Monday, February 23, 2009

ပြည်သူတွေ ပိုင်ဆိုင်တဲ့ သဘာဝသယံဇာတတွေကို နိုင်ငံခြားကုမ္ပဏီများနဲ့  လက်ဝါးချင်းရိုက်ကာ ကိုယ်ကျိုးအတွက် ရောင်းစားနေတဲ့ နအဖ။

ရခိုင်ပြည်နယ် ကမ်းလွန်ဒေသကစပြီး မြန်မာပြည် အလယ်ပိုင်းတည့်တည့်ကို ဖြတ်ကာ တရုတ်ပြည် Kunming နဲ့  Chongquing မြို့ တို့ အထိ ဖေါက်ပြီး သဘာဝဓါတ်ငွေ့ တွေကို ရောင်းစားမယ့် နအဖရဲ့  Gas Project စီမံကိန်းတွေပါ။
























ဒီ Gas Project တွေမှာ ပါဝင်နေကြတဲ့ ပင်မကုမ္ပဏီတွေကတော့ - Daewoo International (South Korea), Oil and Natural Gas Corporation, ONGC Videsh (India), Myanman Oil and Gas Enterprise (Burma), Korean Gas Corporation, KOGAS (South Korea), Gas Authority of India Limited, GAIL (India) တို့ ဖြစ်ပြီး၊ ပူးတွဲဖက်စပ် ကုမ္ပဏီတွေကတော့ - Serica Energy (Canada/Int), China Oilfield Services Ltd (China/Int), Helicopters NZ (New Zealand), Swire Pacific Offshore (Singapore/Hong Kong/Int), Viking Engineering (Singapore/Sweden), Suz Tractebel (Belgium), Ryder Scott Co (US), Snamprogetti (Italy), Frontier Drilling A/S (Norway), Atwood Oceanics Inc (Texas, US) တို့ ဖြစ်ပါတယ်။




















ဒီ ဂက်စ်ပိုက်လိုင်းတွေကြောင့် -

- ဂက်စ်ပိုက်လိုင်းတစ်လျှောက် ပတ်ဝန်းကျင်က ကျေးရွာဒေသတွေ အတင်းအဓမ္မ ရွေ့ ပြောင်းခံရတယ်၊

- ဂက်စ်ပိုက်လိုင်းတစ်လျှောက် ပတ်ဝန်းကျင်က လယ်မြေစိုက်ခင်းတွေ ဖျက်စီးခံရတယ်။

- ဒေသခံတွေအနေနဲ့  အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းခံရတယ်။

- ဒေသခံတွေအနေနဲ့  ဂက်စိပိုက်လိုင်းကို လုံခြုံရေးစောင့်ကြပ်ပေးနေတဲ့ စစ်တပ်ကို ဆန်ဆီဆား အစရှိတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်။

- ဂက်စိပိုက်လိုင်းကို လုံခြုံရေးစောင့်ကြပ်ပေးနေတဲ့ စစ်တပ်က စစ်သားတွေရဲ့  စော်ကားခြင်းကို ဒေသခံ အမျိုးသားအမျိုးသမီးပျိုတွေ ခံနေရတယ်။

- ဒေသခံတွေရဲ့  ဘ၀ဟာ ဒီဂက်စ်ပိုက်လိုင်းတည်ဆောက်မှုရဲ့  အကျိုးကျေးဇူးကို လုံးဝမရရှိတဲ့အပြင် လက်ရျိ သူတို့ ရဲ့  လူနေမှုဘ၀ မတည်ငြိမ် ခက်ခဲမှုကို ပိုမိုဖြစ်စေတယ်။

- လောင်စာဆီတွေ မလုံမလောက်နဲ့  ရှားပါးပြီး ဈေးတွေ ခေါင်ခိုက်အောင် တက်နေတယ်။

- ဒေသနယ်မြေအတွင်းမှာရှိတဲ့ လျှပ်စစ်တွေကို ဒီဂက်စ်ပိုက်လိုင်း စီမံကိန်းအတွက် အပြည့်အ၀ထောက်ပံ့နေရလို့  ပြည်သူတွေ လျှပ်စစ်မီးမရှိဘဲ အမှောင်ထဲမှာ နေနေရတယ်။

- နိုင်ငံရဲ့  စိမ်းလမ်းစိုပြေတဲ့ တောတောင်သဘာဝတွေကို ဖျက်ဆီးရှင်းလင်းပြစ်နေတယ်။

- ပြည်သူတွေရဲ့  သဘာဝသယံဇာတတွေကို နအဖက သူတို့ ရဲ့  ကိုယ်ကျိုးစီးပွားအတွက် တိုင်းတပါးကို ရောင်းချနေတယ်။

- နိုင်ငံခြားစီးပွားရေးကုမ္ပဏီတွေရဲ့  ဂုတ်သွေးစုတ် အမြတ်ထုတ်မှုကို နအဖက အကြိုက်တွေ့ နေပေမယ့်၊ ခါးစီးခံနေကြတဲ့ ပြည်သူတွေ ဘ၀တွေကတော့ စုတ်ပြတ်သတ်နေကြတယ်။

















































































































ဒီ့အတွက် -

ငါတို့  ပြည်သူတွေအားလုံးပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေကို နိုင်ငံခြားအရင်းရှင်ကုမ္ပဏီတွေနဲ့  လက်ဝါးခြင်းရိုက်ပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်နေကြတဲ့ နအဖနဲ့  အပေါင်းအပါတွေကို တိုက်ထုတ်ကြ။

ငါတို့ ပြည်သူတွေအားလုံးပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေနဲ့  တောတောင်ရေမြေတွေကို ကာကွယ်စောင့်ရှောက်ကြ။

ငါတို့  ပြည်သူတွေအားလုံးပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေကို ဖျက်ဆီးပြစ်သူမှန်သမျှ ပြင်းပြင်းထန်ထန် ချေမှုန်းသုတ်သင်ကြ။

No comments: