အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ လူငယ်စာဖတ်ဝိုင်း - “အားလုံးအတွက် လူ့ အခွင့်အရေး” ။
ယမန်နေ. မတ်လ (၅) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံး၌ “အားလုံးအတွက် လူ့ အခွင့်အရေး” ဟူသော ခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းအား ကျင်းပခဲ့ပါသည်။
နေ့လည် (၁) နာရီင်္တွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် ဗဟိုအလုပ်အမူဆောင် အဖွဲ့ဝင် သခင်ဦးစိုးမြင့်မှ ဆောင်ရွက်ပြီး၊ စာဖတ်ဝိုင်းတာဝန်ခံအဖြစ် ဖျာပုံနီလုံဦး (ဦးအောင်မြင့်) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
စာဖတ်ဝိုင်းသို့ ဦးသိန်းညွှန့် (ကော့ကရိတ်)၊ ဒေါက်တာမျိုးအောင်နှင့် ဗဟိုအမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် အခြားမြို့နယ်များမှ လူငယ်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။ ညနေ (၃) နာရီ ခွဲ ခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
(သတင်းနှင့် ဓါတ်ပုံများ ပေးပို့ လာသော ကိုရွှေနန္ဒအား ကျေးဇူးတင်ရှိပါသည်) ။
No comments:
Post a Comment