Tuesday, January 13, 2009

ဒီမိုကရေစီကို ရန်လုပ်.. သနားစဖွယ် ရုရှားမှ Komin ရဲ့  အတွင်းသရုပ်။

ဒီမိုကရေစီကို ရန်လုပ်.. သနားစဖွယ် ရုရှားမှ Komin ရဲ့  အတွင်းသရုပ်။

ပေးပို့သူ - တရုတ်မ (MAI) -(တပ်မတော်အရာရှိတစ်ဦး)။

ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  ဆောင်းပါးကို ဖတ်ပြီး မှန်နေလို့ "မှန်တာ ပြောတော့ နာတယ်" ဆိုသလိုပေါ့။ Komin တို့ "ရမ်း" တော့တာဘဲ။ အနာပေါ် ဒုတ် ကျတယ်ဆိုတာ ဒါမျိုးလေ။ တပ်ထဲက ထွက်လာတဲ့ အရာရှိတွေဟာ မင်း ပြောသလို Character နဲ့ ထွက်လာတာ ဖြစ်ကြစတမ်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒုဗိုလ်မှူးကြီး အေးမြင့်တို့ရဲ့  အကျင့်စာရိတ္တက စံပြကင်းရှင်းခဲ့တာမို့ သူတို့ကို စော်ကားသလို ဖြစ်နေပြီ။ မင်း ပြောသလိုဆိုရင် တပ်ထဲ ရှိနေတဲ့ သူတွေက အကျင့်စာရိတ္တ ကင်းရှင်းတယ်လို့ ဆိုလိုတာလား။ မင်း အဖေ ဗိုလ်သန်းရွှေရဲ့  သမီး စိန်စီသော ၀က်မ မင်္ဂလာဆောင် အခွေက စိန်တွေကို မင်း ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ မောင်ရွှေမန်း၊ မောင်အောင်သောင်း၊ မောင်ရဲမြင့်တို့ရဲ့  အဂတိလိုက်စားလို့ အပုတ်နံ့တွေ ထွက်နေတာကို မင်း ဘယ်လို "ဖုံး" ထားမလဲ။ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အထိ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ မင်း အဖေတွေကို မင်း ဘယ်လို ပြောမလဲ။

မင်းက BC နံပါတ် တောင်းရအောင် မင်းရဲ့  BC နံပါတ်ကတော့ စစ်တပ်မှာ တန်းစီလိုက်ရင် ဟိုး အဝေးကြီး မြောင်းထဲမှာဘဲ ရှိတယ်ဆိုတာ သိရဲ့ လား? ရှေ့ တန်း တိုက်ပွဲ ဘယ်နှစ်ပွဲလောက် မင်း ကြုံခဲ့ဖူးသလဲ? စစ်သား စစ်စစ်ကော ဖြစ်နေပြီလား? ဒီမေးခွန်းတွေကို မင်း ဖြေလိုက်ရင် တပ်မတော်သားတွေက မင်းကို "ဟား" တိုက် ရယ်မောကြလိမ့်မယ်။

မင်းက DSA ကျောင်းဆင်း ပြီးပြီးချင်း တပ်မတော်သားတွေ ကြုံတွေ့ခံစားခဲ့တဲ့ ဒုက္ခတွေကို မသိလိုက်ရဘဲနဲ့ ရုရှားကို ရောက်လာလို့ စစ်အာဏာရှင်တွေရဲ့  အရိုးအရင်း ကိုက်ရတဲ့ သဘောနဲ့ ကျေးဇူးရှင် သဖွယ် မျက်စိမှိတ် ကာကွယ်နေတာကိုး၊ တကယ်တမ်းတော့ အခွင့်အရေး မျှော်ကိုးပြီး မင်းက တပ်ထဲ ၀င်တယ်ဆိုတာ သူများတွေ သိကုန်ပြီကွာ။

မင်း သိထားဖို့က ၉၀ ရွေးကောက်ပွဲ ရလဒ်မှာ တပ်မတော်သား အများစုဟာ ဒီမိုကရေစီကို လိုလားကြောင်း ဆန္ဒပြု ခဲ့ကြတာ မင်း မမွေးသေးလို့လား? မွေးရင်တောင် နို့နံ့ မစင်သေးလို့လား? အခုရော နို့နံ့ စင်ရဲ့ လား? ကလေး အတွေးနဲ့ ကယောင်ကတမ်း မင်းက အဆင့်အတန်းမရှိဘဲ ထွီ..ထွမ် လုပ်နေတာ ရယ်စရာတောင် ကောင်းနေတယ်။

ဗိုလ်ထက်မင်း ရေးတဲ့ တပ်မတော်သား အစစ်အမှန်များ ဆောင်းပါး အပိုင်း(၁) နဲ့ အပိုင်း(၂) ကို မင်း ဖတ်ကြည့်ပါ။ ငါတို့ ဒီဘာလောဂ်မှာ ရေးသားနေတဲ့ တပ်မတော်သား အစစ်အမှန်တွေဟာ Character နဲ့ ထွက်လာတဲ့သူ တစ်ယောက်မှ မပါဘူးလို့ သိရတယ်။

တပ်မတော်သားတွေ ပကတိ ဖြစ်ရပ်မှန်ကို လေ့လာဖို့ လိုအပ်နေသေးတယ်။ တပ်ထဲမှာ ရှိနေတဲ့ တပ်မတော်သား အများစုဟာ အကြောက်တရားနဲ့ နေရတာမို့ မပြောဝံ့တဲ့ အခြေအနေကြောင့် မပြောသာတဲ့ အနေအထားမှာ ပြင်ပကို ရောက်လာတဲ့ တပ်မတော်သားတွေက သူတို့ကိုယ်စား ဖော်ထုတ် ပြောကြား ပေးနေတယ်ဆိုတာ မင်း သဘောပေါက် နားလည်ဖို့ လိုတယ်။ သူတို့ရဲ့  တင်ပြချက်တွေဟာ ပြည်တွင်းက တပ်မတော်သားတွေရဲ့  ရင်တွင်းဖြစ် ပေါက်ကွဲမှု အစစ်အမှန် ဖြစ်တယ်ဆိုတာ အချိန်က အဆုံးဖြတ် ပေးမယ်။

တော်ကြာ ရုရှားက မင်း ပြန်ခါနီး ဒီမိုကရေစီ ရသွားခဲ့ရင် မပြန်ရဲတော့တဲ့ သနားစရာ ဘ၀မျိုး ရောက်နေဦးမယ်။ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း အကြမ်းမဖက်ချင်လို့ မင်းတို့ အသက်ရှင်နေတာပါ။ မင်း ပြောသလို ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ တမွန်းတည့်တောင် မခံဘူး လုပ်ထည့်လိုက်မယ်ဆိုရင် မင်းတို့လည်း တမနက်တောင် မခံဘူး၊ မင်းနဲ့ မင်း အဖေတွေကို လုပ်ထည့်လိုက်လို့ ရတယ်။

မင်းပြောတဲ့ နွားအိုတွေ ဆိုတာ ဒီဘာလောဂ်မှာ ရေးနေတဲ့ သူတွေ မဟုတ်ဘူး။ အခုလက်ရှိ သန်းရွှေတို့၊ အောင်သောင်းတို့ကမှ နွားအိုတွေ အစစ်ဘဲ။ Character Case နဲ့ အရေးယူရရင် ဒီကောင်တွေ တစ်ယောက်မှ ပြေး မလွတ်ဘူး။ အစဉ်အဆက်ကို ပြန်ကြည့်လိုက်.. Character Case နဲ့ ဖြုတ်၊ ထုတ်၊ ချ ခဲ့ရတာ မင်း အဖေတွေချည်းဘဲ။ သူများ မျက်ချေး မြင်ပြီး ကိုယ့် မျက်ချေး ကိုယ် မမြင်လို့ မင်းကို ငါ သိပ် သနားတယ်။ မင်းလို IQ နိမ့်တဲ့ ကောင်တွေကြောင့် ပြည်သူနှင့် တပ်မတော်ကို အာဏာရှင်တွေက ခွဲခြားထားတာပေါ့။ ဒေါသ မကြီးဘဲ အမှန်တရားကို မြင်အောင်ကြည့်၊ ညဘက်ကျရင် မဟုတ်တာ မလုပ်နဲ့၊ မင်းရဲ့  အပြန်လမ်း ကောင်းမွန်အောင် တရားမှတ်ပါလို့ ရဲဘော်ရဲဘက် စိတ်နဲ့ သွန်သင် ရေးသား တင်ပြလိုက်ပါတယ်။

"တပ်ပြင်ထွက်သွားတဲ့ သူတွေကမှ တကယ်အမှန်ကို ပြောပြနိုင်တာ" လို့ Cbox မှာ ရေးသားသွားခဲ့တဲ့ ရုရှားမှ KK ရဲ့  စာကိုလည်း ဖတ်ရလို့ အမှန်မြင်တတ်တဲ့ KK ကို ရဲဘော်ရဲဘက်စိတ်နဲ့ ချီးကျူးဂုဏ်ပြုကြောင်း ကျွန်တော် တရုတ်မက နိဂုံးချုပ် အမှာစကား ပါးအပ်ပါတယ် ခင်ဗျား။

တရုတ်မ (MAI) -(တပ်မတော်အရာရှိတစ်ဦး)။

No comments: