မြန်မာငါးဖမ်းသမားနှစ်ဦး (၂၅) ရက်တိုင် ပင်လယ်ထဲမျောနေတာ ကယ်ဆယ်ရရှိခဲ့။
မြန်မာငါးဖမ်းသမားနှစ်ယောက် သူတို့ရဲ့ ပေ (၃၀) သစ်သားသင်္ဘောမြုပ်ပြီး၊ ပါပူအာနယူးဂီနီကျွန်းနိုင်ငံအောက်နားလေးမှာ - ငါးတွေ ရေခဲရိုက်ထည့်တဲ့ လေးထောင့်ပုံး အနီရောင်လေးထဲမှာ မျောနေတာကို သြစတြေးလျ အကောက်ခွန်လေယာဉ်က စနေနေ့က တွေ့ပြီး ကယ်တင်ရကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာ (၂၃) ရက်နေ့ ကတည်းက မြုပ်ပြီး ပင်လယ်ထဲမှာ (၂၅) ရက် မျောနေတာဖြစ်ပြီး အခြားငါးဖမ်းသမား (၁၈) ယောက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။
ကျွန်တော်တို့  တိုင်းပြည်ကြီး စီးပွားရေးပျက်စီးတော့လည်း ပြည်သူတွေမှာ အမျိုးမျိုးသော အကြောင်းများနဲ့  ဒုက္ခရောက်ကြရပါလား။
No comments:
Post a Comment