Tuesday, December 2, 2008

လ နားမှာ ကြယ်နှစ်လုံး၊ သန်းရွှေ အကြောက်ဆုံး။













မနေ့ က လ (Moon) ထွက်လာတော့ လ အနားမှာ ကြယ်နှစ်လုံးကို တွေ့ ရပါတယ်။ သောကြာကြယ် (Venus) နဲ Jupiter ကြယ်တို့  ဖြစ်ပါတယ်။ လ နားမှာ ဒီကြယ်နှစ်လုံး နီးနီးကပ်ကပ်နဲ့ မြင်ရတာဟာ နှစ်အတော်ကြာမှ တစ်ကြိမ်မြင်ရတာ ဖြစ်ပါတယ်။

အဲ့ဒီ လ နဲ့ ကပ်နေတယ်ဆိုတဲ့ ကြယ်မှာ သောကြာကြယ် (Venus) ပါတာဟာ တိုင်းပြည် မငြိမ်မသက်နဲ့ စစ်မက်ရေးရာ ထူပြောတတ်တယ်လို့  ပြောဆိုနေကြပါတယ်။ အရင် ၁၉၈၈ ခုနှစ်တုန်းက (၈၈) အရေးအခင်း မဖြစ်ခင်ကလည်း အဲ့လိုပဲ သောကြာကြယ်ဟာ လ နဲ့ ကပ်နေခဲ့ဖူးကြောင်း အရေးအခင်းမတိုင်ခင် လေးငါးလလောက်က ထုတ်တဲ့ နက္ခတ္တရောင်ခြည်တို့၊ ဝေဒတို့မှာပါဖူးတယ်လို့  သိရှိသူတွေက ပြောကြပါတယ်။ သောကြာကြယ်က အခြားသော ကြယ်တွေထက်ပိုကြီးပြီး ပိုလည်း လင်းပါတယ်။

စာဆိုတခုက သောကြာကြယ်ကြီး လ နှင့်နီး ပြည်ကြီးပျက်လတ္တံ့ တဲ့။ နအဖ ခေါင်းဆောင်ကြီး သန်းရွှေရေ ပြည်သူတွေက တော်လှန်မယ့် အာဏာရှင်ဆန့် ကျင်ရေး တိုင်းပြည် မငြိမ်မသက်မှုကြီးဖြစ်မှာကို မသေခင်လေး စောင့်ကြည့်သွားပါဦး။

No comments: