Saturday, December 6, 2008

အဝေးသင် ကျောင်းသူကျောင်းသားများအတွက် အသိပေးချက်။

ယခုနှစ်ဖြေဆိုထားသော အဝေးသင်စာမေးပွဲများတွင် ဖြေဆိုထားသော အဖြေလွှာများကို စစ်ဆေးနေပြီဖြစ်ရာ ယခင်နှစ်များနှင့်မတူဘဲ သေချာစွာစစ်ဆေးနေပြီး ယခင်နှစ်များထက် အောင်မြင်သူအရေအတွက် နည်းမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စစ်ဆေးပြီးသော အဖြေလွှာများကိုပင် ပြန်လည်ပြီး စစ်ဆေးခိုင်းထားကြောင်း သိရှိရပါသည်။ ယခုနှစ် အဝေးသင်စာမေးပွဲများတွင် (major နှင့် minor အပါအ၀င်) တစ်ဘာသာ ရမှတ် အောင်မှတ် (၅၀) နှင့်အထက် အမှန်တကယ်ရရှိနိုင်မှသာ အောင်မြင်နိုင်မည်ဟု သိရသည်။

ထို့ကြောင့် အဝေးသင်ကျောင်းသား/သူများအနေဖြင့် စာမေးပွဲများနှင့် ပတ်သက်ပြီး ပေါ့လျော့မှုများ မရှိစေရန် သတိပေးအပ်ပါသည်။

No comments: