Friday, December 5, 2008

Online journalist များ ထောင်အများဆုံးချခံနေရ။

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) ၏ အဆိုအရ ကမ္ဘာတစ်လွှားတွင် အွန်လိုင်း ဂျာနယ်လစ်များမှာ အခြား medium ကို အသုံးပြုသော ဂျာနယ်လစ်များထက် ထောင်အချခံနေရကြောင်း သိရသည်။

နယူးယော့ခ်အခြေစိုက် မီဒီယာလေ့လာစောင့်ကြည့်ရေး အဖွဲ့၏ အဆိုအရ ဒီဇင်ဘာ (၁) ရက်နေ့အထိ ၂၀၀၈ အတွက် ထောင်ချခံရသော အွန်လိုင်းဂျာနယ်လစ် စုစုပေါင်း (၁၂၅) ယောက်ရှိနေပြီ ဖြစ်ပြီး ယမန်နှစ်ကလည်း ၁၂၃ ယောက်ရှိကြောင်း သိရသည်။ ပုံနှိပ်ထုတ်ဝေသော ဂျာနယ်လစ်များ၊ အယ်ဒီတာများ၊ သတင်းထောက်များနှင့် ဓါတ်ပုံဆရာများက ဒုတိယလိုက်နေသည်။

လွန်ခဲ့သော (၁၀) နှစ်တာကာလအတွင်း ကမ္ဘာပေါ်၌ ဂျာနယ်လစ်များကို ထောင်ချရာတွင် တရုတ်နိုင်ငံက အဆိုးဆုံးဖြစ်ပြီး ကျူးဘားနိုင်ငံက ဒုတိယလိုက်နေသည်။ မြန်မာပြည်က တတိယနေရာတွင်ရှိပြီး Eritrea နှင့် Uzbekistan တို့က စတုတ္ထနှင့် ပဉ္စမနေရာ အသီးသီးတွင် ရှိကြသည်။

တရုတ်နိုင်ငံတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၈) ယောက်ရှိသည့်အနက် (၂၄) ယောက်မှာ အွန်လိုင်း သမားများဖြစ်ကြပြီး Hua Jia ဆိုသူမှာ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင် ၃နှစ်ခွဲ ကျခံနေရသော ဘလော့ဂါတစ်ယောက် ဖြစ်သည်။

ကျူးဘားတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၁) ယောက်ရှိလျက် မြန်မာနိုင်ငံတွင် (၁၄) ယောက်ရှိပြီး ငါးဦးမှာ နာဂစ်မုန်တိုင်း သတင်းများ ဖြန့်ဝေမှုကြောင့် ထောင်ချခံရခြင်း ဖြစ်သည်။

Eritrea တွင် ဂျာနယ်လစ် ၁၃ ယောက်ထောင်ကျနေပြီး ယင်းသို့ ထောင်ကျခံနေရသော ဂျာနယ်လစ်တို့၏ ကျန်းမာရေးအခြေအနေ၊ မည်သည့်နေရာတွင် ရှိသည် အစရှိသည်တို့အားလည်း အာဏာပိုင်တို့က ထုတ်ဖေါ်ပြောကြားခြင်း မရှိကြောင်း သိရသည်။

“journalism ရဲ့အနာဂါတ်ဟာ online မှာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအခါမှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရပါတယ်ဟု CPJ ၏ အမှုဆောင်ဒါရိုက်တာ Joel Simon မှ ပြောကြားခဲ့သည်။

No comments: