ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့သော ပြည်သူ့ တပ်မတော်သမိုင်းနှင့် လွတ်လပ်ရေးအတွက် တော်လှန်ရေးကြိုးပမ်းမှု။
ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့သော ပြည်သူ့ တပ်မတော်သမိုင်းနှင့် လွတ်လပ်ရေးအတွက် တော်လှန်ရေးကြိုးပမ်းမှု ဗွီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။
ယနေ့ ခေတ် မြန်မာ့တပ်မတော်ကတော့ အာဏာရှင် လက်တစ်စုစာရဲ့  အသုံးချခံ ကိုယ်ပိုင်တပ် ဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် အတော့်ကို နစ်နာဆုံးရှုံးနေရုံမက ပြည်သူ့ အမုန်းခံနေရတဲ့အနေအထားကို ရောက်ရှိနေပါတယ်။
အာဏာရှင်လက်ကိုင်တပ်အဖြစ်ကနေ ပြည်သူ့ တပ်မတော်ပြန်ဖြစ်အောင် တပ်မတော်သားတွေဘဲ ပြုပြင်ပြောင်းလဲလို့  ရမှာပါ။ မြန်မာ့တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းညှိုးနွမ်းနေတာကို ပြန်လည်အဖတ်ဆည်ဖို့ က တပ်မတော်သားတွေအနေနဲ့  မိမိတို့ ကိုင်ဆောင်ထားတဲ့ သေနတ်ပြောင်းဝတွေကို အာဏာရှင်တွေဘက်ကို လှည့်ဖို့ သာ ဖြစ်ပါတယ်။
လွတ်လပ်ရေးအတွက် အသက်စွန့် ကြိုးပမ်းပြီး ပြည်သူပြည်သားတွေဘ၀ အေးချမ်းသာယာဖို့ အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားကြီးတွေရဲ့  ဂုဏ်ကျေးဇူးတရားကို လေးစားသမှုပြုတဲ့အနေနဲ့ ရော၊ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာကြီးမားပြီး ဂုဏ်ရောင်တောက်ပြောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်အပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ ရော မြန်မာ့တပ်မတော်ကို အာဏာရှင်တွေလက်ထဲကနေ ပြန်လည်ကယ်တင် ရယူဖို့ ပါ။
“အောင်ဆန်းပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဖူး” ဆိုတဲ့ စကားကို လေးစားလိုက်နာခြင်းဟာ တပ်မတော်ရဲ့  ဖခင်ဗိုလ်ချူပ်အောင်ဆန်းအပေါ် သစ္စာစောင့်ထိန်းရာရောက်သလို၊ တိုင်းပြည်နဲ့  ပြည်သူအပေါ်မှာ သစ္စာစောင့်သိတာလည်း ဖြစ်ပါတယ်။
ထို့ အတူ မတ်လ (၂၇) ရက်နေ့ ဟာလည်း လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သား တိုင်းရင်းသားပေါင်းစုံ စုပေါင်းတော်လှန်ရေးဆင်နွဲခဲ့တဲ့ အထိမ်းအမှတ်နေ့ ရက်တစ်ရက်အဖြစ် “တော်လှန်ရေးနေ့ ” ဆိုပြီး မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာပါ။ ဒါကို အာဏာရှင်တွေက တပ်မတော်နေ့ ဆိုပြီး အမည်ပြောင်းလိုက်ပြီး မြန်မာ့တော်လှန်ရေးသမိုင်းအစစ်အမှန်ကို ကွယ်ပျောက်စေဖို့  လုပ်ဆောင်ခဲ့ရုံသာမက၊ မြန်မာ့တပ်မတော်ကိုလည်း ဂုဏ်သရေညှိုးနွမ်းအောင် ပြည်သူတွေ မုန်းတီးခံရအောင် ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်ရဲ့  တော်လှန်ရေးအစဉ်အလာနဲ့  ပြည်သူအပေါ်သစ္စာစောင့်သိမှုကို ဖျက်ဆီးပစ်သူ တရားခံများဟာ သန်းရွှေဦးဆောင်နေတဲ့ အာဏာရှင်လက်တစ်ဆုပ်ဖြစ်ပါတယ်။
ဒီ့အတွက် လက်ရှိ မြန်မာ့တပ်မတော်က အရာရှိအရာခံအကြပ်တပ်သားများအနေနဲ့  အာဏာရှင်သန်းရွှေနဲ့ ထိပ်ပိုင်းက ဗိုလ်ချူပ်ကြီးတွေကို စတင်တော်လှန်ကြပြီး ပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ကြမယ့် ပြည်သူ့ တပ်မတော်သားဘ၀ကို ရောက်ရှိစေလိုပါတယ်။
No comments:
Post a Comment