Tuesday, January 13, 2009

ရုရှနိုင်ငံရောက် တပ်မတော်အရာရှိငယ်များသို့  တိုက်တွန်းချက်။



















ရုရှနိုင်ငံရောက် တပ်မတော်အရာရှိငယ်များသို့  တိုက်တွန်းချက်။


ကျွန်တော်တို့  တိုင်းပြည်နဲ့ လူမျိုးဟာ အာဏာရှင်ဗိုလ်ချူပ်ကြီးများရဲ့  မတရားဖိနှိပ်ချူပ်ချယ်မှုအောက်မှာ ရောက်ရှိနေကြရတာ နှစ်ပေါင်းမြောက်မြားစွာ ရှိနေပါပြီ။ အာဏာရှင်ဗိုလ်ချူပ်ကြီးများဟာ သာမန်ပြည်သူလူထုကိုသာမက တပ်မတော်အတွင်းမှာလည်း အဆင့်အတန်းခွဲခြားပြီး အောက်လက်ငယ်သားများအား နိုင်ထက်စီးနင်းနဲ့  ဆက်ဆံနေကြတယ်ဆိုတာ တပ်မတော်သားအများစု အသိပါ။

ပြည်သူတွေထဲမှာ တပ်မတော်သားတွေရဲ့  မိဘဆွေမျိုးမောင်နှမတွေပါ အပါအ၀င်ဖြစ်ဆယ်ဆိုတာ မမေ့ကြစေလိုပါ။ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေဟာ သူတို့ ရဲ့  မိသားစုကောင်းစားရေးကလွဲလို့  မည်သည့်တပ်မတော်သားများကိုမှ ငဲ့ညှာလိမ့်မှာ မဟုတ်ပါဖူး။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကောက်ကျစ်တဲ့စိတ်ဓါတ်နဲ့  တပ်မတော်အတွင်း ထိပ်ပိုင်းက ဗိုလ်ချူပ်တွေကို ဖြုတ်ထုတ်သတ်လုပ်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ဖူးဆိုတာ လေ့လာကြည့်ရင် တွေ့ ရှိရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့  ပြောဆိုနေတာထက် တပ်မတော်အတွင်းမှာ ဘာတွေဖြစ်ခဲ့ကြသလည်း၊ ဘာတွေဖြစ်နေကြသလည်းဆိုတာကို တပ်မတော်သားအရာရှိငယ်တွေကိုယ်တိုင် သေသေချာချာ လေ့လာဆန်းစစ်ကြည့်ပါ။ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  နေ့ စဉ်ခံစားနေရတဲ့ ဘ၀တွေကို အမှန်အတိုင်း သိမြင်အောင် ကြိုးစားစုံစမ်းကြည့်ပါ။

တပ်မတော်သားအရာရှိငယ်တွေအနေနဲ့  တိုင်းပြည်ကို ချစ်မြတ်နိုးလို့ ၊ တပ်မတော်ကြီးကို ချစ်မြတ်နိုးလို့ တပ်မတော်ထဲဝင်ပြီး အမှုထမ်းဆောင်တယ်ဆိုတာ လက်ခံပါတယ်။ သို့ သော်လည်း တမ်မတော်ကြီးရဲ့  ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့၊ တပ်မတော်ကို မိသားစုအကျိုးအတွက် ခုတုံးလုပ်အသုံးချတဲ့၊ တပ်မတော်သားတွေကို အမိန့် ဆိုတဲ့စကားလုံးသုံးပြီး အသက်အိုးအိမ်စည်းမပျက်စီးရလေအောင် လှည့်ဖြားပြီး ကာကွယ်ခိုင်းနေတဲ့သူတွေဟာ အာဏာရှင်ဗျုလ်ချူပ်ကြီးတွေပါ။ ရဟန်းရှင်လူပြည်သူတွေ မဟုတ်ပါဖူး။

တပ်မတော်အရာရှိငယ်များအနေနဲ့  မမှန်ကန်တဲ့ အမိန့် ၊ မတရားတဲ့အမိန့် ၊ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့အမိန့် တွေကို လေ့လာဆန်းစစ်ပြီး အမှားအမှန်ကို ခွဲခြားမြင်ပြီး တိုင်းပြည်နဲ့ လူမျိုးကို အာဏာရှင်ဗိုလ်ချူပ်ကြီးများလက်မှ အမြန်ကယ်တင်ပေးပါလို့  အထူးတိုက်တွန်းလိုပါတယ်။

No comments: