Wednesday, December 17, 2008

သာကီနွယ်တော့ အရေးယူခံရတော့မယ်။

ကြည့်ရတာ သာကီနွယ်အမည်ခံကဘဲ လူပြောင်းသွားသလား။ ဒါမှ မဟုတ် သာကီနွယ်ရဲ့ ဘလော့ကိုဘဲ အချင်းချင်း မှားယွင်းပြီး ဟက်ခံရလို့  ၀င်ရေးခံရတာလား။ ဒါမှ မဟုတ် သာကီနွယ်ရဲ့  အထက်ပုဂ္ဂိုလ်ကြီး တစ်ဦးဦးကဘဲ ဘုမသိ ဘမသိနဲ့  ရေးလိုက်တာများလား။

နအဖ အလိုကျရေးသားနေတဲ့ နအဖဘက်တော်သား သာကီနွယ်ရဲ့  အင်တာနက်စာမျက်နှာပါ ဒီဇင်ဘာလ (၁၂) ရက်နေ့ စွဲနဲ့  ရေးတင်ထားတဲ့ “ပြည်သစ်ညွန့် ဝေ” ဆိုတဲ့ သတင်းပို့ စ်မှာ အလွန်ရီစရာ ကောင်းသော ဖေါ်ပြချက်များကို တွေ့ ရပါတယ်။

(ဓါတ်ပုံအား အကျယ်ချဲ့ ကြည့်ပါက ထင်ထင်ရှားရှား တွေ့ မြင်ရပါမည်)။
























NCGUB မှ မောင်မောင် တဲ့၊ NLD LA မှ ထွန်းအောင်ကျော်တဲ့။ တက်တက်စင်အောင်ကို လွဲပါလေရောလား သာကီနွယ်ရယ်။ သေချာအောင် ပြန်ပြီး စုံစမ်းလိုက်ပါဦး။

နောက်ပြီး ဓါတ်ပုံမှာလည်း ပြည်သစ်ညွန့် ဝေဆိုပြီး တင်ထားတဲ့သူက ဘယ်သူလည်း ဆိုတာ မျက်စိလေး သေသေချာချာပွတ်ပြီး ကြည့်ပါဦး။ မသိရင်လည်း ပြန်ပြီး စုံစမ်းလိုက်ပါဦး။

လူတွေကိုတောင် သေသေချာချာ မသိ၊ အဖွဲ့ အစည်းတွေတောင် သေသေချာချာ မသိဘဲနဲ့  မဟုတ်တရုတ် အပုတ်ချချင်ဇောနဲ့  သတင်းမှားဖန်တီးပြီး ပြောရတယ်လို့ ။

အင်း - သာကီးနွယ်တော့ ပေါ့ဆမှု ဒါမှမဟုတ် ညံ့ဖျင်းမှုနဲ့  အထက်က ပုဂ္ဂိုလ်ကြီးတွေရဲ့  အရေးယူမှုတော့ ခံရတော့မှာ မြင်ယောင်သေး။

ဖြစ်မှ ဖြစ်ရလေ သာကီနွယ်ရယ်။

No comments: