Thursday, May 7, 2009

နအဖတွေ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့  အပျောက်ရှင်းဖို့  လုပ်နေပါပြီဆိုတာ အထူးသတိပေးလိုက်ပါရစေ။






















နအဖသတင်းစာပါ ရေးသားချက်တွေဟာ သံသယရှိဖွယ် အချက်တွေ တွေ့ ရှိရပါတယ်။

မေလ (၅) ရက်နေ့ ညပိုင်းချိန်မှာ ရေကူးပြီး ပြန်ထွက်လာတယ်လို့ ဆိုထားပြီး၊ မေလ (၆) ရက်နေ့  မနက်ပိုင်း ၅) နာရီခွဲမှာ ရေကူးခပ်နေတုန်း တွေ့ ရှိတယ်ဆိုတော့ အင်းလျားကန်လို ရေကန်မျိုးက တစ်ညလုံးရေကူခပ်ရလောက်အောင် အင်မတန်ကျယ်ဝန်းပါရဲ့ လားဆိုတာ အင်းလျားကန်မှာ ရေကူးဖူးကြသူတွေ သိကြပါတယ်။ အင်းလျားကန်ထဲမှာ ရေထဲမှာ တစ်ညလုံးနေပြီး မနက်ရောက်မှ တွေ့ ရတယ်ဆိုတာ နအဖတွေ လန်ကြုတ်ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့  သံသယရှိရပါတယ်။

နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တိတ်တဆိတ် ၀င်ရောက်နေထိုင်ခဲ့တယ်လို့  ရေးသားထားတားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကောင်းတစ်ဦးရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို မိန်းမကောင်း မိန်းမမြတ်တစ်ဦးကလည်း ညအချိန်မတော်ကြီး ခိုးပြီးဝင်ရောက်လာတဲ့ လူစိမ်းယောင်္ကျားတစ်ယောက်ကို လက်ခံတွေ့ ဆုံတာမျိုးဟာ ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်ပါဖူး။

ယခုလို ဇတ်လမ်းဆင်တဲ့ဟာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးကို အပြည့်အ၀ တာဝန် မယူထားဖူးဆိုတာ ၀န်ခံသလို ဖြစ်နေပါတယ်။

နအဖရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်အပေါ် လုပ်ကြံမှုတွေဟာ တစ်မျိုးပြီး တစ်မျိုး လုပ်ဆောင်လာတာကို တွေ့ ရပါတယ်။ အရင်ကတည်းက သတင်းစာတွေထဲမှာ စောင်းမြောင်းပုတ်ခတ်ရေးသားခဲ့ကြတယ်။ စောင်းမြောင်းပုတ်ခတ်ရေးသားရာကနေ ဒီပဲယင်း မေ (၃၀) လိုမျိုးမှာ အကြမ်းဘက်တိုက်ခဲ့တယ်။

အခုလည်း ဇတ်လမ်းအကွက်ဆင်ပြီး ယုတ်မာပက်စက်တဲ့ ဥာဏ်နီဥာက်နက်နဲ့  လုပ်ကြံပြန်ပြီ။ တစ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဂုဏ်သိက္ခာအရှက်တရားကို ထိခိုက်အောင် လုပ်ကြံသလို၊ လုံခြုံရေးအတွက်လည်း စိတ်မချရဘူးဆိုပြီး ဒီထက်ပိုဆိုးတဲ့ တင်းကြပ်ချူပ်ချယ်မှုတွေနဲ့  ပြည်သူလူထုမြင်ကွင်းကနေ ပျောက်အောင် လုပ်လာနိုင်တယ်။

အလွန်ဆုံးပြောရရင် နေအိမ်ထဲကို လူစိမ်းဝင်ရောက်တယ်လို့  ဆိုထားပြီး တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ အမည်မသိလူတစ်ဦး (သို့ ) လူတစ်စုကနေ လုပ်ကြံလိုက်တယ်လို့ ဆိုပြီး ကျွန်တော်တို့  ရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အစီအစဉ် ဖြစ်လာနိုင်တယ်။

နအဖတွေ ကြံစည်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့  အတုအယောင်အစိုးရကလည်း မကြာခင်ဖြစ်အောင် လုပ်နေတာဆိုတော့ နအဖတွေအနေနဲ့  အန်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပျောက်ရှင်းဖို့  လုပ်လာနေတာ တွေ့ နေရပါတယ်။

ဒီအတွက် ကျွန်တော်တို့  အားလုံးကနေ ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက်အန္တရာယ် လုံခြုံရေးနဲ့  လူသတ်ကောင်နအဖတွေ လက်က လွတ်မြောက်ရေးဟာ ကျွန်တော်တို့  ပြည်သူတစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိနေပါပြီ။ ထိုနည်းတူ ကမ္ဘာ့ကုလသမဂ္ဂနဲ့  နိုင်ငံတကာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေမှာလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပါးစပ်ကနေ ချီးကျူးနေ ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်နေရုံနဲ့  မရပါဖူး၊ လက်တွေ့  ကယ်တင်စောင့်ရှောက်ဖို့  လိုပါပြီ။

ကျွန်တော်တို့  ပြည်သူတွေကလည်း ကိုယ်ရဲ့ အမျိုးသားခေါင်းဆောင် လူထုခေါင်းဆောင်ကို လစ်လျူမရှူထားကြပါနဲ့ ။

No comments: