Monday, January 19, 2009

အဘက်ဘက်နိမ့်ကြနေသော မြန်မာနိုင်ငံပညာရေးမှာ သူခိုးပညာရေးအဆင့်သို့  ၀မ်းနည်းဖွယ် ရောက်ရှိနေ။

အဘက်ဘက်နိမ့်ကြနေသော မြန်မာနိုင်ငံပညာရေးမှာ သူခိုးပညာရေးအဆင့်သို့  ၀မ်းနည်းဖွယ် ရောက်ရှိနေ။

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မမီပဲ တတ်ရောက်မှုများ ရှိနေခြင်းကြောင့် ကျောင်သူကျောင်းသားများ အလွန်စိတ်ပျက်လျှက် ရှိနေကြကြောင်း သိရှိရပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ‘အင်္ဂလိပ်။ဂျပန်။တရုတ် မေဂျာများမှာ တတ်ရောက်ခွင့်ရရန် ၀င်ခွင့်အမှတ်များသော်လည်း ကြံ့ဖွတ်အဖွဲ. ၀င်များမှာ ၀င်ခွင့်ရရန် သတ်မှတ်ထားသောအမှတ်မမီပဲ တက်ရောက်ကြသဖြင့် အဆိုပါမေဂျာများမှ ကျောင်းသား။ကျောင်းသူများ စိတ်ပျက်လျက်ရှိကြသည်။ ဒီကိစ္စနဲ. ပတ်သက်ပြီး ဂျာမနီ မေဂျာမှ ကျောင်းသူတယောက်က အခုလိုပြောပြပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာက ကျောင်ဖွင့်ဖွင့်ချင်း ရရှိသောမေဂျာ၊ နာမည်၊ ၁၀တန်း ရမှတ်၊ အကုန်ရေးထားပါတယ်။ ပထမနှစ် နှစ်လည်လောက်မှာ ဂျာမနီမေဂျာမှ မလ၀န်းသော်တာ အင်္ဂလိပ်မေဂျာသို. ပြောင်းသွားတော့ စုံစမ်းကြည့်ရာ ထိုကျောင်းသူမှာ အင်္ဂလိပ်စာတတ်ရောက်ရန် အမှတ်မမီဲဘဲ ကြံ့ဖွတ်အဖွဲ. ၀င်တယောက်ဖြစ်၍ ပြောင်းသွားခြင်းဖြစ်ကြောင်း သိရတယ်။ ကျန်သောကြံ့ဖွတ်အဖွဲ့ ဝင်များမှာလည်း အင်္ဂလိပ်မေဂျာသို့  အများဆုံး ပြောင်းကြရာ အင်္ဂလိပ်မေဂျာရှိ ကျောင်းသား ကျောင်းသူ များမှာ အထူးစိတ်ပျက်နေကြတယ်။

ကျောင်းသားများ၏ ပြောစကားအရ အင်္ဂလိပ်မေဂျာတွင် အင်္ဂလိပ်မေဂျာ ရှိ ကျောင်းသား ကျောင်သူတော်တော်များများမှာ မကျေနပ်သောကြောင့် ကျောင်းထွက်သွားကြောင်း သိရှိရသည်။

အင်္ဂလိပ်မေဂျာ ရှိ ကျောင်းသား ကျောင်သူများမှာ ကြံ့ဖွတ်များနှင့် ရောနှော၍ သင်ကြားခြင်းမရှိရန် ပါမောက္ခချုပ် မျိုးမြင့် ထံသို့  တင်ပြသော်လည်း စည်းကမ်းအကြောင်း ပါးစပ်မှမချသော မျိုးမြင့် မှာ အထက်အမိန့် ကို လွန်ဆန်၍ မရဟု အကြောင်းပြကာ ချက်ချင်းပယ်ချလိုက်ကြောင်း သိရှိရသည်။

အင်္ဂလိပ်မေဂျာ ရှိ ကြံ့ဖွတ်ဦးရေမှာ ၃၀ခန့် ရှိကြောင်း သိရှိရသည်။ အဆိုပါ ကြံ့ဖွတ်များမှာ ရှက်ရကောင်းမှန်းမသိ ကြပဲ ငါတို့ က ပိုင်လို့ တက်ရတာဟုဆိုကာ တလွဲဆံပင်ကောင်းနေကြကြောင်း သိရှိရသည်။

(သတင်းပေးပို့ လာသူ - ကိုဇော်စိုင်းအား ကျေးဇူးတင်ရှိပါသည်)။

No comments: