ကျောင်းသားလူငယ်များက ဘုရားပွဲတော်မှာ VIP (Violation In Public) ကို ကန့် ကွက်ခဲ့ကြ။
မနေ့ က မြောက်ဥက္ကလာပမြို့ နယ် (၂) ရပ်ကွက်ရှိ မယ်လမုဘုရားပွဲတော်အား ကျင်းပရာ ဖြော်ဖြေပွဲများတွင် ဂျောက်ဂျက်ပါဝင်သည့် VIP (Violation In Public) အဖွဲ့ အား ဘုရားပွဲတော် နောက်ဆုံးရက်တွင် သီဆိုခွင့်မပေးကြောင်း အဆိုပါ ရပ်ကွက်ရှိ သက်ဆိုင်ရာမှ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ VIP (Violation In Public) အဖွဲ့ သည် ပထမရက်တွင် သီဆိုခဲ့ရသော်လည်း နောက်ဆုံးရက်နေ့ တွင် ကျောင်းသားလူငယ်များနှင့် သံဃာတော်အချို့ အပါအ၀င် အယောက် (၂၀) ကျော်ခန့် က ကန့်  ကွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ထိုသို့  ကန့် ကွက်ရခြင်းမှာ ဘုရားပွဲတော်ကဲ့သို့ သော ပွဲတော်မျိုးတွင် မိဘမောင်ဘွားများ အမျိုးသမီးများ နားထောင်ရန် လုံးဝမသင့်တော်သည့် သီချင်းများအား ပထမနေ့ ရက်တွင် သီဆိုခဲ့ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ကာ သံဃာတော်များနှင့် လူငယ်များမှ ကန့် ကွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ ရိုင်းစိုင်းသောစာသားများပါဝင်သည့် သီချင်းများအား ဘုရားပွဲတ်ာကဲ့ သို့ နေရာမျိုးတွင် လာရောက်သီဆိုပြသည်မှာ ပိုမိုလွန်ကျူးပြတာဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမရှိတဲ့ သီချင်းတွေကို ပေါက်ကွဲမှု ခံစားမှုအကြောင်းပြပြီး ဆင်ခြေပေးသီဆိုနေကြတာဖြစ်ကြောင်း၊ ဒီလိုသီဆိုတာကို သက်ဆိုင်ရာက သိသိကြီးနဲ့ မတားမြစ်ဖူးဆိုရင် အဆိုပါ သံဃာတော်များနဲ့  လူငယ်များက ၀င်ရောက်တားဆီးရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် အဆိုပါ ရပ်ကွက်ရှိသက်ဆိုင်ရာများမှ မြို့ နယ် တိုင်းအဆင့်သို့  ချက်ချင်းအကြောင်းကြားခဲ့ရကြောင်း ပြောပြပါတယ်။
နောက်ဆုံးတွင် အဆိုပါ ဂျောက်ဂျက်ပါဝင်သည့် VIP အဖွဲ့ မှာ ဘုရားပွဲတွင် ဆက်လက်သီဆိုခွင့်မရှိတော့ဘဲ တားမြစ်ခံခဲ့ရကြောင်း လူငယ်တစ်ဦးဖြစ်သူ ဇွဲမာန်က ပြောပြပါတယ်။
No comments:
Post a Comment