Monday, May 25, 2009

ကျောက်ပန်းတောင်းမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေ ဆုတောင်းပွဲ လုပ်ဦးမည်။ ၀ိုင်းရံပေးကြပါ။

ဒီကနေ့ မေလ (၂၅) ရက် ကျောက်ပန်းတောင်းမြို့မှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက တတိယမြောက်နေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ငါးလွှတ်ပြီး ၀တ်ပြုဆုတောင်းဖို့လူငယ်တွေဟာ လူစုနေပါပြီ၊ အရင်နေ့ကလို အစောပိုင်းလုပ်ဖို့ပြင်ဆင်ထားပေမဲ့ စစ်ကားနဲ့လည့်လည်နေတာတွေ မဟာစေတီကြီးဘုရားပတ်လည်မှာ အရပ်ဝတ်ကြွက်တွေ ပိုချထားတယ်လို့သိရပါတယ်၊ တောင်ပေါ်သား နဲ့ ၀င်းကမ္ဘာဦး လ္ဘက်ရည်ဆိုင်တွေမှာ အရိုးချကျွေးထားတဲ့ သူခိုးဓမြလေးတွေက ကြိုတင်စောင့်နေတဲ့အတွက် အချိန်ရွေ့ပြီးလုပ်ဖို့ လူငယ်တွေပြင်ဆင်ထားရပါတယ်၊ ဒီလိုလှုပ်ရှားမှုတွေ တခြားနယ်မြို့တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ ဖြစ်တဲ့ အင်္ဂါနေ့ တိုင်းမှာ တိုးလုပ်သွားမယ်လို့သိရပါတယ်။

မတရားမှုမှန်သမျှ တာဝန်အရ ဖီဆန်ကြ။

(အညာနွေတမာမြေ မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

No comments: