှာ ဆေးကုသမှု ခံယူနေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစုဆရာဝန်ဖြစ်သူ ဆေးဝန်ထမ်း ညန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် သန်းအောင်ရဲ့  တပည့် ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဗိုလ်ထံမှ သိရှိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စက်တင်ဘာလ နောက်ဆုံးအပတ်ကတည်းက ရန်ကုန်အိမ်မှာ ဆေးဝန်ထမ်း ညန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် သန်းအောင် အပါအဝင် အထူးကုဆရာဝန်ကြီးများနဲ့  ဆေးကုသခံနေရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

(ဖေါ်ပြသူ ၈၈ ကျောင်းသားဟောင်းတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: