ရုရှရောက် တပ်မတော်အရာရှိငယ်များသို့ တိုက်တွန်းချက်နှင့် ပတ်သက်ပြီး တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြန်ကြားစာ။
ရုရှရောက် တပ်မတော်အရာရှိငယ်များသို့ တိုက်တွန်းချက်နှင့် ပတ်သက်ပြီး တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြန်ကြားစာ။
ရုရှရောက် တပ်မတော်အရာရှိငယ်များသို့ တိုက်တွန်းချက် (http://niknayman-niknayman.blogspot.com/2009/01/blog-post_13.html) နှင့်ပတ်သက်ပြီး အောက်ဖေါ်ပြပါအတိုင်း တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြန်ကြားစာတစ်စောင်အား ပေးပို့ လာပါတယ်။
အဆိုပါ တပ်မတော်အရာရှိငယ်ရဲ့  အမည်နဲ့  ဒေသကို သိရှိပေမယ့် လုံခြုံရေးအရ မဖေါ်ပြပါ။ အဆိုပါ တပ်မတော်အရာရှိငယ်က ပြောကြားလာတာက -
အင်းဗျာ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ကျတော်တို့လဲ ပြည်သူတွေ မုန်းနေကြတာကို ဘယ်လိုချင်မလဲဗျာ။ ဒါပေမယ့် လွန်ဆန်ဖို့ဆိုတာ ကျတော်တို့ရဲ့ မိသားစုတွေရှိသေးတယ်။ အခုလောလောဆယ် ကြားနေဝါဒအဖြစ်နေနေပါတယ်။ ကျတော်တို့ကိုလဲ ပြည်သူတွေအနေနဲ့ အထင်အမြင်မလွဲကြဖို့ ပြောချင်ပါတယ်။ ကျတော်တို့ ဗိုလ်တွေလဲ စဉ်းစားဆင်ခြင်တတ်သူတွေ အများကြီးပါပဲခင်ဗျာ။ ဒါပေမယ့် ...
အခုလိုပြန်ကြားလာတဲ့ အရာရှိငယ်ရဲ့  ပွင့်လင်းရိုးသားတဲ့ ရေးသားချက်အား သိရှိရတာကြောင့် အထူးလေးစားမိပါကြောင်းနဲ့  ပြည်သူလူထုအပေါ်မှာ ကာကွယ်စောင့်ရှောက်နိုင်သော ပြည်သူ့ စစ်သားကောင်းတစ်ဦး ဖြစ်ပါစေလို့  ဗျာ။
တပ်မတော်အတွင်းမှာ ယခုလို စိတ်ထားရှိကြတဲ့ ပြည်သူကို အမှန်တကယ်ချစ်မြတ်နိုးကြတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ ရှိနေမယ်ဆိုတာ တထစ်ချ ယုံကြည်ပါတယ်။ ပြည်သူ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို တပ်မတော်သားများကသာ ပြန်လည်အဖတ်ဆယ်နိုင်မှာပါ။
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ တပ်မတော်သားတွေရဲ့  မိသားစုတွေ အပါအ၀င် ကျွန်တော်တို့  ပြည်သူတွေ အားလုံး အာဏာရှင်လက်အောက်က အမြန်လွတ်မြောက်ကြပြီး တပ်မတော်နဲ့  ပြည်သူ အမှန်ကြည်ဖြူကြရတဲ့ဘ၀သို့  ရောက်ရှိကြပါစေလို့  မျှော်လင့်တောင့်တပါတယ်။
ထို့ အတူဘဲ အခြားတပ်မတော်အရာရှိငယ်တစ်ဦးရဲ့  ပန်ကြားစာကိုလည်း ကျွန်တော် နစ်နေမန်းမှ လေးစားစွာနဲ့  ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါ အရာရှိငယ်ရဲ့  စာကိုတော့ သူရဲ့  လုံခြုံရေးအရ မဖေါ်ပြဖြစ်တာကိုတော့ ခွင့်လွှတ်စေလိုပါတယ်။
လေးစားစွာဖြင့် -
နစ်နေမန်း။
No comments:
Post a Comment