မော်လမြိုင်အောက်ဈေး မီး၊ ရှိတာက မီးသတ်ကား (၃) စီး။
မော်လမြိုင်အောက်ဈေး မီး၊ ရှိတာက မီးသတ်ကား (၃) စီး။
မနေ့ ညနေက လောင်ခဲ့တဲ့ မော်လမြိုင် အောက်ဈေးမီးလောင်တော့ မီးသတ်ကား (၃) စီးပဲ လာပါသတဲ့။ တကယ်တော့ မီးသတ်စခန်း ဌာနချုပ်ဟာ ဈေးကြီးရဲ့ အပေါ်ဖက် ထောင်ကြီး အရှေ့နားမှာပဲရှိတာ။ (၅) မိနစ်ထဲရောက်နိုင်တဲ့နေရာပါ။
အောက်ဈေးတခုလုံးကတော့ မီလောင်လို့ ကုန်သွားပါပြီ။ တစ်ချို့ဆိုင်တွေကလည်း ပစ္စည်းတွေယူလို့ မှီသလို တချို့ဆိုင်တွေလဲ မီးထဲပါသွားတယ်လို့ ပြောပါတယ်။ ညနေ (၅) နာခွဲလောက်ကနေ လောင်တာ ည (၈) နာရီခွဲလောက်မှာမှ မီးငြိမ်းပါတယ်။
အဲ့ဒီလာတဲ့ မီးသတ်ကားက (၃) စင်းနဲ့  မနိုင်လို့ မြို့ထဲက ရေကားတွေပါ လာပြီး ကူပေးရပါတယ်။ ကုန်ပစ္စည်းဒီုင်တွေများတော့ ဆုံးရှုံးမှု့ တော်တော်များတယ်လို့ သိရပါတယ်။ ဒါတောင် မြစ်ဘေးမှာ ကပ်ပြီး လောင်နေခဲ့တာပါ။ ဒီလောက် မီးအကြီးအကျယ်လောင်တာ မီးသတ်ကား (၃) စီးလောက်နဲ့ ဘဲ မီးသတ်ရတယ်လို့ ။
သံဃာတော်များက ကူညီပြီး မီးသတ်ပေးပါတယ်။ မန္တလေးမီးတုန်းကလည်း ဒီလိုဘဲ သံဃာတော်တွေ ရှေ့ ကနေ ကူညီပေးခဲ့တာပါ။ နောက်မှ နာမည်ဝင်ယူကြတာကတော့ ထုံးစံအတိုင်း ကြံ့ ဖွတ်များ စွမ်းအားရှင်များပေါ့။
ဒီ မော်လမြိုင် အောက်ဈေးမီးက လေကမြောက်ဖက်ကတိုက်တော့ ဖက်တန်းဖက်ကို လောင်တာပါ။ သထုံတံတားလမ်းနေ မြိတ်တံတားလမ်း တောင်ပေါ်တန်း အဆင်းအထိ အောက်ဈေးတခုလုံး ကုန်သွားပါတယ်။ ဖက်တန်းဖက်မီးမကူးတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။
ယခင်က စည်ကားခဲ့တဲ့ မော်လမြိုင်အောက်ဈေးကြီးကတော့ မီးဘေးသင့်သွားပါပြီ။
ပြည်သူတွေကလည်း မင်းဘေးကြောင့် ဒုက္ခရောက်ကြရ၊ အိုးအိမ်တွေ ဈေးတွေကလည်း မီးဘေး လေဘေးကြောင့် ဒုက္ခရောက်ကြရ။
တကယ်ဆိုရင် မြန်မာပြည်မှာ မီးသတ်ကား ကောင်းကောင်းတွေ လုံလုံလောက်လောက် ရှိမယ်၊ မီးသတ်သမားတွေကလည်း ပြည်သူအတွက် မှန်မှန်ကန်ကန် မီးသတ်ပေးကြမယ်၊ မီးသတ်ကားတွေမှာလည်း ရေ ပြည့်ပြည့်၀၀ပါတာ ရှိမယ်ဆိုရင် တော်ရုံတန်ရုံ မီးလောက်ကတော့ အချိန်မှီ ငြိမ်းသတ်နိုင်မှာပါ။
အကယ်လို့  အခုလို ကြီးကြီးမားမားလောင်တဲ့ မီးမျိုးဆိုရင် - နောက်ဆုံး မြေပြင်ပေါ်ကနေ မီးငြိမ်းဖို့  အဆင်မပြေရင် လေထဲကနေ ရေတွေ လောင်းချတဲ့ ရဟတ်ယာဉ်မျိုးတွေ တိုင်းပြည်အတွက် ၀ယ်ဖို့  သင့်ပါတယ်။
အခုတော့ - တိုင်းပြည်ရဲ့  ပြည်သူပိုင်ငွေတွေနဲ့  သယံဇာတတွေကိုကြတော့ သူတို့ မိသားစုတွေအတွက်သာ ဘုံးယူပြီး သုံးဖြုံးနေကြတဲ့ နအဖဗိုလ်ချူပ်တွေနဲ့  မိသားစုတွေကြောင့် မြန်မာပြည်ကြီးကတော့ နေရာအနှံ့  မီးလောင်ပြီး ပြာကျသထက် ပြာကျနေရတယ်။
No comments:
Post a Comment