Tuesday, March 17, 2009

နအဖရဲ့  ၀ါဒဖြန့် ဆိုင်းဘုတ်ကြီးအကြောင်းနဲ့  ဒို့ တာဝန်အရေးသုံးပါး မြေခရှာလေပြီ။

နာဂစ်မုန်တိုင်းထိ ရွာတစ်ရွာက စာသင်ကျောင်းမှာ နာဂစ်အတွက် ဒုက္ခရောက်နေသူတွေကို ကူညီချင်တာထက် ခုတုံးလုပ်ပြီး ၀ါဒဖြန့် ဆိုင်းဘုတ်ကောင်းကောင်းကြီး ချိတ်ဆွဲထားတာကတော့ လွန်တာပေါ့ နအဖရယ်။

















တကယ်စေတနာရှိတယ်၊ တိုင်းပြည်အတွက် ဖွံ့ ဖြိုးတိုးတက်အောင် အမှန်တကယ် လုပ်တယ်ဆိုရင် အုတ်ကျောင်းလေး ခိုင်ခိုင်ခံ့ခံ့၊ ဆရာဆရာမ အပြည့်အစုံ၊ ရေမီးအလင်းရောင် အစုံအလင်၊ စာသင်ကြားမှုအထောက်အကူပစ္စည်း အပြည့်အ၀နဲ့  စာသင်ကလေးတွေရဲ့  ပညာရေးထောက်ပံကူညီမှု ထိထိရောက်ရောက်နဲ့  လုပ်ပေးပါလား။

အခုတော့ ဆောက်ပြထားတဲ့ စာသင်ကျောင်းက အဖြစ်လေးလောက် ဆောက်ပြထားပြီး ဆိုင်းဘုတ်ကြီးကြီးကျတော့ ရေးထားတာကတော့ “ပညာရေးဖြင့် ခေတ်မီဖွံ့ တိုးတက်သော ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်အံ့” တဲ့။ အတော့်ကို ရီစရာကောင်းလှချည်လား နအဖတို့ ရယ်။

အခြားသော ရွာငယ်တစ်ရွာက စာင်ကျောင်းမှာလည်း နအဖတို့  လေပေါပြီး ကြွေးကြော်နေတဲ့ “ဒို့ တာဝန် အရေးသုံးပါး” ဆိုတဲ့ ဆိုင်းဘုတ်ကတော့ ဇာတ်သိမ်းမကောင်း လူအပေါင်း မလေးစားတာကြောင့် မြေမှာ ခညောင်းပြီး နေပါတယ်။






















နအဖတို့  အလိမ်အညာနဲ့  ပြောချင်တာပြော၊ ဦးနှောက်မရှိဘဲ လုပ်ချင်တာလုပ်တာကြောင့် ပြည်သူတွေဘက်က နအဖပြောသမျှ လုပ်သမျှ တစ်ခုမှကို လုံးဝ ဂရုမစိုက်ကြောင်းပါ။ နအဖခေါင်းဆောင် သန်းရွှေ ရူးသမျှ အောက်က အပေါင်းအပါတစ်စုလည်း အံကိုက် ရူးကြပါပေတယ်။ အရူးတွေ ကြီးစိုးနေတဲ့ နိုင်ငံကတော့ အရူးတွေကို တိုက်ထုတ်ရတော့မှာပါ။

(ဓါတ်ပုံများအား ဖေါ်ပြပေးသော Loyalty အား အထူး ကျေးဇူးတင်ရှိပါသည်)။

No comments: