မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့်ရှမ်းပြည်လူ့ အခွင့်အရေးအဖွဲ့ ၏ ပူးပေါင်းလှုပ်ရှားမှု။
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့ က ယနေ့(၇.၁.၂၀၀၉)ရက်နေ့တွင် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည် လူ့အခွင့်အရေးအဖွဲ့ တံဆိပ်ပါသော ပရိတ်ကြီး(၁၁)သုတ် တရားစာအုပ် အလျှား x အနံ ( ၃.၅ x ၂.၂ ) စာအုပ်စုစုပေါင်း ( ၉၀၀၀ ) ကို ပဲခူးမြို့ ၊ ပြည်မြို့၊ တောင်ငူမြို့၊ မန္တလေးမြို့ ၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ နောင်ချိုမြို့၊ တောင်ကြီးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့တွင် အဖွဲ့နှစ်ဖွဲ့ ပထမဦးဆုံး နှစ်သစ်လှုပ်ရှားမှုအဖြစ် နေ့လည်(၁)နာရီ အချိန်တွင် စတင်ခဲ့ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
လေးစားစွာဖြင့် -
စိုင်းမျိုးဝင်း
အတွင်းရေးမှူး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
No comments:
Post a Comment