Sunday, January 18, 2009

လွတ်လပ်ရေးရပြီးကာလ အနာဂတ်မြန်မာနိုင်ငံနဲ့  တိုင်းသူပြည်သားတွေ ပြည်တော်သာဖို့ ။


















၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလမှာ ကြိုးပမ်းရရှိခဲ့တဲ့ အမိမြန်မာပြည်လွတ်လပ်ရေး၏ အနာဂတ်မှာ တိုင်းသူပြည်သားတွေ စားဝတ်နေရေး မပူပင် မကြောင့်ကြရဘဲ၊ သောကများ ကင်းဝေးစွာ နေထိုင်နိုင်ပြီး ပြည်တော်သာယာဝပြောဖို့  လွတ်လပ်ရေးကြိုးပမ်းကြသူများ အမျိုးသားခေါင်းဆောင်များနဲ့  ပြည်သူပြည်သားများအားလုံးက မျှော်မှန်းခဲ့ကြပါတယ်။

ပြည်တော်သာ။

ဝတ်စား ကြောင့်ကြ၊
သောက ကင်းဝေး၊
နေထိုင်ရေး။


သက်စွန့် ကြိုးပမ်းရရှိခဲ့တဲ့ လွတ်လပ်ရေးနဲ့  မျှော်မှန်းတောင့်တခဲ့ကြတဲ့ ပြည်တော်သာယာရေးကို ဖျက်ဆီးခဲ့ကြသူများကတော့ ၁၉၆၂ ခုနှစ်ကနေ ယနေ့ လက်ရှိတိုင်အောင် ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရား အနိုင်ကျင့်အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီးများပင် ဖြစ်ပါတယ်။

ယနေ့ ထိတိုင်အောင် တိုင်းသူပြည်သားများအားလုံးရဲ့  လွတ်လပ်ခွင့်များနဲ့  နေ့ စဉ် စားဝတ်နေရေးဟာ ဆုံးရှုံးနေတယ် ကြပ်တည်းနေကြတယ်ဆိုတာ အဆိုးဆုံးအခြေအနေများက ဖေါ်ပြနေပါတယ်။

အာဏာရှင်ကြီးများဟာ ၂၀၁၀ ခုနှစ်မှာ ၄င်းတို့  မတရားရယူထားတဲ့ ပြည်သူ့ အာဏာကို မလိမ့်တပတ်နည်းများနဲ့  တရားဝင်အစိုးရအဖြစ် ဟန်ဆောင်မျက်နှာဖုံးတပ်လို့ ရအောင် အသည်းအသန်လုပ်ဆောင်နေကြပါတယ်။

ကျွန်တော်တို့  တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်သူများဘ၀ဟာ အာဏာရှင်များရဲ့  လက်အောက်မှာ အစေခံများ ကျွန်များသဖွယ် စုံးစုံးမြုပ်ကြရမယ့် အခြေအနေကနေ လွတ်မြောက်အောင် ပြည်သူတစ်ဦးချင်းစီတိုင်းကနေ တာဝန်ရှိရှိ သစ္စာရှိရှိနဲ့  သက်စွန့် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သို့ မှသာ တစ်ချိန်တုန်းက ရရှိခဲ့တဲ့ လွတ်လပ်ရေးနဲ့  မျှော်လင့်တောင့်တခဲ့ကြတဲ့ ပြည်တော်သာယာရေးကို ဦးတည်တဲ့ ပြည်သူများအားလုံး မတောင့်မတ မကြောင့်မကြဘဲ သောကများ ကင်းဝေးစွာနဲ့  နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

No comments: