လက်ရှိအစိုးရကို ဖြုတ်ချဖို့ အတွက် မက်ဒါဂက်စ်ကာနိုင်ငံ စစ်တပ်မှ ပြည်သူတွေနဲ့  ပူးပေါင်း။
လက်ရှိအစိုးရကို ဖြုတ်ချဖို့ အတွက် မက်ဒါဂက်စ်ကာနိုင်ငံ စစ်တပ်မှ ပြည်သူတွေနဲ့  ပူးပေါင်းပြီး ပြည်သူ့ တပ်မတော် ပီသစွာနဲ့  တိုက်ပွဲဝင်ကြပါပြီ။
အဆိုပါ ပြည်သူတွေနဲ့  ပူးပေါင်းတဲ့ မက်ဒါဂက်စ်ကာနိုင်ငံ စစ်တပ်ဟာ သမတနေတဲ့ အဆောက်အဦးနေရာကို တင့်ကားတွေနဲ့  စတင်ချေမှုန်းဖို့  စတင်ပါပြီ။
ကျွန်တော်တို့  မြန်မာပြည်က စစ်တပ်ကရော ရဟန်းရှင်လူ ပြည်သူအပေါင်းကို နှစ်ပေါင်းမြောက်များစွာ ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ သန်းရွှေဦးဆောင်တဲ့ အာဏာရူးဗိုလ်ချူပ်လက်တစ်ဆုပ်စာကို ဘယ်တော့များ ပြန်လည်ပုန်ကန်ပြီး နေပြည်တော်က သန်းရွှေအိမ်ကို တင့်ကားတွေနဲ့  ချေမှုန်းပါ့မလည်း မေးကြည့်ချင်ပါတယ်။
အခြေအနေကောင်းမှ၊ အခြေအနေကောင်းဖို့  စောင့်ဆိုင်းနေရပါတယ်ဆိုရင် အခြေအနေဆိုတာ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ရင် ဖြစ်ပေါ်လေ့ မရှိပါ။
ပြည်သူ့ တပ်မတော် ပီသပါစေ။
No comments:
Post a Comment