Friday, March 13, 2009

မြန်မာနိုင်ငံလူအခွင့်အရေးနေ.တွင် သြစတေးလျနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကန်ပိန်း စတင်ပြုလုပ်။

မတ်လ (၁၃) ရက် ၂၀၀၉ ခုနှစ်တွင် ကျရောက်သော မြန်မာနိုင်ငံလူအခွင့်အရေးနေ.တွင် သြစတေးလျနိုင်ငံ မဲဘုန်းမြို.တွင် အမိမြန်မာပြည်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲအတွက် ယုံကြည်မှုကို ဆုပ်ကိုင်၍ ဦးမညွှတ် တိုက်ပွဲဝင်နေကြသော၊ နအဖ အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသား ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲကို (၁၃၊ ၀၃၊ ၀၉) နေ့တွင် သြစတေးလျနိုင်ငံ မဲဘုန်းမြို့၌ စတင်လှုပ်ရှားဆောင်ရွက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကန်ပိန်း စတင်ဖွင့်လှစ်ပွဲနှင့် ပြည်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိ ဖြစ်ပွားခံစားနေရသော အခြေအနေများအား ဓါတ်ပုံ ဗီဒီယို သတင်းအချက်အလက်များနှင့် အကျဉ်းသားဟောင်းတဦးမှ တင်ပြမှုများကို ပြုလုပ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးကန်ပိန်းအတွက် လက်မှတ်များစုဆောင်းခြင်းတို့ ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းးအနားကို သြစတေးလျနိုင်ငံရောက် မျိုးချစ်မြန်မာများနှင့် သြစတေးလျနိုင်ငံရေးပါတီများ၊ သြစတေးလျနိုင်ငံသားများ တက်ရောက်ခဲ့ပါသည်။

(သတင်းပေးပို့ လာသူ ကိုရွှေနန္ဒ အား ကျေးဇူးတင်ရှိပါသည်)။

No comments: