Tuesday, January 20, 2009

နေသန်မောင်၏ ဆောင်းပါးနှင့် ပတ်သက်သော တုန့် ပြန်ချက်များ။

နေသန်မောင်က “စည်းကမ်းနှင့်ပြည့် ဝသော သတင်းများနှင့် Hip Hop ငိုငြီးသံများhttp://www.mizzimaburmese.com/edop/songpa/2291--hip-hop-.html ဆိုပြီး ဆောင်းပါးရေးထားတာကို ဖတ်ကြရတဲ့သူများက အောက်ဖေါ်ပြပါအတိုင်း တုန့် ပြန်ပြောဆိုတားပါတယ်။

ကျွန်တော်တို့ လည်း လူငယ်တွေဘဲ ဟစ်ဟော့တွေ ရက်ပ်တွေ ကြိုက်တာပေါ့၊ အားပေးတာပေါ့။ ဒါပေမယ့် သားနဲ့ အမိ အဖနဲ့ သမီး မောင်နှမ ကြားလို့ မှ မကောင်းတဲ့ ရိုင်းစိုင်းတဲ့ လိင်ပိုင်ဆိုင်ရာ စကားလုံးတွေကို လက်ခံရမှာလား။ အဲ့ဒီ နေသန်မောင်ကို ပြောချင်တယ်။ အခုပြောနေကြတာ ဘယ်သူဆိုဆို ဟစ်ဟော့ကို ကောင်းကောင်းမဆိုဘဲ ရိုင်းစိုင်းတဲ့စကားလုံးသုံးထားလို့  ပြောနေတာ။ အဲ့ဒါကို နားမလည်ရင် အဲ့ဒီ ရိုင်းစိုင်တဲ့းသီချင်းတွေကို မိဘရှေ့  ညီအစ်မတွေရှေ့  ဖွင့်ပြလိုက်လို့  ပြောချင်တယ်။ ဒါဘဲ။

(လူငယ်တစ်ဦး)။

---------------

ကျွန်တော်ကတော့ သူရေးတာကို လက်မခံနိုင်ဘူး။ ဟစ်ဟော့ကို လူတိုင်းကြိုက်တယ်။ အဖြစ်မှန်တွေ ရေးထားတယ်ဆိုတာလည်း လက်ခံတယ်။ ဒါပေမယ့် ရေးတာနဲ့  ဆဲတာ လူတိုင်းခွဲခြားတတ်ပါတယ်။ ဇေယျာသော် ဆိုတဲ့ သူရဲကောင်းနဲ့  ဂျောက်ဂျက်ဆိုတဲ့ ဒီလို အယုတ်တအနတ္တ ဆဲနေတဲ့ လူငယ်နဲ့  နှိုင်းတာကိုက တော်တော်လွန်နေပါပြီ။ အဲ့ဒီဆောင်းပါးရေးတဲ့ အယ်ဒီတာဟောင်း၊ ရုပ်ရှင်ဗွီဒီယိုထုတ်လုပ်ရေးနဲ့  နိုင်ငံရေးသိပ္ပံကို လေ့လာနေတဲ့ ပုဂ္ဂိုလ်လုပ်ပြမယ့်သူက နိုင်ငံရေးယဉ်ကျေးမှုကို စိတ်ဝင်စားလိုက်ပါဘိ။ အခုရေးထားတဲ့ ဆောင်းပါးရဲ့  အဓိပ္ပါယ်က မျိုးဆက်နှစ်ခုကို သွေးခွဲနေတာဘဲ မဟုတ်ဘူးလား။

(ပြည်သူတစ်ဦး)။

---------------

အဲ့ဒီဆောင်းပါးမှာ ဒီအသုံးအနှုန်းရိုင်းပြတဲ့သီချင်းတွေကို ပိတ်ပင်ဝေဖန်သူတွေကို အမြင်မကျယ်သူတွေအဖြစ် ရေးသားထားပါတယ်။ ကျွန်တော် သဘောမတူပါ။ ကျွန်တော်တို့  ခံယူထားတဲ့ လွတ်လပ်ခွင့်နဲ့  အဆိုပါ ရေးသာသူရဲ့  ခံယူချက်ဟာ အတော်ကွာဟနေပါတယ်။ မီဒီယာလွတ်လပ်ခွင့်ဆိုတာ အဲ့ဒီလိုမျိုးမဟုတ်ဖူး ထင်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ သတင်းမှန် ထုတ်ဖေါ်ရေးသားခွင့် လွတ်လပ်စွာဝေဖန်ခွင့်ကို ပြောတာမဟုတ်ဖူးလားခင်ဗျာ။ ၀တ္တုထဲမှာ ဆဲဆိုတာ ထည့်ရေးတာကို စာနယ်ဇင်း လွတ်လပ်ခွင့်လို့  မခေါ်ပါဖူး။ သီချင်းမှာလည်း ဒီလိုပါဘဲ။

(ပြည်သူတစ်ဦး)။

---------------

ဟစ်ဟော့ကို မကြိုက်ဖူး ပြောနေကြတာ မဟုတ်ပါဖူး။ အဓိပ္ပါယ်ထိရောက်တဲ့ စာသားတွေနဲ့  သီဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ညစ်ညမ်းတာတော့ မကောင်းဖူး။ ဒါကို လက်ခံရမှာလား။

(ပြည်သူတစ်ဦး)။

---------------

ရှင်းရှင်းလေးဘဲ ပြောမယ်။ အခုလက်မခံဖူး ပြောနေတာ ဆဲနေတာကို ပြောတာ။ ရှင်းလား - ဆောင်းပါးရှင် နေသန်မောင်။ ဘယ်လိုဖြစ်လို့  ရှင်းနေတာကို လူငယ်တွေအကြား သွေးထိုးစကားတွေ နအဖအကြိုက် လိုက်ရေးနေရတာလည်း။

(လူငယ်တစ်ဦး)။

---------------

အခုပြောနေကြတာ ဂျောက်ဂျက်ရယ်လို့  ပုဂ္ဂိုလ်ရေး ပြောနေကြတာ မဟုတ်ဖူး။ ဘယ်အနုပညာရပ်ဘဲ ဖြစ်ဖြစ် ပြည်သူ့ကို အကျိုးမပြုဖူး၊ ယဉ်ကျေးမှုကို လွန်လွန်ကျူးကျူး ထိခိုက်စော်ကားနေရင်၊ သားအမိသားအဖ မောင်ရင်းနှစ်မ နားထောင်လို့ တောင် မကောင်းလောက်တဲ့ လိင်ပိုင်းဆိုင်ရာ စကားလုံးတွေ ဆဲဆိုတာတွေပါရင် ဘယ်သူဘဲ ဖြစ်ဖြစ် ပြောမှာဘဲ။ ဒါ အနုပညာကို ကာကွယ်ပေးနေတာ။ နေသန်မောင်အနေနဲ့  အနုပညာနဲ့  ယဉ်ကျေးမှုကို သေသေချာချာ ပြန်လေ့လာပါဦးလို့  ပြောချင်ပါတယ်။

(ပြည်သူတစ်ဦး)။

---------------

ယခင်ဆက်စပ်သတင်း - မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနှင့်လူနေမှုစနစ်အား ထိခိုက်နိုင်သော မြန်မာညစ်ညမ်းသီချင်းများ။ http://niknayman-niknayman.blogspot.com/2009/01/blog-post_16.html

No comments: