Sunday, January 18, 2009

မြန်မာ့တပ်မတော်ရဲ့  ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမိုင်းကြောင်းကို ဖျောက်ဖျက်ခဲ့ကြတာ အာဏာရှင်နေ၀င်းလက်ထက်ကနေ အခု သန်းရွှေလက်ထက်အထိဘဲ။
























နိုင်ငံတစ်နိုင်ငံရဲ့  သမိုင်းအစဉ်အလာမှာ နိုင်ငံအတွက် လွတ်လပ်ရေးရအောင် သက်စွန့် ကြိုးပမ်းပေးခဲ့ကြသူတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  သူတို့ ရဲ့  ပုံရိပ်တွေကို ဖေါ်ကျူးပြီး အသိအမှတ်ပြု၊ အလေးထား ဂုဏ်ပြုကြတယ်။

တစ်ချိန်တုန်းက တန်ဖိုးရှိခဲ့လှတဲ့ မြန်မာ့ငွေစက္ကူတွေမှာတင်မကဖူး ငွေအကြွေတွေမှာပါ လွတ်လပ်ရေးဖခင်ကြီး၊ မြန်မာ့တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့  ဗိုလ်ချူပ်အောင်ဆန်းပုံကို ထည့်သွင်းဖေါ်ပြခဲ့ကြတယ်။

ဒီအထက်ဖေါ်ပြပါ ငွေအကြွေတွေက ၁၉၆၅-၁၉၆၆ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ ဗိုလ်ချူပ်အောင်ဆန်းပုံပါ ငွေအကြွေတွေပါ။

အာဏာရှင်တွေဟာ သမိုင်းကြောင်းကို ကွယ်ဝှက်ချင်လွန်းလို့ ၊ တပ်မတော်ရဲ့  ဖခင်အစစ်အမှန်ကို ကွယ်ပျောက်စေချင်လွန်းလို့  ဖျောက်ဖျက်ပြစ်ခဲ့တဲ့ ငွေအကြွေတွေပါ။

မြန်မာ့သမိုင်းအမှန်နဲ့  တပ်မတော်ရဲ့ ဖခင်အစစ်က ဘယ်သူလည်းဆိုတာ သိစေဖို့ ပါ။

No comments: