အင်တာနက်သုံးစွဲသူများ၏ ရန်သူ - နအဖ ။
မြန်မာပြည်မှ နအဖဟာ အင်တာနက်သုံးစွဲသူများအားလုံးရဲ့  ရန်သူ ဖြစ်ပါတယ်။
နအဖဟာ ပြည်တွင်းသတင်းများကို ဆင်ဆာစီစစ်ဖြတ်တောက် သတင်းအမှန်ဖုံးကွယ်တာတွေ လုပ်ရုံတင်မကဖူး ပြည်ပသတင်းများကိုလည်း တားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ထားပါတယ်။
ထို့ အပြင် လွတ်လပ်စွာ ရေးသားခွင့်၊ ကြည့်ရှုခွင့်၊ နားထောင်ခွင့်တို့  ကို ပိတ်ဆို့ ထိန်းချူပ်ထားသည့်အပြင် အင်တာနက်သုံးစွဲသူများအား စောင့်ကြည့် ခြိမ်းခြောက် စစ်ဆေး ဖမ်းဆီးထောင်ချခြင်းတို့ ကို “အီလက်ထရောနစ် ဥပဒေ” ဆိုတဲ့ မတရား ဥပဒေပုဒ်မကြီးတပ်ပြီး နှစ်များစွာ ထောင်ချနေခြင်းဘဲ ဖြစ်ပါတယ်။
သတင်းနှင့်စာနယ်ဇင်းသမားများ၊ သတင်းမီဒီယာသမားများ၊ ဘလော့ဂါများသာမက သာမန်ပြည်သူများမှ စာပေရေးသားခြင်း၊ သတင်းပြောဆိုခြင်း၊ သတင်းနားထောင်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်း၊ တားမြစ်ပိတ်ပင်ထားသော အင်တာနက်စာမျက်နာများသို့  ၀င်ရောက်ကြည့်ရှူခြင်း ပြုလုပ်သူမှန်သမျှကို အမျိုးမျိုးသော အန္တရာယ်ပေးလျက် ရှိပါတယ်။
အဆိုပါ ပြည်သူတစ်ဦး ရရှိသင့် ရှိထိုက်သင့် အခွင့်အရေးများကို ပိတ်ပင်ရုံသာမက၊ အင်တာနက်သုံးစွဲသူများ၏ လွတ်လပ်ခွင့်အား ထိန်းချူပ်ကာ မတရား ဖမ်းဆီးထောင်ချ အရေးယူလျက်ရှိသော နအဖသည် အင်တာနက်သုံးစွဲသူများ၏ ရန်သူဖြစ်ကြောင်း သတ်မှတ်ပါတယ်။
SPDC (Burma) - Internet Enemy 2009
အောက်ဖေါ်ပြပါ ဗွီဒီယိုပြကွက်ကတော့ အင်တာနက်သုံးစွဲသူများကို စောင်ကြည့်ပြီး ဖမ်းဆီးအရေးယူတဲ့ ပြကွက် ဖြစ်ပါတယ်။ မြန်မာပြည် နအဖလက်အောက်မှာတော့ ဒီထက်အခြေအနေ ပိုဆိုးပါတယ်။
အင်တာနက်သုံးစွဲသူများရဲ့  ရန်သူဖြစ်တဲ့ နအဖကို ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့ ။
No comments:
Post a Comment