Friday, February 13, 2009

“ ငါ့သားများ စစ်ထဲဝင်ရင်လေ” ။

ယခုလက်ရှိ စစ်တက္ကသိုလ်ထဲမှာ “အောင်ဆန်းခန်းမ” ဆိုတာ ရှိတယ်ဆိုတာ စစ်တက္ကသိုလ်တက်ရောက်ခဲ့ကြသူတိုင်း သိကြပါတယ်။
























တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကို တကယ်လေးစားရင် ဗိုလ်ချူပ်အောင်ဆန်းလို တိုင်းပြည်နဲ့ လူမျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေ။ လက်ရှိအာဏာရူး ဗိုလ်ချူပ်တွေရဲ့  ကိုယ်ကျိုးစီးပွားတိုးတက်ရေးအတွက် တိုင်းပြည်နဲ့  ပြည်သူကို မနှိပ်စက်ကြပါနဲ့ ။ မြန်မာပြည်သူပြည်သားတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို လူသတ်သမား အာဏာရူး သန်းရွှေဦးဆောင်တဲ့ ဗိုလ်ချူပ်ကြီးများရဲ့  ရန်က ကာကွယ်စောင့်ရှောက်ပေးကြဖို့  တပ်မတော်သားများကို တိုက်တွန်းလိုပါတယ်။

ပြောကြားခဲ့တဲ့ မှတ်သားလိုက်နာစရာ စကားကတော့ -

“ ငါ့သားများ စစ်ထဲဝင်ရင်လေ ...
တပ်မတော် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့၊
တိုင်းပြည်နဲ့ လူမျိုး ကို အသက်စွန့် ကာကွယ်ကြသူများ မွေးထုတ်ပေးရာ
ကျောင်းတော်ကြီး ဖြစ်ခဲ့ဖူးတယ် လို့  ... ”


ဗိုလ်ချူပ်အောင်ဆန်းနဲ့  မြန်မာပြည်သူပြည်သားတွေ မြင်တွေ့ လိုတဲ့ - တိုင်းပြည်နဲ့ လူမျိုး ကို အသက်စွန့် ကာကွယ်ကြသူများ ဖြစ်ကြပါစေ။

No comments: