နအဖ ပန်းသိန်းစိန် (သို့ ) သိန်းစိန်ပန်းလေး ဘ၀သစ်လေးပေါ့။
နေကြာပန်း၊ ဒေစီပန်း၊ ခတ္တာပန်း၊ သဇင်ပန်း၊ နှင်းဆီပန်း အစရှိတဲ့ ပန်းအများစု အမည်ကို အများစု သိကြမှာပါ။ ဒီ့အပြင် ရွှေ ငွေတွေ နှိုင်းပြီး ပန်းတွေကို ရွှေပန်း ငွေပန်း လို့ လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။
ပန်းဆိုတာ အမျိုးသမီးတွေက အကြိုက်များပြီး အမျိုးသမီးတွေသာ ဦးခေါင်းထက်မှာ ပန်လေ့ပန်ထ ရှိပါတယ်။ အမျိုးသမီးများကိုသာ နှစ်ခြုက်သူ အမျိုးသားများက ပန်းပေးလေ့ရှိပါတယ်။ အနီရောင်ပန်းလေးပေးရင် စုံမက်ချစ်မြတ်နိုးခြင်း သင်္ကေတ၊ အဖြူရောင်ပန်းလေးပေးရင် ဖြူစင်သန့် ရှင်းမှုမေတ္တာ သင်္ကေတ စသဖြင့် မိမိချစ်မြတ်နိုးသူကို ပေးကြပါတယ်။
ဒါပေမယ့်လည်း စင်ကာပူဝန်ကြီးချူပ် လီရှန်လွန်း (လီကွမ်ယု၏ သားအကြီး) က သိန်းစိန်ရဲ့  ရူပကာရုပ်ကို ကြည့်ပြီး ဘာများသဘောကျလို့ လည်း မသိ၊ သစ်ခွပန်းတစ်မျိုးကို “သိန်းစိန်” ဆိုတဲ့ အမည်ခေါ်တွင်စေသတဲ့။
စင်ကာပူကို အလည်ရောက်သွားတဲ့ နအဖ သိန်းစိန်ကို ပေးလိုက်တဲ့ အမည်ပါ။ သိန်းစိန်ကလည်း အဟုတ်ကြီးအောင်းမေ့ပြီး သူ့ ရဲ့ အမည်ကို ပန်းနာမည်မှည့်ခေါ်စေတာ သဘောခွေ့ နေပါတယ်။ မဆလခေတ်ကတည်းက အခု နအဖခေတ်ထိ ပုလင်းတူ ဗူးဆို့  ပြေလည်နေတဲ့ စင်ကာပူကနေ သိန်းစိန်ကို ရက်ရက်ရောရောကြီး ပန်းနာမည်ကြီးပေးပြီး ဂုဏ်ပြုလိုက်တာပါ။ အမျိုးသားကြီးဖြစ်တဲ့ စင်ကာပူဝန်ကြီးချူပ်ကနေ နအဖ၀န်ကြီးချူပ် သိန်းစိန်ကို ပန်း (အမည်) ပေးတာပါ။
ပန်းနာမည်တွေဟာ မိန်းကလေးတွေ အမည်မည့်ခေါ်ဝေါ်တဲ့နေရာမှာ အမည်ပေးလေ့ပေးထ ရှိပါတယ်။ နေကြာ၊ ဒေစီ၊ ခေတ္တာ၊ သဇင်၊ နှင်းဆီဆိုပြီး အမျိုးသမီးတွေကို ပန်းပွင့်ကလေးတွေရဲ့  အလှအပ အဆင်းရနံ့ နဲ့  နှိုင်းယှဉ်တင်စားပြီး အမည်ပေးလေ့ရှိပါတယ်။
အခုတော့ ပန်းအမည်ကို “သိန်းစိန်” ပန်းဆိုတော့ အတော့်ကို အူယားစရာပါဘဲ။ မည်သို့ သောသဘောသက်ရောက်သွားသလည်းဆိုတာကတော့ - “သိန်းစိန်” ဆိုတဲ့အမည်ဟာ စောစောကပြောတဲ့ နောက်ဆိုရင် အမျိုးသမီးနာမည်သစ်များ ဖြစ်လာလေမလား၊ ဒါမှမဟုတ် သိန်းစိန်ပုံကလည်း နိုင်ငံတစ်ငံရဲ့  ၀န်ကြီးချူပ် ဥပဓိရုပ် မရှိ၊ ကနွဲ့ ကလျနဲ့ ဆိုတော့။
နောက်ဆုံးကျတော့ သိန်းစိန်ခမျာ Flower Girl ပန်းသိန်းစိန် ဖြစ်သွားရှာပါလား။ ပန်းကလေးဘ၀ ရောက်သွားပါပြီ။ မကြာခင်မှာ “သိန်းစိန်” ပန်းကို ခြွေမည့်သူကတော့ နအဖ ချူပ်ကြီး သန်းရွေဘဲ ဖြစ်မလား၊ ဒုချူပ်ကြီး မောင်အေးဘဲ ဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
နအဖ ပန်းသိန်းစိန် (သို့ ) သိန်းစိန်ပန်းလေး ဘ၀သစ်လေးပေါ့။
No comments:
Post a Comment