Friday, March 13, 2009

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Free Burma’s Political Prisoners Now Campaign လှုပ်ရှားမှု ပြုလုပ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ။ ဒါကာမြို့တော် ဗဟိုတရားရုံးရှေ့၌ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ယင်းလူ့အခွင့်အရေးနေ့ဖြစ်သည့် မတ်လ (၁၃) ရက်နေ့ နံနက်(၁၀)နာရီခွဲတွင် Free Burma’s Political Prisoners Now Campaign လှုပ်ရှားမှုအား ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားလူငယ်ကွန်ကရက်(ဘင်္ဂလာဒေ့ရှ်)မှ စည်းရုံးလှုံဆော်မှုဖြင့် ရခိုင်အမျိုသမီးအစည်းအရုံးအဖွဲ့ဝင်များ။ ရွေဂတ်(စ်) လှုပ်ရှားသူများနှင့် တသီးပုဂ္ဂလများ စုစုပေါင်း (၂၇) ဦးပါဝင်ပြီး။ ကျဆုံးသွားခဲ့ကြသော ဒီမိုကရေစီတိုက်ပွဲဝင်ပုဂ္ဂိုလ်များအား ငြိမ်သက်စွာ အလေးပြုခဲ့ကြပြီး။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး။ အောင်ဆန်းစုကြည် လွတ်မြောက်ရေး။ စစ်အစိုးရ ပြုတ်ကျရေးတို့အား ကြွေးကြော် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြကာ စစ်အစိုးရဗိုလ်ချုပ်မှူးကြီး သန်းရွေရုပ်ပုံနှင့် မြန်မာစစ်အစိုးရအလံတော်အား မီးရှို့ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုအား ဘင်္ဂလာဒေ့ရှ်နိုင်ငံ လုံခြုံရေးများ တားမြစ်မှုကြားမှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြရာ နံနက် (၁၁) နာရီခွဲခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

No comments: