ကြေကွဲစရာ မြန်မာပြည်သူများ ဘ၀။
ဒီဇင်ဘာလ (၁၅) ရက်နေ့  က မြန်မာအလုပ်သမားတွေကို တင်ဆောင်လာခဲ့တဲ့ ကားမှောက်လို့  မြန်မာအမျိုးသမီး (ရ) ဦး သေဆုံးခဲ့ကြရတဲ့ သတင်းကို ကြားသိပြီ ဖြစ်ကြပါလိမ့်မယ်။
ဒီသေဆုံးသူတွေဟာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်အကိုင်ရှာဖွေဖို့  ဆိုပြီ ထွက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။
အရင်တစ်ခါကလည်း ဒီလိုဘဲ အလုပ်အကိုင်ရှာဖွေဖို့ ထွက်လာကြတဲ့သူတွေထဲက အလုံပိတ်အအေးခန်းကားထဲမှာ အသက်ရှူမွန်ူကြပ်ပြီး (၅၄) ဦး သေဆုံးခဲ့ကြရတယ်။
တိုင်းပြည်ကို အရည်အချင်းမရှိဘဲ အုပ်ချူပ်နေတဲ့ နအဖတွေကြောင့် တိုင်းပြည်ရဲ့  စီးပွားရေးတွေ ကျဆင်းပြီး၊ တိုင်းပြည်ရဲ့  မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး ဗိုလ်ချူပ်ကြီးတွေနဲ့  မိသားစုတွေ ဘက်တော်သားတွေ သုံးဖြုန်းနေတာကြောင့် တိုင်းပြည်ပိုင်ဆိုင်မှုတွေ ဘာမှ မရှိတော့လို့  အထွေထွေဒုက္ခတွေ ကြုံနေရတဲ့ အခြေအနေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပြီး အခုလို အဖြစ်ဆိုးတွေ မကြာခဏ ဖြစ်ရတယ်။
အဓိက အရင်းဇစ်မြစ်တရားခံ နအဖသာ မျက်နှာဖုံးပြောင်းပြီး ဆက်လက် အုပ်ချူပ်နေဦးမယ်ဆိုရင် ပြည်သူတွေဘ၀ဟာ ရင်လေးစရာပါဘဲ။
No comments:
Post a Comment