Monday, January 19, 2009

အမျိုးသားပညာရေးသမိုင်းမှာ မော်ကွန်းဝင်ခဲ့တဲ့၊ ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းတို့ ရဲ့  ရန်ုကုန်တက္ကသိုလ်ကြီးကို အာဏာရှင်တွေက မိုက်ရိုင်းစွာ ဖျက်ဆီး
























ဘွဲ့နှင်းသဘင်အဆောက်အဦးရဲ့ အနောက်ဘက်၊ အင်းယားလမ်းတဖက်ခြမ်းမှာတော့ စစ်အာဏာရှင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ NIGHT CLUB ဖွင့်ဘို့ပြင်ဆင်နေပါသတဲ့။

ရွှေဝါရောင်တော်လှန်ရေးအတွင်းက ထင်ရှားကျော်ကြားခဲ့တဲ့ ကိုထိုက်ရဲ့ ဘလော့မှာ "သူရဲကောင်း" က အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေအရ ထင်ရှားကျော်ကြားခဲ့တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဟာပြုပြင်ထိန်း သိမ်းခွင့်မရရှိတာကြောင့် အချို့အစိတ်အပိုင်းတွေဟာ မြင်မကောင်းလောက်အောင် ပျက်စီးယိုယွင်းနေပါတယ်။

နယ်ချဲ့အပါအဝင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ သူရဲကောင်းများ မွေးဖွားရာ အမိတက္ကသိုလ်ကြီးကို ပညာမတတ်လို့ မှန်ကန်တဲ့အတွေးအခေါ်အယူအဆမရှိတဲ့ အသိဥာဏ်ကင်းမဲ့နေကြတဲ့ စစ်ဗိုလ်တစုက အငြိုးကြီးစွာနဲ့ သိမ်းပိုက်ဘို့ စီစဉ်နေပါတယ်။

၂ - ၁ - ၂၀၀၉ နဲ့ ၉ - ၁ - ၂၀၀၉ ရက် နေ့တွေမှာ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း၊ တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့် နှင့် စစ်ဘက်ဆိုင်ရာ အရာကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးအတွင်း လှည့်လည်ကြည့်ရှူစစ်ဆေးပြီး လေ့လာတွေ့ရှိချက်များကို နေပြည်တော် စစ်ရုံးချုပ်သို့ အစီရင်ခံစာပေးပို့ ခဲ့ပါတယ်။

တက္ကသိုလ်ဆရာ၊ဆရာမများ အကြားမှာတော့ သူတို့တွေနှစ်ရှည်လများ မျှော်လင့်စောင့်စား နေခဲ့ကြရတဲ့ အမိ တက္ကသိုလ်ကြီးကို ပြုပြင်ဆောင်ရွက်ပြီး ဟိုးယ္ခင်ကာလကလို တက္ကသိုလ်ကျောင်းသားကျောင်းသူ တွေနဲ့ ပျော်ရွှင် ချမ်းမြေ့တဲ့ အခြေအနေပြန်ရောက်တော့မလားဆိုပြီး ဝမ်းသာနေကြပါတယ်။ (တချို့ကလည်းမဆီမဆိုင် လစာပါတိုးဦးမှာဆိုပြီးဝမ်းသာနေကြပါတယ်။)

ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီပါဘဲ။ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ညွှန်ကြားချက်အရ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိ ဝန်ထမ်းအားလုံး ပျဉ်းမနားတက္ကသိုလ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရ မယ်လို့ကြားသိရပါတယ်။ ဒီရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးမှာ စစ်တက္ကသိုလ်အသီးသီးက ဘွဲ့ရကျောင်းသားများအတွက် ဘွဲ့လွန် သင်တန်းများသာ ဖွင့်လှစ် သင်ကြားနိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်အနေနဲ့ ယခုကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ တက္ကသိုလ် ဝင်၊ထွက် ပေါက် အားလုံးကို ပိတ်စေခဲ့ပြီး ခွင့်ပြုထားသောယာဉ်မှအပ၊ မည်သည့်ယာဉ်မှ ဝင်ထွတ်ခွင့်မပြုပါ။ ဘွဲ့နှင်းသဘင်အခမ်းအနား များတွင် ဘွဲ့ယူမည့်ပုဂ္ဂိုလ်အပါအဝင် အခမ်းအနားတက်ရောက်သူအားလုံး အဓိကဝင်ပေါက် (တက္ကသိုလ်ရိပ်သာလမ်း)မှ ဘွဲ့နှင်းသဘင်ခမ်းမအထိ လမ်းလျှေက်သွားကြရပါတယ်။

ဘွဲ့ပေးနေစဉ်အချိန်မှာတော့ ကျန်မိသားစုဝင်တွေဟာ ခေတ္တနေထိုင်စရာ နေရာမရှိကြတာကြောင့် လမ်းဘေးမြက်ခင်းများ ပေါ်မှာအစဉ်ပြေသလို နားခိုစောင့်ဆိုင်းကြရပါတယ်။

ဘွဲ့နှင်းသဘင်အဆောက်အဦးရဲ့ အနောက်ဘက်၊ အင်းယားလမ်းတဖက်ခြမ်းမှာတော့ စစ်အာဏာရှင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ NIGHT CLUB ဖွင့်ဘို့ပြင်ဆင်နေတဲ့ အဆောက် အဦးကို တွေ့မြင်ကြရမှာပါ။ ဒီအဆောက်အဦးဟာ ပညာရေးဝန်ကြီးဋ္ဌာန (သတ္တဗေဒဋ္ဌာန) ကပိုင်ဆိုင်ပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ရာနေရာဖြစ်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းဟာ သူ့ရဲ့ရာထူးတည်မြဲရေး အတွက် တက္ကသိုလ်ပိုင်မြေနေရာနဲ့ အဆောက်အဦးကို ကိုယ်ကျိုးစီးပွားရှာတဲ့အာဏာရှင်မိသားစုအတွက် သိက္ခာမဲ့စွာ ပေးကမ်း ခဲ့တာပါ။ အလားတူ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ကိုလည်း စစ်အစိုးရအလိုကျ အသုံးချနိုင်အောင် အပြည့်အဝ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ပေးနေသူပါ။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးလည်း စစ်အာဏာရှင်တွေက သိမ်းပိုက်ဘို့စီစဉ်ပြီး စစ်အာဏာရှင်ရဲ့ မြေးကလည်း သန့်ရှင်းစင်ကြယ်လှတဲ့တက္ကသိုလ်ပါတ်ဝန်းကျင်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ညကပွဲရုံအမည်ခံ ညဥ့်ဋ္ဌက်တွေပျော် ပါးရာနေရာအဖြစ် စီစဉ်နေကြတာတွေကို တွေ့မြင်နေကြရတဲ့အတွက် ပညာတတ်တွေ အပါအဝင် အများပြည်သူလူထု ကြီးကလည်း စိုးရိမ်သောက ရောက်လျှက်ရှိနေကြပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား?

လေးစားစွာဖြင့် -

သူရဲကောင်း။

(ပုံများနှင့်တစ်ကွ ဖတ်ရှူရန်အတွက် "ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား" မှာ ဖတ်ရှူနိုင်ပါတယ်။

http://ko-htike.blogspot.com/2009/01/blog-post_17.html

ကျွန်တော်တို့ ရဲ့  အမိတက္ကသိုလ်ကြီးရဲ့  မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို ဒီ မိုက်ရိုင်းသူတွေလက်ထဲကနေ ကာကွယ်စောင့်ရှောက်ကြပါစို့ ။

ကျွန်တော်တို့ ရဲ့  အမိတက္ကသိုလ်ကြီးရဲ့  မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို ဒီ မိုက်ရိုင်းသူတွေလက်ထဲကနေ ကာကွယ်စောင့်ရှောက်ကြပါစို့ ။

ကျွန်တော်တို့ ရဲ့  အမိတက္ကသိုလ်ကြီးရဲ့  မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို ဒီ မိုက်ရိုင်းသူတွေလက်ထဲကနေ ကာကွယ်စောင့်ရှောက်ကြပါစို့ ။

No comments: