Saturday, February 14, 2009

ချစ်သူများနေ့  (Valentine Day) – “ဖေဖေါ်ဝါရီဆယ့်လေး” ။















































ချစ်သူများနေ့  (Valentine Day) ကဗျာ အတွက် နအဖရဲ့  မတရားဖမ်းဆီးထောင်ချမှုကို ခံနေရသော ကဗျာဆရာ ကိုစောဝေအား မမေ့ကြနဲ့ ။

ဖေဖေါ်ဝါရီဆယ့်လေး။

အာရင်ဘတ်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့ 
မှူးမုံမှိုင်းဝေစေတဲ့ ဓါတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကြမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။

(စောဝေ)။

ချစ်သူများနေ့  (Valentine Day) နေ့ မှာ အထက်ဖေါ်ပြပါ “ဖေဖေဓ၀ါရီတယ့်လေး” ကဗျာလေးကို ခံစားရေးဖွဲ့ ခဲ့တဲ့ ကဗျာဆရာ ကိုစောဝေကို နအဖအာဏာရူးများက သူတို့ ရဲ့  အာဏာရှင်ခေါင်းဆောင်ကြီး သန်းရွှေကို စော်ကားရမလားဆိုပြီး မတရား ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေကတော့ ကဗျာဆရာ ကိုစောဝေရေးသားခဲ့တဲ့ ဒီကဗျာလေးကို ချစ်သူများနေ့  (Valentine Day) ရောက်တိုင်း ဘယ်တော့မှ မမေ့တော့ပါဖူး။

ကဗျာဆရာ ကိုစောဝေ အား ယနေ့ တွင် ကျရောက်သော ချစ်သူများနေ့  (Valentine Day) တွင် အထူးလေးစားဂုဏ်ပြုသောအားဖြင့် “ဖေဖေဓ၀ါရီဆယ့်လေး” ကဗျာလေးအား ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

ချစ်သူများနေ့  (Valentine Day) မှာ ဒီကဗျာလေးကို ရင်နဲ့ အမျှ ပြည့်ဝစွာ ခံစားနိုင်ကြပါစေ။

No comments: