Tuesday, June 30, 2009
Monday, June 29, 2009
ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်အကြောင်း။
(၂၃-၆-၀၉) ရက်နေ့  နံနက် ၁၀း၁၅နာရီက ဦးမြင့်လွင် (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ရုံးအဖွဲ့မှူး) ဟာ စာပေဗိမာန်အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေခဲ့ပြီး ထိုသို့ပြုလုပ်ရခြင်းမှာ အထက်လူကြီး၏ ဖိအားကြောင့်ဟု သေတမ်းစာရေးခဲ့သည်ဟု သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖအထက်လူကြီးများကနေ သဘာဝဘေးအန္တရာယ်ကြောင့် ခုန်ချသွားခြင်းဖြစ်တယ်လို့ သတင်းလွှင့်ခိုင်းထားပြီး ပြည်တွင်းစာနယ်ဇင်းများကို သတင်းရေးသားဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်းသိရှိရပါတယ်။
ကွယ်လွန်သွားခဲ့တဲ့ ဦးမြင့်လွင်ဟာ သေဆုံးချိန်တွင် အသက် (၆၈) နှစ်ရှိပြီဖြစ်ပြီး မြောင်းမြခရိုင် ရန်မြင်နိုင်ကျေးရွာနေ (ဦးမောင်သင် + ဒေါ်သိန်းတင်) တို့ရဲ့  သားကြီးဖြစ်ကြောင်း၊ မကွယ်လွန်မီအချိန်ထိ ဝေဘာဂီမြို့သစ်၊ (၆) ရပ်ကွက်၊ သပြေလမ်း၊ အမှတ်(၁၉၇) မှာ နေထိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထပ်မံသိရှိရသော အချက်များမှာ - နီးစပ်ရာအသိုင်းအ၀ိုင်းများထံမှ ပြောကြားချက်အရ ဦးမြင့်လွင်ဟာ မောင်ဆုရှင် (ဦးမျိုးသန့်) နှင့် ပတ်သက်ဆက်နွှယ်နေသည့် အချက်အလက်များကို သိမ်းဆည်းထားရသူတစ်ဦးဖြစ်ပြီး၊ မောင်ဆုရှင် ကွယ်လွန်ပြီးနောက် ၎င်းအချက်အလက်များကို ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှ ပြန်လည်တောင်းယူခြင်းမှစတင်၍ ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေရသည့်အဆင့်ထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တောင်းခံစဉ်တွင် ဦးမြင့်လွင်က ၎င်းအချက်အလက်များမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုသော်လည်း လက်မခံပဲ၊ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ အထက်လူကြီးကို အကြောင်းပြ ချိန်းခြောက်တောင်းခံခြင်းများ အကြိမ်ကြိမ်ပြုခဲ့ကြောင်း၊ မောင်ဆုရှင်နှင့်ပတ်သက်သည့် အချက်အလက်ဆိုသည်မှာ မည်သည့်အချက်အလက်များဖြစ်သည်ကိုမူ မသိရှိရကြောင်း၊ အရေးကြီးအချက်အလက်များ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဦးမြင့်လွင်နှင့် နီးစပ်သူအသိုင်းအ၀ိုင်းက ပြောဆိုကြောင်း သိရှိရပါတယ်။
ဦးမြင့်လွင်သည် စာပေဗိမာန်အဆောက်အအုံပေါ်မှ မခုန်ချမီ ပထမအကြိမ်က ကြိုးဆွဲချသေရန် ကြံစည်ခဲ့သော်လည်း ကြိုးပြတ်ကျသဖြင့် အထမမြောက်ခဲ့သည့်အတွက် ယခုလို ဒုတိယအကြိမ် သုံးထပ်တိုက်ပေါ်မှ ခုန်ချခြင်းဖြစ်ပြီး ခုန်ချစဉ်တွင် အသက်မသေဆုံးသေးဘဲ ဆေးရုံရောက်မှ သေဆုံးသွားခြင်းဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။
ဦးမြင့်လွင်အား မိမိကိုယ်မိမိ သေကြောင်းကြံစေရန် လုပ်ဆောင်ခဲ့သူ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) သည် ယခင်က ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သက်ပြည့်ပင်စင်ရရှိပြီးနောက် နေ့စားဝန်ထမ်းအဖြစ်လုပ်ရန် ကြံစည်ခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးမှ ပယ်ချခဲ့သူဖြစ်ပြီး၊ ထို့နောက် အပြင်စာနယ်ဇင်းတစ်ခုတွင် အယ်ဒီတာရာထူးဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ ထို့နောက်မှ ဒုတိယအကြိမ် ပြန်ကြားရေးတွင် တာဝန်ထမ်းဆောင်နိုင်ရန်ကြိုးစားခဲ့ရာ ၀န်ကြီးထံမည်သို့ ၀င်လုံးခဲ့သည် မသိ ယခု ဒုတိယအကြိမ်တွင် ၀န်ကြီးမှ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း၊ စာပေဗိမာန်တွင် အကြံပေးဖြစ် တာဝန်ထမ်းဆောင်စေကြောင်း သိရှိရပါတယ်။
ထိုမှစတင်၍ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ ၀န်ကြီးဝိတ်ကို နေရာတကာတွင် အသုံးချကာ အောက်လက်ငယ်သားများကို မညှာမတာ ခိုင်းစေခြင်း၊ ဟိန်းဟောက်ခြင်း စသည့် ဟောက်စားအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယခု ဦးမြင့်လွင် သေဆုံးခဲ့ရခြင်းမှာလည်း ၀န်ကြီး၏ ၀ိတ်ကိုသုံးကာ နေ့စဉ်နှင့်အမျှ ပြောဆိုချိန်းခြောက်နေရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
(သတင်းပေးပို့ သူ - အစိမ်းရောက်လွင်ပြင်) ။
(တက္ကသိုလ်တင်ခနဲ့  ပတ်သက်သော ရေးသားချက် တစ်ခု - တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှန်ကို သိရှိရန်နှင့် တကယ့်အဖြစ်မှန်ကို ၀ိုင်းဝန်းဖုံးဖိမထားရန် လိုအပ်ပါသည်။ နအဖ၏တာဝန်ရှိသူများ၊ ဆောင်းပါးရှင် ဆိုသူ များက လယ်သမားတွေမှာ သွပ်မိုးပျဉ်ထောင်အိမ်နဲ့ လျှပ်စစ်မီးနဲ့နေနိုင်ကြပြီဟု ပြောဆိုကြသည်၊ ရေးသားနေကြပါသည်။ အင်မတန်နဲပါးလှသည့် အနဲစုကိုတွေ့မြင်ပြီး ပြောကာဆိုကာနှင့် ရေးသား ကြခြင်း သာဖြစ်ပါလိမ့်မည်။ လယ်သမားအများစုကြီးမှာ ဆင်းရဲမြဲ ဆင်းရဲနေကြပါသည်။ ထုတ်လုပ် စရိတ်ပင် အနိုင်နိုင်ဖြစ်နေရပြီး ၀မ်းစာမနည်းကျန်အောင် လုပ်နေကြရသည်ဟု ငြီးတွားသံများ၊ လယ်မြေအပိုင်စီးမှုကိစ္စများ ကြားသိနေရပါသည်။ သွပ်မိုး ပျဉ်ထောင်အိမ်နဲ့ လျှပ်စစ်မီးနဲ့ နေထိုင်နိုင် ကြပြီဟု ပြောဆိုရေးသားခြင်းမှာ စော်ကားခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ တကယ့်အဖြစ်မှန်ဖြစ်သည့် လယ်သမားအများစုကြီး ဆင်းရဲနေတာကို ဖုံးဖိခြင်းပင်ဖြစ်သည်။ ထိုသို့ ၀ိုင်းဝန်းဖုံးဖိကြသူများထဲ တွင် တက္ကသိုလ်တင်ခ၊ ငါးမင်းဆွေ၊ မြင့်စိုး (နတလ) ဆိုသူများ သည် ရှေ့ဆုံးက ပါဝင်ကြပါသည်)။
ကမ္ဘာကျော် U2 အဖွဲ့ ၏ တိုက်တွန်းနှိုးဆော်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မျက်နှာဖုံးအား ၀တ်ဆင်ကြပါရန်။
ယခုဖေါ်ပြထားသော ဒေါ်အောင်ဆန်းစုကြည်မျက်နှာဖုံးအား ပရင့် (Print) ထုတ်၍ ၀တ်ဆင်နိုင်ပါတယ်။
ASSK_mask by U2
“Larry နှင့် Edge တို့က “Walk On” သီချင်းကို စတင် တီးခတ် လိုက်သည်နှင့် တပြိုင်နက် ယင်းမျက်နှာဖုံးကို ထောင်ပေါင်းများစွာသော ပရိသတ်များနှင့်အတူ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို သင်အပါအ၀င် တကမ္ဘာလုံးက အမှတ်ရကြောင်း ပြောပြလိုက်ပါ”ဟု ရေးသားထားသည်။
အလုပ်နှင့် ကျောင်းသွားရာတွင် ဖြစ်စေ၊ ဘက်စ်ကားနှင့် မီးရထား စီးနင်းရာတွင် ဖြစ်စေ၊ စားသောက်ဆိုင်နှင့် စတိုးဆိုင်များ သွားရာတွင်ဖြစ်စေ ယင်းမျက်နှာဖုံးကို တပ်ဆင်နိုင်သကဲ့သို့ U2 အဖွဲ့၏ ဖျော်ဖြေရေးပွဲသို့ လည်း မပျက်မကွက် ယူဆောင်လာရန်လည်းပါရှိသည်။
U2 believe the world must not be allowed to forget Aung San Suu Kyi and on the 360 Tour fans are being invited to wear the mask when the band play Walk On, which was written for her.
http://www.u2.com/stream/article/display/id/4753
http://www.irrawaddy.org/bur/u2-2.html
Sunday, June 28, 2009
မြန်မာနိုင်ငံတွင် Swine Flu ၀က်တုတ်ကွေးရောဂါ ဖြစ်ပွားသူ တွေ့ ရှိကြောင်း နအဖသတင်းမှ ကြေညာ။
Swine Flu H1N1 ၀က်တုပ်ကွေးဖြစ်ပွားသူ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တွေ့ရှိရကြောင်း မနေ့ ညက နအဖသတင်းမှ ကြေညာသွားကြောင်း သိရှိရပါသည်။
အသက် (၁၃) နှစ်အရွယ် ကျောင်းသူလေးတဦးတွင် ၀က်တုပ်ကွေး လက္ခဏာ တွေ့ရှိ၍ ဆေးရုံသို့ သောကြာနေ့က ပို့ဆောင်ခဲ့ရာက H1N1 ဟု သိရှိရခြင်း ဖြစ်သည်ဟု မြန်မာ့အသံက ကြေညာသွားခြင်း ဖြစ်သည်။
မြန်မာရုပ်မြင်သံကြားက ကြေညာသွားခြင်းမှာ - မြန်မာနိုင်ငံရဲ့ ပထမဆုံး swine flu ၀က်တုပ်ကွေးလူနာအား ရန်ကုန်ဆေးရုံကြီး အထူးအဆောင်မှာ ကုသနေကြောင်း သတင်းကြေငြာသွားပါတယ်။ ထိုဖြစ်ပွားသူရဲ့ မိသားစုနှင့် ထိုသူနှင့် ထိတွေ့ ခဲ့သော သူငယ်ချင်းများအားလည်း အနီးကပ်ကြည့်ရှူနေပြီး ထိုသူစီးနှင်းလိုက်ပါလာသော လေယာဉ်ပျံမှ ခရီးသည် (၉ဝ) ကျော်နှင့် ရန်ကုန်လေယာဉ်ကွင်းမှ ဝန်ထမ်းများကိုလည်း ရောဂါပိုး ရှိမရှိ စစ်ဆေးနေကြောင်း ပြောကြားသွားပါတယ်။
(Swine Flu ၀က်တုတ်ကွေးရောဂါအကြောင်း ပိုမိုသိရှိစေရန် ဆက်လက်ဖတ်ရှူဖို့  ယခင်က ပို့ စ်အား ဒီနေရာတွင် ဖတ်ရှူနိုင်ပါသည်။ http://www.niknayman-niknayman.co.cc/2009/04/swine-flu.html)။
Saturday, June 27, 2009
“We Are The World” ဆိုတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့  သီချင်းလေး။
မြန်မာပြည်အရေးဟာ တစ်ကမ္ဘာလုံးသော ပြည်သူတွေ သိရှိနေကြပြီမို့  ကမ္ဘာ့အရေး ဖြစ်လာနေပါပြီ။
“We Are The World” ဆိုတဲ့ သီချင်းလေးနဲ့  အတူ တစ်ကမ္ဘာလုံးက အာရုံစိုက်နေပြီဖြစ်တဲ့ မြန်မာ့အရေးကို မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ဒီထက်ပိုပြီး တက်တက်ကြွကြွနဲ့  ဆောင်ရွက်နိုင်ကြပါစေလို့ ။
ထို့ အတူ ဒီသီချင်းလေး “We Are The World” ဆိုတဲ့ သီချင်းလေးကို ပြန်လည်တင်ပြရင်း ရုတ်တရက် ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင် (King of Pop) ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် (Michael Jackson) ရဲ့  အနုပညာကိုလည်း အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ်။
“We Are The World” သီချင်း ဗွီဒီယိုကလစ်နဲ့  သီချင်းစာသားအား ဖေါ်ပြလိုက်ပါတယ်။
There comes a time
When we head a certain call
When the world must come together as one
There are people dying
And it's time to lend a hand to life
The greatest gift of all
We can't go on
Pretneding day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me
Send them your heart
So they'll know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
So we all must lend a helping hand
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me
When you're down and out
There seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let us realize
That a change will only come
When we stand together as one
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me
ဗုဒ္ဓဘာသာ သာသနာ ကာကွယ်ရေး နှိုးဆော်လွှာ။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -
ယခုအခါ ဗုဒ္ဓဘာသာအများစု မှီတင်းနေထိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရူး မိစ္ဆာစစ်ဘီလူးတို့သည် တိုင်းပြည်နဲ့လူမျိုး ဘာသာ သာသနာကို ဖျက်ဆီးနေကြသည်ကို အားလုံးသိနေ မြင်နေကြပြီးဖြစ်သည်။
ရှေ့ဆက်၍လည်း မြန်မာ့မြေပေါ်မှာ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ချစ်ခင်မြတ်နိုး အလေးထား ကိုးကွယ်သူတို့ကို အမြစ်ပြတ်သုတ်သင်၍ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ လုံးဝကွယ်ပျောက်အောင် အစီစဉ်ချ လုပ်ဆောင်နေကြပါသည်။
နအဖ ဗာလ လက်နက်အားကိုးဖြင့် မတရားလုယူထားသော အဓမ္မအာဏာအရသာကို နှစ်ပေါင်းများစွာ အဆပေါင်းများစွာ ယစ်မူး ရူးသွပ်နေကြသော မိစ္ဆာစစ်ဘီလူးတို့သည် အစီအစဉ်တကျ ကြံ့ဖွတ် စွမ်းအားရှင် မီးသတ် ရဲ လုံထိန်း စရဖ သတင်းပေး စစ်ခွေးများဖြင့် အဆင့်ဆင့် အကွက်ချကာ … တောင်ပေါ် မြေပြန့်မကျန် တိုင်းရင်းသားပြည်သူလူထုအားလုံးကို စည်းလုံးညီညွတ်အောင် ကြိုးပမ်းနိုင်စွမ်းရှိပြီး စစ်ကျွန်ဘ၀မှ တိုင်းပြည်လွတ် လပ်ရေးရအောင် ခေါင်းဆောင်နိုင်သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ၍ တိုင်းပြည်နဲ့ လူမျိုးကို စစ်ကျွန်အဖြစ်သွပ်သွင်းကာ ဘာသာသာသနာကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန် လုပ်ဆောင်နေကြပါသည်။
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ခင်ဗျား -
ယင်းကဲ့သို့ ဘုရားအဆုံးအမ တရားတော် (ဗုဒ္ဓသာသနာ၊ဗုဒ္ဓဓမ္မ) တို့ကို ယုတ်မာကောက်ကျစ်စွာ အစီအစဉ်ချ ဖျက်ဆီးနေသည်ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုအနေဖြင့် ဘယ်သူဘာဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ ကိုယ်ပြောရင် ကိုယ်ခံရမှာ၊ ကိုယ့်ဖာသာ အေးအေး တိတ်တိတ်နေတာပဲ ကောင်းတယ်ဆိုပြီး ဒီအတိုင်း ကြည့်နေကြပါက (၀ိနည်းပိဋကတ် ကမ္မက္ခန္ဓကတို့၌ လာသော ယဿ နက္ခမတိ သော ဘာသေယျ = မကျေနပ်ပါက ပြောကြပါ၊ (နှုတ်ဖြင့် မပြောနိုင်လျှင် ကိုယ်ဖြင့်ဖြစ်စေ မကျေနပ်ကြောင်း သိစေနိုင်သည့် တနည်းနည်းဖြင့် ထုတ်ဖော်ရမည်) တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမိ = သင်တို့ တိတ်တိတ်နေနေကြတဲ့အတွက် သင်တို့ သဘောတူတယ်လို့ မှတ်လိုက်မယ်။ ) ဟူသော ဘုရားဟောအတိုင်း အလိုတူအလိုပါ စစ်မိစ္ဆာများ ဖြစ်သွားကြပါမည်။
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -
ဗြဟ္မဏတိဿမိစ္ဆာသူပုန်တို့ရန်မှ ဗုဒ္ဓဘာသာ မပျောက်ပျက်အောင် မိမိတို့စွမ်းနိုင်သည့်နည်းတို့ဖြင့် ကာကွယ်စောင့်ရှောက်ခဲ့သော သီဟိုဠ်(သီရိလင်္ကာ) သံဃာတော်များ၊ မိစ္ဆာစစ်သွေးကြွ ကျေးကုလားတို့ရန်မှ ဗုဒ္ဓဘာသာ မပျောက်ပျက်အောင် တွန်းလှန်တိုက်ခိုက် ကာကွယ်စောင့်ရှောက်ခဲ့သော သီဟိုဠ်(သီရိလင်္ကာ) ဒုဋ္ဌဂါမဏိမင်း၊ အနော်ရထာဘုရင်၊ ကျန်စစ်သားမင်းတို့နှင့် တိုင်းပြည်နှင့် လူမျိုးဘာသာ သာသနာအတွက် အသက်ပေးလှူသွားခဲ့ကြသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရနေ ကြသော ဗမာနိုင်ငံသားတိုင်းသည် အာဏာရူး စစ်ဘီလူး စစ်မိစ္ဆာများက ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓသာသနာ) ကို ဖျက်ဆီးနေကြသည်ကို ကိုယ်နဲ့ မဆိုင်သလိုနေရင်း ဒီအတိုင်းကြည့်ကာ ဒို့ခေတ်ရောက်မှ ဘာသာ၊ သာသနာ နဲ့ လူမျိုးပါ အပျောက်ခံကြတော့မည်လော?
သားစဉ်မြေးဆက်အတွက်လည်း မျက်မှောက်မှာ စစ်ကျွန်ဘ၀ရောက်ကာ သံသရာမှာ အ၀ီစိရောက်မည့် ဆိုးမွေနှစ်များ ချန်ရစ်ထားကြတော့မည်လော?
စစ်မိစ္ဆာရန်ကို တွန်းလှန်တိုက်ဖျက်၍ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြမည်လော?
ကိုယ်တိုင် စဉ်းစားကြပါ၊ စဉ်းစားပြီး ဆုံးဖြတ်ကြပါ။
အညံ့ခံပြီး ဆိုးမွေချန်မယ်ဆိုရင်တော့ အဲဒီလို အန္ဓ ဗာလတို့အတွက် သူ့တွင်း သူဖောက် အ၀ီစိရောက်မှာမို့ ပြောစရာစကား မရှိတော့ပါ။
တွန်းလှန်တိုက်ဖျက် ကာကွယ်စောင့်ရှောက်မယ်ဆိုရင် ပါရမီမြောက်သည့် ကုသိုလ်အောင်ပွဲဆင်နွဲနိုင်သည်ထိ တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်ပါသည်။
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -
တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်ခြင်းသည်
၁။ သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သက်ရှိသတ္တ၀ါဟု အမှတ်ရှိခြင်း၊
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်ရန် ကြိုးစားအားထုတ်ခြင်း၊
၅။ ထို့ကြောင့် သေခြင်းဟူသော အင်္ဂါငါးပါးနှင့် ပြည်စုံပါက ကံမြောက်သော ပါဏာတိပါတကံ ကျူးလွန်ရန် မဟုတ်။ သောတာပန်အရိယာဖြစ်သော ဘုရင်ဗိမ္ဗိသာရ၏ စစ်သည်တော်များနှင့် ဒုဋ္ဌဂါမဏိမင်းကြီးတို့ကဲ့သို့ ဘာသာတရားနှင့် ဘုရားသာသနာတော်၏ အန္တရာယ်ကို ကာကွယ်ရေးနဲ့ မိစ္ဆာဒိဋ္ဌိစစ်ရန်ကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရန် ဖြစ်သည်။
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -
ယခု အသင်တို့ ကိုးကွယ်နေကြသော ဗုဒ္ဓသာသနာကို တည်ထောင်ခဲ့သူ ရဟန်းဂေါတမသည် ဘ၀ပေါင်းများစွာ အကျင့်ပေါင်းများစွာကို ဖြည့်ကျင့်ပြီးမှ ဗုဒ္ဓ (ဘုရား) အဖြစ် ရောက်ခဲ့ခြင်းဖြစ်ရာ ထိုဗုဒ္ဓသာသနာ မကွယ်ပျောက်ရေးအတွက် ကိုယ့်အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဟူသော ဒါနဥပပါရမီဖြည့်ဆည်းပြီး ကြိုးစားကြရန် အထူး လိုအပ်နေပါပြီ။
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -
စရိယာပိဋကတ် အကိတ္တိဝဂ် သသပဏ္ဍိတစရိယ တွင် ဘုရားလောင်း ယုန်မင်းသည် ဆာလောင်မွတ်သိတ်နေသော ပုဏ္ဏားတယောက်အတွက် မိမိရဲ့ ကိုယ် အသက်ကို မငဲ့ကွက်ပဲ မီးပုံထဲ ခုန်ဆင်းကာ ဒါနဥပပါရမီ ဖြည့်ခဲ့ပါသည်။
ဆာလောင်မွတ်သိတ်နေသော သန်းပေါင်းများစွာသော ပြည်သူတို့အတွက်နဲ့ ဇီဝိတပရစ္စာဂ (အသက်စွန့်မှု) ဒါနဥပပါရမီ ဖြည့်တော်မူခဲ့သည့် ဘုရားသာသနာတော် စစ်မိစ္ဆာရန်မှ မကွယ်ပျောက်ရေးအတွက် -
ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အားလုံးမှာ တာဝန်ရှိပါသောကြောင့် -
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့ ငါပါ အသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်၊
ဒို့လဲ ကြိုးစားမည် ဟု အဓိဋ္ဌာန်ပြုကာ တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းနှိုးဆော် လက်တွဲခေါ်အပ်ပါသည်။
မြန်မာ့ဗုဒ္ဓသာသနာ ကာကွယ်ရေး စစ်သည်တော် (ပြည်တွင်းမှ မြန်မာဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး) ။
ထိုင်း မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား (Mae Sai – Tachilek Friendship Bridge) ပေါ်က နအဖ လ၀က တွေ ငွေ မတရားတောင်းခံနေ။
၂၀၀၃ ခုနှစ်၊ မေလ (၂၀) ရက်နေ့ က နအဖ အတွင်းရေးမှူး (၁) ဖြစ်ခဲ့သူ ခင်ညွန့် နဲ့  ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့  လက်မှတ်သဘောတူရေးထိုးခဲ့ကြပြီး၊ ထိုင်းနဲ့  မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ဆက်သွယ်တည်ဆောက်ခဲ့ကာ၊ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့ က ဖွင့်လှစ်ခဲ့တဲ့ မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေးတံတားရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာပြည်သူနဲ့  ထိုင်းပြည်သူတွေရဲ့  ခင်မင်ရင်းနှီးမှု ချစ်ကြည်ရေးပြယုပ် ဖေါ်ပြဖို့ ၊ ခရီးသွားလာရေးနဲ့  လမ်းပမ်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့ စေဖို့ ၊ ကုန်သွယ်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်စေဖို့  စသဖြင့် နအဖဘက်ကနေ လက်မှတ်ရေးထိုးပွဲနဲ့  တံတားဖွင့်ပွဲအခမ်းအနားတွေမှာ စကားတွေ မိုးလုံးပြည့်အောင် ပြောဆိုခဲ့ကြပါတယ်။
သို့ သော်လည်းဘဲ ဒီ မဲဆိုင် - တာချီလိတ် ချစ်ကြည်ရေးတံတားရဲ့  မူလရည်ရွယ်ချက်တွေကို ပျက်စီးထိခိုက်စေတဲ့လုပ်ရပ်တွေ လုပ်ကိုင်နေကြတဲ့ မသမာမှုနဲ့  ၀င်ငွေရှာနေကြသော နအဖ လူဝင်မှုကြီးကြပ်ရေး (လ၀က) တွေကြောင့် ယခုဆိုရင် ဒီတံတားကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေကြတဲ့ မြန်မာ ထိုင်းပြည်သူတွေ အတော့်ကို စိတ်ပျက်နေကြပါတယ်။
ဒီ မဲဆိုင် - တာချီလိတ် ချစ်ကြည်ရေးတံတားရဲ့  မြန်မာဘက်ခြမ်းက အ၀င်အထွက်ဂိတ်မှာ မြန်မာလူဝင်မှုကြီးကြပ်ရေး (လ၀က) က တာဝန်ကျ အမျိုးသားတွေအပြင် အမျိုးသမီး နှစ်ဦးလည်း ရှိနေပါတယ်။ လ၀က အမျိုးသားတွေကတော့ ဗွီဒီယိုတွေဘဲ ထိုင်ကြည့်နေကြပြီး အဆိုပါ လ၀က အမျိုးသမီးနှစ်ဦးက ဒိုင်ခံပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးလက်မှတ်) အတွက် အခကြေးငွေကို တောင်းခံပါတယ်။
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးလက်မှတ်) အတွက် အခကြေးငွေကို မူလပုံမှန်သတ်မှတ်ပြီး တောင်းခံတာကတော့ မြန်မာငွေ ကျပ် (၅၀၀) သာ ဖြစ်ပါတယ်။ ထိုင်းဘတ်ငွေနဲ့ ဆိုရင် (၁၀) ဘတ် ကျော်ကျော်သာ ရှိပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးလက်မှတ်) ထုတ်ပေးတာကတော့ ဓါတ်ပုံရိုက်ပြီး ကွန်ပျူတာကနေတစ်ဆင့် ပရင့် (print) ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီအတွက်ကို တစ်ဦးချင်းစီကို ထိုင်းဘတ်ငွေနဲ့  တောင်းခံပါတယ်။
သို့ သော်လည်းဘဲ တံတားဖြတ်ခ တောင်းခံနေကြတဲ့ လ၀က အမျိုးသမီးနှစ်ဦးဟာ ဒီထက်ပိုပြီး အကြံအဖန်လုပ်ပြီး ထိုင်းဘက်ကနေ ၀င်လာတဲ့ မြန်မာတွေကိုရော ထိုင်းတွေကိုပါ ထိုင်းဘတ်ငွေ (၃၀) ကျော်အထိ မတရား တောင်းခံပြီး စီးပွားရှာ အမြတ်ထုတ်နေကြပါတယ်။ ဒီလိုအကြံအဖန်လုပ်ပြီး ငွေပိုတောင်းရဖို့ အတွက်ကို ကွန်ပျူတာပျက်နေတယ်ဆိုပြီး အကြောင်းပြပါတယ်။ ကွန်ပျူတာ အမှန်တကယ်ပျက်နေရင်တောင် ကွန်ပျူတာကို အလွယ်တကူ ပြင်လို့ ရသော်ငြားလည်း ဒီလို ငွေပိုတောင်းခံရဖို့  အကြောင်းပြရနေတာကြောင့် နအဖ လ၀ကတွေအတွက် အကွက်ဝင်နေပါတယ်။
ဒီ နအဖလ၀ကတွေ ယခုလို မတရားငွေတောင်းခံပြီး ရယူနေတဲ့ ငွေပမာဏဟာ မနည်းလှပါဖူး။ ဒီ မဲဆိုင် - တာချီလိတ်တံတားကို ဖြတ်သန်းနေကြတာ တစ်နေ့ ကို လူပေါင်းထောင်နဲ့ ချီ ရှိပါတယ်။ တစ်ဦးကို ထိုင်းဘတ်ငွေ (၃၀) ကျော် ပိုတောင်းခြင်းအားဖြင့် တစ်နေ့ ကို ငွေပေါင်း ကျပ် သိန်း (၂၀) ကျော်ကို ဒီ လ၀ကတွေ ရရှိနေပါတယ်။
ဒီအပြင်ကို မှတ်ပုံတင် ၉/ နဲ့ အသက်မပြည့်တဲ့ သူတွေကိုလည်း ထိုင်းဘတ် (၅၀၀) ထိ တောင်းခံနေပါတယ်။ တံတားပေါ်ဖြတ်သန်းနေကြတဲ့ထဲက အသက်မပြည့်သေးသူဦးရေဟာ တစ်နေ့ ကို ပျှမ်းမျှ အယောက် (၁၅၀) လောက် ပါဝင်တဲ့အတွက် မြန်မာငွေ ကျပ် (၂၇) သိန်းလောက် ရရှိနေပါတယ်။
ဒီလို ကွန်ပျူတာပျက်တာကို အကြောင်းပြပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးလက်မှတ်) ကို ဓါတ်ပုံရိုက်ပြီး ကွန်ပျူတာကနေတစ်ဆင့် ပရင့် (print) မထုတ်ပေးဘဲ မှတ်ပုံတင်တွေကို မိတ္တူကော်ပီကူးပြီး တံတားကူလက်မှတ်မှာ ချုပ်စက် (Stapler) နဲ့  တွယ်ပေးတာလောက်ဘဲ လုပ်ပေးပြီး ယခုလို ငွေကိုကျတော့ အဆမတန် ပိုမိုတောင်းခံပြီး အကြံအဖန် လုပ်စားနေကြတာ ဖြစ်ပါတယ်။ ဒီလို မိတ္တူကူးခနဲ့  မှတ်ပုံတင်တစောင်အတွက်ကို ထိုင်းဘတ်ငွေ (၁၀) ထပ်မံတောင်းခံပါသေးတယ်။ အမှန်တကယ်ဆိုရင် မိတ္တူကူးခ ပေါက်ဈေးနဲ့  Staple ချုပ်အပ် တစ်ပင်က ထိုင်းဘတ်ငွေ (၀.၅) ဘတ်လောက်ဘဲ ကျတာ ဖြစ်ပါတယ်။ ထို့ အပြင်ကို တံတားကူးကဒ်ပြား ပျောက်သွားတဲ့အခါမျိုးမှာလည်း နအဖ လ၀ကဦးစီးမှူးကို အနည်းဆုံး ထိုင်းဘတ်ငွေ (၅၀၀) တန် ဖုန်းကဒ်တွေ ၀ယ်ပေးရပါတယ်။ ပိုတောင်းရင် တောင်းသလို ပေးရပါတယ်။
နအဖ လ၀ကတွေဟာ မြန်မာပြည်သူတွေနဲ့  ထိုင်းပြည်သူတွေ ဒီ ချစ်ကြည်ရေးတံတားကို ဖြတ်သန်းအသုံးပြုပြီး ခရီးသွားလာနေကြတာကို သင့်တော်သော တန်ရာတန်ကြေးနဲ့  တရားဝင်သတ်မှတ်ထားသော ငွေနှုန်းထားအတိုင်း တောင်းခံတာထက် ကိုယ်ကျိုးရှာ အမြတ်ထုတ် ခေါင်းပုံဖြတ်သွေးစုပ်ပြီး ပြည်သူလူထုတွေအပေါ်မှာ အဓမ္မအနိုင်ကျင့် တောင်းခံနေတာကတော့ နိုင်ငံတော်သူတောင်းစားတွေ ဖြစ်နေကြပါတယ်။
ထို့ အတူ ရိုးရိုးသားသားနဲ့  တစ်နေ့ လုပ်တစ်နေ့ စားရဖို့ အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ သာမန်ပြည်သူတွေ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေအပေါ်ဆိုရင် ပိုမို အနိုင်ကျင့်ကာ ယခုလို မတရားလုပ်ဆောင်နေခြင်းဟာ ချစ်ကြည်ရေးတံတားဆိုတဲ့ နာမည်ကိုလည်း ပျက်စီးထိခိုက်စေသလို နိုင်ငံနဲ့ လူမျိုးရဲ့  ဂုဏ်သိက္ခာကိုလည်း နိမ့်ကျစေပါတယ်။
ဒီအပြင် နအဖခေါင်းဆောင်ကြီးများကလည်း ဒီလို နယ်စပ်ဂိတ်တွေမှာ တာဝန်ပေးခန့် ထားတဲ့ လ၀က၀န်ထမ်းတွေ ရဲတွေထဲမှာ အချို့ သော တိုင်းရင်းသားတွေကိုပါ ထည့်သွင်းတာဝန်ပေးထားပြီး တိုင်းရင်းသားအချင်းချင်ကို ပြန်ရန်တိုက်ပေးထားကာ ကိုယ်ကျိုးအမြတ်အတွက် မသမာသောလုပ်ရပ်များနဲ့  လုပ်ဆောင်စေပြီး ရရှိလာတဲ့ အကောက်ငွေတွေကို ခွဲဝေစားကြစေကာ သူတောင်းစား ဓါးမြအကြီးစားတွေ ဖြစ်နေစေကြပါတယ်။
ဒီ မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား (Mae Sai – Tachilek Friendship Bridge) ပေါ်က နအဖ လူဝင်မှုကြီးကြပ်ရေးတွေထဲက နအဖလက်အောက် လ၀က၀န်ထမ်း အမျိုးသမီးနှစ်ဦးရဲ့  ငွေ မတရားတောင်းခံနေတာကတော့ တံတားပေါ်ဖြတ်သန်းသွားလာနေကြသူများအားလုံးရဲ့  အပြောအရ အတော့်ကို ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း ဖေါ်ပြလိုက်ရပါတယ်။
Friday, June 26, 2009
ပြည်တွင်းသတင်းအတိုအထွာ (ဇွန်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်)။
သတင်း (၁)။
ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ယနေ့ မနက်က နအဖ၀န်ကြီး လာမည်ဆိုသောကြောင့် ကျောင်းမှ ဆရာမများမှ ကျောင်းသားကဒ်ရှိသူများအား ထုတ်ဆွဲခိုင်းထားကာ အပြင်ဘက်နှင့်နီးသော ကော်ရစ်တာအနားတွင် ထိုင်ခိုင်းထားပြီး မပါသူများအား အတွင်းကျသောနေရာတွင် ပြောင်းထိုင်ခိုင်းကြောင်း သိရှိရပါတယ်။
သတင်း (၂)။
ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော ပို့စကဒ်လေးများနှင့်အတူ ထောင်ဒါဏ် (၂၆) နှစ် ကျခံနေရသော လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့  အဖွဲ့ ဝင်တစ်ဦး၏ ကဗျာလေးများအား အင်းစိန်မြို့  နယ် ပေါက်တောဝ အနီးရှိ ဆိုင်များ ၊ ထွက်ခါနီး လိုင်းကားများပေါ်သို့ ပစ်တင်ပြီး ဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။
(သတင်း - လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ)။
Thursday, June 25, 2009
လိမ်လည်ပြီ အမှုဆင်လေ့ရှိတဲ့ နအဖ။
ဇွန်လ (၁၂) ရက်နေ့  ညပိုင်းက အဖမ်းခံခဲ့ရသော ဗဟန်းမြို့နယ် အ၀ိုင်းထိပ် မှတ်တိုင် အနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များဖြစ်ကြသော ဗဟန်းမြို့နယ်မှ လူငယ်တာဝန်ခံ ကိုအောင်အောင်ဦး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုကျော်ဝင်းထွန်း၊ တာမွေမြို့နယ်မှ ကိုကျော်မျိုးနိုင် တို့ သုံးဦးအား ယနေ့ နေ့ လည် (၁) နာရီခန့် က စမ်းချောင်းမြို့ နယ်တရားရုံးတွင် ရုံးထုတ်ပါတယ်။ သို့ သော် ရမန်သာ ယူပြီး ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင် သုံးဦးအား ဖောက်ခွဲရေးအမှုဖြင့် မတရား အမှုဆင်ကာ တရားစွဲဆိုထားကြောင်း၊ ဖောက်ခွဲရေးနှင့်ပတ်သက်သော သက်သေပစ္စည်းများ ရရှိထားသည်ဟုဆိုကာ လုပ်ကြံဖန်တီးထားကြောင်း သိရှိရပါတယ်။
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင် သုံးဦးမှာ နအဖလက်ပါးစေရဲနှစ်ဦးက မေးမြန်းမှုအား “ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်လူငယ်တွေ၊ သူခိုးဂျပိုးတွေ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်နေတဲ့သူတွေ၊ ခင်ဗျားတို့ က ဘာလုပ်မလို့ လည်း” ဟု ပြောခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။
၎င်းတို့ ကို မတရားဖမ်းဆီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ လေးပုံသာ လက်ဝယ်တွေ့ ရှိရတာ ဖြစ်လို့  နအဖကနေ အခုလို ဖောက်ခွဲရေးနှင့်ပတ်သက်သော သက်သေပစ္စည်းများ ရရှိထားသည်ဆိုသောအချက်မှာ မတရားစီရင်ချက်ချရန်အတွက် တမင်သက်သက် လုပ်ကြံဖန်တီးခြင်းသာ ဖြစ်ပါတယ်။
နအဖက မသိပါဖူးလို့  ငြင်းဆိုထားတဲ့ မြောက်ကိုရီးယားသင်္ဘော Kang Nam 1 အကြောင်း သတင်း။
နအဖက မြောက်ကိုရီးယားသင်္ဘော Kang Nam 1 နဲ့ ကုန်တင်သင်္ဘောနဲ့  ပတ်သက်ပြီး မသိရှိရပါဖူးလို့  ယနေ့ ထုတ်သတင်းစာထဲမှာ ပြောဆိုတားပါတယ်။
ဒါပေမယ့် နအဖသတင်းစာထဲမှာ ပြောနေတဲ့ သင်္ဘောကလည်း ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမတနိုင်ငံ (မြောက်ကိုရီးယား) ပိုင် MV Dumangang ကုန်တင်သင်္ဘောဖြစ်ပြီး မြန်မာနိုင်ငံကို ဆန်လာတင်မှာဖြစ်တယ်လို့  ဆိုထားပါတယ်။ ဒီတော့ကာ မြောက်ကိုရီးယား သင်္ဘောနှစ်စီးလုံးကို စစ်ဆေးဖို့ လိုနေပါပြီ။
Tuesday, June 23, 2009
မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကားခဲ့တဲ့ မြောက်ကိုးရီးယားနဲ့  ဆက်ဆံရေးပြုလုပ်နေတဲ့ နအဖဟာ အမျိုးသားသစ္စာဖောက် ဖြစ်တယ်။
အထက်ဖေါ်ပြပါပုံဟာ ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားတို့ ဗုံးဖေါက်ကွဲမှုလက်ချက်ကြောင့် ပျက်စီးခဲ့ရသည့် မြန်မာလူမျိုးတို့  အလေးအမြတ်ပြုရာ အာဇာနည်ဗိမာန် ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ သမတ ချန်ဒူးဝမ် (Chun Doo Hwan) မြန်မာပြည်ကို အလည်အပတ်လာချိန် ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက် နေ့ မှာ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ကြီးများရဲ့  ဂူဗိမာန်များရှိရာ အာဇာနည်ဗိမာန်ကို သွားရောက် ပန်းခွေချ အလေးပြုဖို့  ပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားသမတ ချန်ဒူးဝမ် ကံကောင်းထောက်မစွာနဲ့  ကားလမ်း ယာဉ်များပိတ်ဆို့ နေမှုကြောင့် ရောက်ရှိရမယ့်အချိန်ထက် အနည်းငယ်နောက်ကျနေတဲ့အချိန်မှာဘဲ အာဇာနည်ဗိမာန်မှာ မြောက်ကိုးရီးယားတွေ ဆင်ထားတဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် (၂၁) ဦး သေဆုံးပြီး (၄၆) ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ တောင်ကိုရီးယားနိုင်ငံ ဒုဝန်ကြီးချူပ် Suh Suk Joo ၊ နိုင်ငံခြားရေးဝန်ကြီး Lee Bum Suk ၊ ကုန်သွယ်ရေးဝန်ကြီး Kim Dong Whie တို့ နဲ့  သမတရဲ့  အကြံပေးပုဂ္ဂိုလ်တွေ လုံခြုံရေးအရာရှိတွေ သတင်းထောက်တွေ ပါဝင်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ (၂၁) ဦးထဲမှာ တောင်ကိုရီးယားလူမျိုးက (၁၇) ဦးဖြစ်ပြီး မြန်မာလူမျိုး (၄) ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားတွေဟာ အာဇာနည်ဗိမာန်ရဲ့  မျက်နှာကျက်မှာ ဗုံး ၃ လုံး ဆင်ထားခဲ့ပါတယ်။ တောင်ကိုရီးယားသံအမတ်ကား ရောက်ရှိလာတဲ့အခါမှာ သမတ ချန်ဒူးဝမ်ပါရှိလာပြီး အစီအစဉ်စတယ်လို့  ထင်ပြီး ချိန်ထားတဲ့ဗုံးများကို ရေဒီယိုကနေ တစ်ဆင့် ဖေါက်ခွဲခဲ့ပေမယ့် ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ပါတယ်။ အဆိုပါပေါက်ကွဲခဲ့တဲ့ ဗုံးအရှိန်ဟာ ပြင်းထန်လွန်တာကြောင့် အာဇာနည်ဗိမာန်အမိုးကြီးတစ်ခုလုံး ပွင့်ထွက်သွားပြီး လူများ သေကြေပျက်စီး ဒဏ်ရာ ရရှိကုန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဗုံးပေါက်ကွဲပြီး နှစ်ရက်အကြာမှာ ဗုံးဖောက်ခွဲသူ မြောက်ကိုးရီးယား သုံးယောက်ထဲက ပထမဦးဆုံး တစ်ယောက်နဲ့  ဖမ်းဖို့ ကြိုးစားစဉ်မှာ လက်ပစ်ဗုံးဖေါက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ထိုနေ့ မှာဘဲ နောက်ထပ်နှစ်ယောက်ကို မြန်မာပြည်သူတွေက မသင်္ကာဖွယ်တွေ့  ရှိလို့  ရဲကို သတင်းပို့ လို့  ရဲက ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာ လက်ပစ်ဗုံးဖေါက်ခွဲလို့  မြန်မာရဲ သုံးဦး သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ မြောက်ကိုရီးယားနှစ်ဦးကို ဒဏ်ရာများနဲ့  ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီ ရန်ကုန်မြို့ က အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမတကို လုပ်ကြံသတ်ဖြတ်ဖို့  ကြိုးစားခဲ့တဲ့ မြောက်ကိုရီးယား သုံးဦးဟာ မြောက်ကိုရီးယား ထိပ်ပိုင်းအာဏာပိုင်တွေကနေ အထူးစေလွှတ်ခဲ့တဲ့ မြောက်ကိုးရီးယား စစ်ကွန်မန်ဒိုတွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်က ဗိုလ်မှူးတစ်ဦးနဲ့  ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး ဖြစ်ပါတယ်။ တစ်ဦးရဲ့  အမည်က Kang Min-Chul ဖြစ်ပါတယ်။
ဒီလိုမျိုး သူတစ်ပါးနိုင်ငံထဲကို ခိုးဝင်ခဲ့ပြီး မြန်မာလူမျိုးတို့ ရဲ့  အလေးအမြတ်ပြုတဲ့ အာဇာနည်ကုန်းလို နေရာမှာ ဗုံးဖေါက်ခွဲတာဟာ နိုင်ငံတစ်နိုင်ငံရဲ့  အချုပ်အခြာအာဏာနဲ့  လူမျိုးကို စော်ကားတာ ဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မတော်တစ်ဆ မဟုတ်ဘဲ မြောက်ကိုရီးယား ထိပ်ပိုင်းအာဏာပိုင်တို့ ကနေ စနစ်တကျ ကြိုတင်စီစဉ်ပြီးလုပ်ခဲ့တာ ဖြစ်လို့  မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအားလုံးကို မထေမဲ့မြင်ပြုပြီး ထင်ရာစိုင်း စော်ကားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်များ ရုပ်ကလပ်လဲလျောင်းရာ ဂူများကို မြန်မာပြည်သူတွေ နှစ်စဉ် ဇူလိုင်လ (၁၉) ရက်နေ့  အာဇာနည်နေ့ မှာ လွမ်းဆွတ်တမ်းတစွာနဲ့  သွားရောက် အလေးပြုဂါဝရပေးရာ နေရာလည်းဖြစ်ပါတယ်။ အဆိုပါ မြောက်ကိုးရီးယားတို့ ရဲ့  လုပ်ကြံဗုံးဖေါက် စော်ကားမှုကြောင့် အာဇာနည်ဗိမာန်ကြီး မြင်မကောင်းအောင် ပျက်စီးစေခဲ့တာဟာ မြန်မာတစ်မျိုးသားလုံးရဲ့  ဂုဏ်သိက္ခာနဲ့ အတူ အထွတ်အထိပ်ထားရာ အမျိုးသားသမိုင်းဝင်နေရာတစ်ခု ပျက်စီးသွားခဲ့ရပါတယ်။
ဒီလို ဖြစ်ပျက်မှုနဲ့  ပတ်သက်ပြီး မြောက်ကိုရီးယား အာဏာပိုင် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် တရားဝင်တောင်းပန်ခြင်း မပြုခဲ့ပါဖူး။ ဒီလို စော်ကားမှုကြောင့် မြန်မာပြည်သူတစ်ရပ်လုံး ဒေါသထွက်ခဲ့ရသလို ထိုအချိန်က အုပ်ချူပ်နေတဲ့ အာဏာရှင် နေ၀င်းအစိုးရကတောင် မြောက်ကိုးရီးယားကို သံတမန်ဖြတ်တောက်မှု ပြုလုပ်ခဲ့ပါတယ်။
ယခု နအဖ သန်းရွှေလက်ထက်ကျမှ မြန်မာလူမျိုးတစ်ရပ်လုံးနဲ့  မြန်မာနိုင်ငံတော်အပေါ် စော်ကားခဲ့တဲ့ မြောက်ကိုရီးယားအစိုးရကို ကိုယ်ကျိုးအတ္တအတွက်သာ ကြည့်ပြီး သံတမန်ပြန်လည်ဆက်ဆံရုံတင်မက၊ မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့ လက်နက်တွေ ၀ယ်ယူတာ၊ မြောက်ကိုရီးယားနဲ့ ပေါင်းပြီး ညူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတာတွေဟာ သန်းရွှေဦးဆောင်နေတဲ့ နအဖတစ်ဖွဲ့ လုံးကနေ တိုင်းပြည်နဲ့  လူမျိုးအပေါ် သစ္စာဖောက်တာဘဲ ဖြစ်ပါတယ်။
အထက်ဖေါ်ပြပါအတိုင်း မြောက်ကိုရီးယားဟာ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အလည်အပတ် ရောက်လာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့် ဝန်ကြီးများအား ဗုံးထောင်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် နအဖကနေ (၂ဝဝ၇) ခုနှစ် နိုဝင်ဘာလမှာ ပြန်ပြီး သံတမန်အဆက်အသွယ် ပြုလုပ်ခဲ့ရုံမက။ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး စာချုပ်များကိုပါ မကြာသေးခင်က ချုပ်ဆိုခဲ့ကြတယ်။
နအဖနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကလည်း ကျန်ခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မြောက်ကိုရီးယားသို့ အလည်အပတ်ခရီး သွားရောက်ခဲ့တယ်။ နအဖခေါင်းဆောင်ကြီး သန်းရွှေကလည်း မြောက်ကိုရီးယား (ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ) နိုင်ငံတော်ကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌ မစ္စတာကင်ဂျုံအီး Kim Jong-il ရဲ့  (၆၇) နှစ်မြောက် မွေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့တယ်။
နအဖဟာ နေပြည်တော်မှာ မြောက်ကိုရီးယားတွေ အကူအညီနဲ့  လျှို့ ဝှက်ဥမင်လှိုဏ်ခေါင်းတွေ တူးထားတယ်၊ မြောက်ကိုရီးယား ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်၊ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ကြတယ်၊ သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ မြောက်ကိုရီးယား သမတဟောင်း ကင်အီဆွန်းရဲ့  (၉၇) နှစ်မြောက်မွေးနေ့  အခမ်းအနားကိုလည်း ဒီနှစ် ဧပြီလတုန်းက ရန်ကုန် အင်လျားလိတ်ဟော်တယ်မှာ ကျင်းပတာကို နအဖထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသေးတယ်။ ဒီမွေးနေ့ ပွဲကို နအဖ ဒုဗိုလ်ချူပ်ကြီး တင်အေး၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းနဲ့  ကြံ့ ဖွတ်ထိပ်တန်းခေါင်းဆောင်တွေ အားတက်သရော တက်ရောက်ခဲ့ကြတယ်။ 
ယခုဆိုလျှင်လည်း မြောက်ကိုရီးယား သင်္ဘောတစ်စီးဖြစ်တဲ့ Kang Nam 1 ဟာ ညူကလီးယားလက်နက်တွေ တင်ဆောင်ထားနိုင်တဲ့လို့  မင်္သကာဖွယ်အနေအထားနဲ့  မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့  ကမ္ဘာ့သတင်းဌာနတွေမှာ ဖေါ်ပြနေတာ တွေ့ ရတယ်။ နအဖဟာ ယခင်ကလည်း မြောက်ကိုးရီးယားသင်္ဘောတစ်စီးကို သီလ၀ါဆိပ်ကမ်းမှာ ကပ်ရောက်ခွင့် ပြုခဲ့ဖူးပါတယ်။
နအဖအနေနဲ့  ယခုလို မြောက်ကိုရီးယားနဲ့  ပေါ်ပေါ်တင်တင် သံတမန်ပြန်လည်ဆက်ဆံတဲ့ ရည်ရွယ်ချက်က သိသာထင်ရှားလှပါတယ်။ မြောက်ကိုရီးယားအကူအညီနဲ့  ညူကလီယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ဘဲ ဖြစ်ပါတယ်။ ညူကလီယားလက်နက်တွေသာ ပိုင်ဆိုင်ခဲ့ရင် မြင်းကို ဂျိုတတ်ပေးလိုက်သလိုဘဲ ထင်ရာစိုင်းမိုက်ရိုင်းတတ်တဲ့ နအဖဟာ မြောက်ကိုရီးယားထက် ပိုဆိုးပြီး ပြည်တွင်ပြည်ပ ဘယ်သူ့ ကိုမှ ဂရုမစိုက်တဲ့ အချိုးမျိုး ချိုးတော့မှာ သေချာပါတယ်။ မြန်မာပြည်သူလူထုအပေါ်မှာလည်း ပိုမိုနှိပ်စက် ညှဉ်းပမ်းသတ်ဖြတ်မှာ ဖြစ်ပါတယ်။
ယခုလို နအဖအနေနဲ့  မြောက်ကိုရီးယားကို ပြည်သူလူထုဆန္ဒ မပါဘဲ ကိုယ့်သဘောနဲ့  ကိုယ် သံတမန်ပြန်ဆက်ဆံခြင်းဟာ မြန်မာလူမျိုးတွေ ဂုဏ်သိက္ခာထိခိုက်ခဲ့ရတဲ့၊ တန်ဖိုးထားရာ သမိုင်းဝင်နေရာ ပျက်စီးခဲ့ရတဲ့ ၁၉၈၃ ခုနှစ်တုန်းက အာဇာနည်ကုန်း ဗုံးဖေါက်ပြိုကွဲမှုကို လစ်လျူရှူလိုက်တာဖြစ်ပြီး မြန်မာလူမျိုးတွေရဲ့  မျက်နှာကို အိုးမဲ ထပ်သုတ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ နအဖဟာ မိမိတို့ ကိုယ်ကျိုးအတွက် မြန်မာနိုင်ငံအပေါ်မှာ ၀န်ချတောင်းပန်ခြင်း မပြုခဲ့တဲ့ မြောက်ကိုရီးယားကို ဒူးထောက်ခယလိုက်ပြီး လိုချင်တဲ့ ညူကလီယားလက်နက်တွေနဲ့  မြန်မာလူမျိုးတို့  ဂုဏ်သိက္ခာကို လဲပြစ်လိုက်တာဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခြင်းကို ခံနေရတဲ့ မြောက်ကိုရီးယားကို ဖက်လဲတကင်းလုပ်ပြီး မိုက်မိုက်ကန်းကန်း တွဲဘက်ပြလိုက်တာလည်း ဖြစ်ပါတယ်။
ဒီ့အတွက် မြောက်ကိုရီးယားနဲ့  ပြန်လည်ဆက်ဆံလိုက်တဲ့ နအဖဟာ မြန်မာပြည်သူအများစုရဲ့  ဆန္ဒကို မရယူဘဲ ငါတကော ကောကာ လုပ်ချင်ရာ လုပ်တာကြောင့် မြန်မာနိုင်ငံရဲ့  သမိုင်းဂုဏ်ရောင်၊ မြန်မာလူမျိုးတို့ ရဲ့  အမျိုးသား ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်စီးစေရုံသာမက တိုင်းပြည်တစ်ပြည်လုံးနဲ့  လူမျိုးတစ်ရပ်လုံးကို ကမ္ဘာ့အသိုင်းအ၀ိုင်းအလည်မှာ အရှက်ခွဲပြလိုက်တာ ဖြစ်တဲ့အတွက် နအဖဟာ ဒီ မြောက်ကိုရီးယားနဲ့  သံတမန်ဆက်ဆံရေးကိစ္စမှာ နိုင်ငံနဲ့  လူမျိုးအပေါ် အမျိုးသားသစ္စာဖောက်မှုကြီးတစ်ရပ်ကို ကြီးကြီးမားမား ကျူးလွန်လိုက်တာဘဲ ဖြစ်ပါတော့တယ်။
(နစ်နေမန်း) ။
Monday, June 22, 2009
အာဏာရှင်လက်ပါးစေတွေကို လက်တွေ့ တုန့် ပြန်ကြဖို့  လိုပြီ။
မနေ့ ည (၉) နာရီခန့် က ရန်ကုန် မြောက်ဒဂုံမြို့ နယ်မှာ နေရာတိုင်းမှာ စော်ကားရိုင်းစိုင်းနေတဲ့ နအဖလက်ပါးစေ ကြံ့ ဖွတ်တွေရဲ့  ရမ်းကားမှုကို ရပ်ကွက်တစ်ခုအတွင်းက လူငယ်များကနေ ပြန်လည်တုန့် ပြန်ခဲ့ကြကြောင်း သိရှိရပါတယ်။
ပြည်သူ့ ရင်သွေး လူငယ်လူရွယ်တွေအနေနဲ့  အေးအေးဆေးဆေးနေထိုင်သွားလာနေကြတာကို နအဖလက်ပါးစေ ကြံ့ ဖွတ်တွေက အကြောင်းမဲ့ ပြသနာရှာပြီး လူငယ်တစ်ယောက်ကို ထိုးကြိတ်တဲ့အတွက် ကျန်သော ရပ်ကွက်နေ လူငယ်များကနေ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုန့် ပြန်ခဲ့ကြတာ ဖြစ်တယ်လို့  သိရှိရပါတယ်။
ဒီလို နအဖလက်ပါးစေတွေနဲ့  လူငယ်တွေ အချင်းများနေစဉ်မှာ ပြည်သူအများ ၀ိုင်းအုံလာပြီး ရပ်ကွက်လူငယ်များဘက်ကနေ ပါဝင်ပူးပေါင်းဖို့  ပြင်ဆင်လာတဲ့အချိန်မှာ အခြေအနေမကောင်းမှန်း သိသွားတဲ့ နအဖလက်ပါးစေတွေဟာ အလျင်အမြန် ထွက်ခွာသွားကြတယ်လို့  သိရှိရပါတယ်။
ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် နအဖလက်ပါးစေ ကြံ့ ဖွတ်တွေဟာ အခွင့်အရေးရလို့ သာ ပြည်သူလူထုအပေါ်မှာ စော်ကားရဲပေမယ့် တကယ်တမ်း ရဲရင့်တဲ့ ပြည်သူတွေနဲ့  ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် နဂိုမူလကိုက မမှန်ကန်တဲ့သူတွေဖြစ်လို့  အမှန်တရားနဲ့  စစ်မှန်တဲ့သတ္တိ မရှိကြဖူး၊ ထိပ်တိုက် မရင်ဆိုင်ရဲကြဖူး၊ တစ်ဦးချင်းစီ သတ္တိ မရှိဖူးဆိုတာ သက်သေပါဘဲ။
၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန် အစဦးအချိန်ကာလမှာလည်း ဒီကြံ့ ဖွတ်တွေဟာ ပြည်သူလူထုကို စော်ကားရုံတင်မကဖူး ပခုက္ကူမြို့ မှာ ရဟန်းသံဃာတော်တွေကို မိုက်ရိုင်းစွာ စော်ကားခဲ့ကြလို့  သံဃာထုတစ်ခုလုံးနဲ့  ထိပ်တိုက်တွေ့ တဲ့အချိန်မှာတော့ ကြံ့ ဖွတ်တွေ အသံတောင် မထွက်ရဲကြတာ သက်သေပါ။ ပြည်သူလူထုကလည်း အဆိုပါ မိုက်ရိုင်းခဲ့ကြတဲ့ ပခုက္ကုမြို့ က ကြံ့ ဖွတ်အတွင်းရေးမှူးနေအိမ်ကို ၀ိုင်းရံကြတဲ့အခါမှာ ဖနောင့်နဲ့ တင်ပါး တပြေးထဲကျအောင် ပြေးတာမှ တန်းနေတာဘဲဆိုတာ သိကြပါတယ်။
ဒီထက်ပိုပြီး ရှေးကျတဲ့ သက်သေသာဓကတွေ ရှိပါသေးတယ်။ အာဏာရှင်နေ၀င်းလက်ထက် မဆလပါတီ အင်အားကြီးနေချိန်တုန်းကလည်း ဒီလိုဘဲ အာဏာရျင်တွေရဲ့  လက်ပါးစေတွေ ဖြစ်ကြတဲ့ ပြည်သူလူထုအပေါ်မှာ အမျိုးမျိုးသော အာဏာပြ ညဉ်းပမ်းနှိပ်စက် အနိုင်ယူခဲ့ကြတဲ့ မဆလပါတီ တိုင်းနဲ့  မြို့ နယ်ပါတီ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ၊ ရဲစခန်းမှူးတွေ၊ လုံထိန်းတွေဟာ အင်မတန် ဆိုးရွားမိုက်ရိုင်းခဲ့ကြပါတယ်။ ယခုခေတ် မယကတွေ၊ ရယကတွေ၊ ကြံ့ ဖွတ်တွေနဲ့  ပုံစံသာကွဲပြားတဲ့ ပြည်သူအပေါ် စော်ကားမိုက်ရိုင်းတာတွေကတော့ အတူတူပါဘဲ။
အဲ့ဒီ အာဏာရှင်လက်ပါးစေတွေဟာ ပြည်သူလူထုက လူထုအင်အားနဲ့  စုပေါင်းပြီး နည်းနည်းလေးမှ ငုံ့ မခံတော့တဲ့အခြေအနေကိုလည်းရောက်ရော သွေးကြောင်ကုန်ကြပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းလာတာများ “သာကူး” (သာတဲ့ဘက်ကို ချက်ချင်း ကူးပြောင်းသူများ ဖြစ်လို့  အမည်တွင်ခဲ့ကြတာ ဖြစ်ပါတယ်) လို့ ပါ အခေါ်ခံခဲ့ရတာတောင် အရှက်မရှိတော့ဘဲ မျက်နှာပြောင်တိုက် တောင်းပန်ဝန်ချပြီး ကူးပြောင်းခဲ့ကြတယ်။ ဆိုလိုချင်တာက အခွင့်ရတုန်း အခြေအေနပေးတုန်း ပြည်သူက ငုံ့ ခံနေတုန်းသာ အာဏာတွေပြပြီး မိုက်မိုက်ရိုင်းရိုင်းစော်ကားခဲ့ကြပေမယ့် တကယ်တမ်း ပြည်သူတွေသာ ညီညီညွတ်ညွတ်နဲ့  မဟုတ်မခံ ပြန်တုန့် ပြန်ကြတဲ့အခါမှာတော့ ဒီ အာဏာရှင်လက်ပါးစေတွေဟာ အမြီးကုတ်ပြီး ထွက်ပြေးရင် ပြေးတဲ့သူက ပြေး၊ မလွတ်တဲ့အခါမှာ အမြီးလေး နှံ့ နှံ့ ပါအောင် ရမ်းပြီး မျက်နှာချိုသွေးကာ လွန်တာရှိ ၀န္တာမိပါလို့  ပြောကြတဲ့သူတွေ ဖြစ်ကုန်တတ်ကြတာပါဘဲ။
အဆိုပါ အာဏာရှင်နေ၀င်း ကြီးစိုးနေတဲ့ မဆလခေတ်က ၁၉၈၈ ခုနှစ်ရဲ့  အစကနဦး အချိန်တွေဖြစ်တဲ့ မတ်လ (၁၃) ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့အချိန်၊ မတ်လ (၁၆) ရက်နေ့  အင်းလျားကန် တံတားဖြူကနေ ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့အတွက် တံတားနီအရေးအခင်းတွေမှာ ၁၉၈၈ ခုနှစ် နှစ်စ မတ်လကနေ နှစ်လည် ဇွန်လရောက်တဲ့အထိ တောက်လျှောက် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်လက်ပါးသေ လုံထိန်းတွေဟာ စောစောက ပြောသလိုဘဲ အခွင့်အရေးရတာနဲ့  ရိုက်ပုတ်သတ်ဖြတ် စော်ကားမိုက်ရိုင်းခဲ့ကြတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ၇က်နေ့  ရောက်တဲ့အခါမှာတော့ မြေနီကုန်းအရေးအခင်းလို့  အမည်တွင်ခဲ့တဲ့ ဖြစ်ပျက်မှုဟာ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူတွေ ပူးပေါင်းမိကြပြီး အာဏာရှင်လက်ပါးစေတွေကို ပြန်လည်တုန့် ပြန်မှု စတင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ယခင်စောစောပိုင်း မတ်လအရေးအခင်းတွေက ဘာမှပြန်လည်တုန့် ပြန်တာမျိုးမရှိခဲ့ကြဘဲ ကျောင်းသားကျောင်းသူတွေ ဆန္ဒပြချီတက်မှုမှန်သမျှမှာ တစ်ဘက်သတ် ခံခဲ့ကြရတာပါ။
၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မှာတော့ အဖြူအစိမ်းဝတ်စုံလေးတွေနဲ့  ချီတက်ဆန္ဒပြကြတဲ့ အထက်တန်းကျောင်း ကျောင်းသူကျောင်းသားငယ်လေးတွေကို အာဏာရှင်လက်ပါးစေ အကြမ်းဖက်သမား လုံထိန်းတွေက နံပါတ်တုတ်တွေနဲ့ ဝင်ရောက်ရိုက်နှက်၊ မျက်ရည်ယိုဗုံးနဲ့ ပစ်၊ ကားနဲ့  တိုက်ကြိတ်တာတွေ လုပ်တဲ့မြင်ကွင်းကို မြင်တွေ့ ရတဲ့ ပြည်သူလူထုဟာ မခံရပ်နိုင်ဖြစ်ပြီး တိုင်ပင်နေစရာမလိုဘဲ အားလုံးက အဆိုပါ အာဏာရှင်လက်ပါးစေတွေကို ၀င်ရောက်တိုက်ခိုက်တာကြပါတယ်။
နီးရာမှာတွေ့ ရှိရတဲ့ ပစ္စည်းများကို ကိုင်တွယ်ပြီး မိုက်ရိုင်းစော်ကားနေတဲ့ လုံထိန်းတွေကို ၀င်နှက်ကြလို့  ပြည်သူလူထုရဲ့  တကယ်လုပ်ရဲလာတဲ့ သတ္တိနဲ့  လူထုအင်အားကို ရင်ဆိုင်ရတဲ့အခါမှာတော့ အဆိုပါ အာဏာရှင်လက်ပါးစေ လုံထိန်းတွေ ထွက်ပြေးခဲ့ကြပါတယ်။ ပြည်သူလူထုဟာ ဆောက်လက်စ တိုက်တာအဆောက်အဦးရှေ့ မှာ ပုံထားတဲ့ အုတ်နီခဲတွေ သစ်သားချောင်းကိုကို တစ်ယောက်တစ်လက် ဆွဲယူပြီး လုံထိန်းတွေကို ၀င်ရောက်ပြစ်ခတ်ရိုက်နှက်ရုံတင်မကဖူး ပြည်သူလူထုအပေါ်မှာ ခေတ်တစ်လျှောက်လုံး နှိပ်စက်အနိုင်ကျင့်ခဲ့တဲ့ မြေနီကုန်း မီးပွိုင့်လမ်းဆုံမှာ ရှိတဲ့ စမ်းချောင်းမြို့ နယ်ရဲစခန်းကိုပါ ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
မြေနီကုန်းလမ်းမကြီးရဲ့  ကတ္တရာအမဲရောင်ဟာ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရတဲ့ သွေးတွေအပြင် ပြည်သူလူထုကနေ အာဏာရှင်လက်ပါးစေ လုံထိန်းတွေကို လက်တွေ့ ပြန်လည်တုန့် ပြန်ခဲ့တဲ့ အုတ်နီခဲအကျိုးအပဲ့အပိုင်းအစတွေကြောင့် လမ်းမကြီးတစ်ခုလုံးဟာ အဝေးကနေကြည့်တဲ့အခါမှာ အနီရောင် ဖုံးလွမ်းနေခဲ့ပါတယ်။
၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ကနေ စလိုက်တဲ့ ပြည်သူလူထုရဲ့  တုန့် ပြန်မှုဟာ အရှိန်အဟုန်ကောင်းသွားပြီး မြို့ နယ်တွေ ရပ်ကွက်တွေထဲကို အာဏာရှင်လက်ပါးစေတွေ သူလျှိုတွေ မ၀င်ရလေအောင် မ၀င်ရဲလောက်အောင် ကျောင်းသားတွေ ရဟန်းသံဃာတွေ ပြည်သူတွေဟာ မိမိတို့  မြို့ နယ် မိမိတို့ ရပ်ကွက် မိမိတို့  လမ်းတွေကို မိမိတို့ ဘာသာ လုံခြုံရေးယူကြပြီး အပြင်လူ လူစိမ်း မ၀င်ရအောင် နေ့ ရောညပါ ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။
မိမိတို့ ဘာသာ လုံခြုံရေးကင်းတွေထားပြီး သူစိမ်းဝင်ရင် အာဏာရှင်လက်ပါးစေတွေ ချဉ်းကပ်လာရင် အကြမ်းဘက်မဲ့ စစ်တပ်လာရင် လမ်းမတွေကို ပိတ်ဆို့ တားဆီး၊ အချက်ပြသတင်းပို့ တာတွေ လုပ်၊ လိုအပ်သလို ပြန်လည်တုန့် ပြန်တာတွေ လုပ်ခဲ့ကြလို့  ပြည်သူလူထုအားကြောင့် အာဏာရှင်တွေ တုန်လှုပ်ခြောက်ခြားစေခဲ့ရပြီး မဆလတစ်ပါတီအာဏာရှင် ပြုတ်ကျစေခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ၇က်နေ့  ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်အောင် အားကောင်းခဲ့ကြပါတယ်။
အထက်ဖေါ်ပြခဲ့တဲ့ အဖြစ်အပျက်တွေ အကြောင်းအရာတွေနဲ့  သာဓကတွေကို ကြည့်ရင် - အာဏာရှင်နဲ့ အာဏာရှင်လက်ပါးစေတွေဟာ အခွင့်အရေးရလို့ သာ ပြည်သူလူထု့ အပေါ်မှာ ခြိမ်းခြောက်လိုက် ဖြိုခွင်းလိုက်နဲ့  လုပ်လို့ ရတာပါ။ ပြည်သူလူထုဘက်ကသာ စုစည်းပြီး မတရားတာမှန်သမျှ စော်ကားမှုမှန်သမျှကို ခေါင်းငုံ့ မခံဘဲ တက်ညီလက်ညီနဲ့  ၀ိုင်းဝန်းပြီး ပြန်လည်တုန့် ပြန်ကြရင် ထိပ်တိုက်ရင်ဆိုင်ကြရင် နအဖအာဏာရှင်တွေနဲ့  လက်ပါးစေတွေဖြစ်တဲ့ ကြံ့ ဖွတ်တွေ စွမ်းအားရှင်အမည်ခံ လူရမ်းကားတွေ အနိုင်ကျင့်နေတဲ့ ပြည်သု့ ချဉ်ဖတ်ရဲတွေဟာ ပြည်သူလူထုကို ဆက်ပြီး စော်ကားရဲမှာ မဟုတ်ပါဖူး။
အဓိက လိုအပ်ချက်ဟာ နီးစပ်ရာ နအဖလက်ပါးစေတွေကို မကြောက်မရွံ့ ဘဲ ပြည်သူလူထုက တစ်ယောက်တစ်လက်နဲ့  ၀ိုင်းဝန်းဆုံးမပေးကြဖို့ ပါဘဲ။ စော်ကားမှုတွေကို ခေါင်းငုံ့ ခံရင် ပိုစော်ကားခံရပါတယ်။ အထက်ကဖေါ်ပြခဲ့တဲ့ သက်သေသာဓကတွေဖြစ်တဲ့ အာဏာရှင်လက်ပါးစေတွေ အသံတောင်မထွက်ရဲတဲ့  လူထုရဲ့  တုန့် ပြန်မှုကို တစ်ဦးချင်းအနေနဲ့  ဖြစ်ဖြစ် အစုလိုက်ဖြစ်ဖြစ် လူထုတစ်ရပ်လုံးအင်အားနဲ့ ဖြစ်ဖြစ် လက်တွေ့ လုပ်ကြရင်ဖြင့် အာဏာရှင်တိုက်ထုတ်ရေး လက်တွေ့ တော်လှန်ရေး ဆင်နွဲဖြစ်ပြီလို့  ဆိုရမှာ ဖြစ်ပါတယ်။ အာဏာရှင်တွေနဲ့  လက်ပါးစေတွေ အကြောက်ဆုံးဟာ လက်တွေ့  ပါတဲ့ ပြည်သူ့ အင်အားပါ။
ဒါကြောင့်မို့ လို့  ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့တဲ့ စကားတစ်ခွန်းလိုဘဲ “နီးရာရန်သူကို ရှာတိုက်” ဆိုတဲ့အတိုင်း နအဖလက်ပါးစေဒေါက်တိုင်တွေကို စတင်ဖြိုဖျက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူကို မိုက်ရိုင်းစော်ကားနေကြတဲ့၊ ပြည်သူကို အနိုင်ကျင့်နေကြတဲ့၊ ပြည်သူအပေါ် မတရားဆောင်ရွက်နေကြတဲ့သူတွေကို ပြည်သူလို သဘောထားပေးလို့  မရတော့ပါဖူး။ နအဖအလိုကျလုပ်ဆောင်နေသူမှန်သမျှဟာ ပြည်သူမဟုတ်ပါ၊ ပြည်သူတွေရဲ့ ရန်သူအဖြစ် “ရန် ငါ စည်းပြတ်” ဖို့  ပြတ်ပြတ်သားသား ဆက်ဆံကြရတော့မှာ ဖြစ်ပါတယ်။
နအဖအလိုကျလုပ်ဆောင်နေသူတွေကို သတ်မှတ်ရမယ်ဆိုရင် အနီးဆုံးကနေ စပြောရရင် ကြံ့ ဖွတ်တွေ၊ ရယကတွေ၊ မယကတွေ၊ ရဲတွေ၊ လုံထိန်းတွေအပြင် မိမိကိုယ်ကျိုးအတွက် တစ်ဘို့ ထဲသာကြည့်ပြီး အေးအေးဆေးဆး မနေဘဲ ပြည်သူကို နအဖအလိုကျ လိုက်လံဒုက္ခပေးနေတဲ့ (မ) တရားသူကြီးတွေ၊ နအဖအလိုကျ ကျောင်းသူကျောင်းသားတွေအပေါ်မှာ ဖိနှိပ်အနိုင်ကျင့်နေတဲ့ ဖောက်ပြန်ရေးသမား ကျောင်းအုပ်ချူပ်သူတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေပါ ပါပါတယ်။
ပထမဦးဆုံးအနေနဲ့  ကိုယ်ထိလက်ရောက် အရင်ဆုံးစော်ကားလေ့ရှိကြတဲ့  နအဖလက်ပါးစေ ကြံ့ ဖွတ်တွေနဲ့  စွမ်းအားရှင်အမည်ခံ ရမ်းကားမိုက်ရိုင်းသူတွေကို ပြည်သူလူထုအနေနဲ့  မိမိတို့ ရပ်ကွက်အတွင်း မြို့ နယ်အတွင်းမှာ လက်တွေ့ တုန့် ပြန်ကြပြီး စော်ကားမှုတွေကို လူထုအားနဲ့ ချေမှုန်းဖြစ်ဖို့ သာ ဖြစ်ပါတယ်။
ပြည်သူလူထုအားသည်သာ အခယာ ဖြစ်သည်။ ပြည်သူ့ အားသည်သာ စစ်မှန်သောအား ဖြစ်ပြီး ပြည်သူ့ အားကို အသုံးပြုကြဖို့  လိုသည်။
Sunday, June 21, 2009
ဝမ်းနည်းကြေကွဲမှု မှတ်တမ်း - ကာတွန်းဆရာကြီး (ဦး) ဖေသိန်း။
နိုင်ငံတော် ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ရေးဆွဲခဲ့တဲ့ ထင်ပေါ်ကျော်ကြားလှသည့် ကာတွန်းများထဲမှ ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မှာ ရေးဆွဲခဲ့တဲ့ အထက်ဖေါ်ပြပါ ကာတွန်းလေးထဲက -
“အနန္တစကြာဝဠာ ... အနန္တ သတ္တ၀ါတို့
ဘေးရန်ခတ်သိမ်း … ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း … ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း … ကင်းငြိမ်းကြပါစေ၊
နှလုံး စိတ်ဝမ်း…ငြိမ်းချမ်းကြပါစေ။ ”
ဆိုတဲ့ မေတ္တာပို့ ဆုတောင်းမှုလေးဟာ ကာတွန်းထဲက ပုံအတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက ကမ္ဘာတစ်ဝှမ်းထိပါ ပဲ့တင်သံထပ်ကာ အသံလွှမ်းမိုးသွားခဲ့ပါတယ်။
၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်တွေနဲ့ အတူတကွ ချီတက်လမ်းလျှောက်ခဲ့ကြတဲ့ ပြည်သူလူထုရဲ့  မေတ္တာပို့ ဆုတောင်းမှုတွေဟာ အံ့သြဘွယ်ကောင်းလောက်အောင် ဆရာကြီး (ဦး) ဖေသိန်းရဲ့  အဆိုပါ ၁၉၉၆ ခုနှစ်က ရေးဆွဲခဲ့တဲ့ ကာတွန်းထဲက ဆုတောင်းစာသားတွေနဲ့  ထပ်တူထပ်မျှဖြစ်နေသည့်အပြင် ကာတွန်းပုံပါအတိုင်း ကမ္ဘာတစ်ဝှမ်းလုံး ကြားသိခဲ့ရပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းမှ ချီတက်လမ်းလျှောက်ရင်း ဆုတောင်းပို့ သံတွေကို ပြန်လည်ကြားယောင်နေမိတာနဲ့ အမျှ ကျန်ခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့ မှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကောင်းရာဘုံဘ၀သို့  ရောက်ရှိပါစေလို့  ဆုတောင်းရင်း ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ထိုင်းအနုပညာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးသီချင်း။
(ဤသီချင်းစာသားအား အင်္ဂလိပ်ဘာသာဖြင့် ရရှိပါက ပေးပို့ ပေးဖို့  မေတ္တာရပ်အပ်ခံပါသည်)။
Saturday, June 20, 2009
နိုင်ငံတကာတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့  မှတ်တမ်းဓါတ်ပုံများ။
Friday, June 19, 2009
ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ မတရား ထိန်းသိမ်းထားခြင်းအပေါ် ကန့် ကွက်သည့်အနေဖြင့် နအဖလက်ပါးစေ ကြံ့ ဖွတ်အလံအား မီးရှို့ ခြင်း။
ဇွန်လ (၁၈) ရက်နေ့  ည (ရ) နာရီခွဲအချိန့် ခန့် က ရန်ကုန်မြို့ မှာ နအဖကနေ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် တရားစွဲဆိုမှု၊ နေအိမ်အကျယ်ချူပ်ရက်ပြည့်လို့  လွတ်လပ်စွာနေထိုင်ခွင့် ပြန်ပေးရမယ့်အစား အင်းစိန်ထောင်အတွင်းမှာ ယခုထက်တိုင် ဆက်လက်ထိန်းသိမ်းထားတဲ့ နအဖတွေရဲ့  မတရားလုပ်ရပ်အပေါ် ကန့် ကွက်ဆန္ဒပြတဲ့အနေနဲ့  လူငယ်စုတစ်စုကနေ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ ရန်ကုန်မြို့ ၊ တာမွေနဲ့ ကျိုက္ကဆံလမ်းစုံ မီးပွိုင့်အနီးမှာရှိတဲ့ မော်တော်ပီကယ်ရုံမှာ ကြံ့  ဖွံအလံကို တိုင်ထောင်ပြီး ခြသေံင်္ရုပ်ပေါ်မှာ ခွေးပုံထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲတဲ့ ဆန္ဒပြအကောင်အထည် ဖေါ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မတရားမှုမှန်သမျှကို ထိပ်ဆုံးက နအဖဗိုလ်ချူပ်ကြီးများကအစ သူတို့ ရဲ့ လက်ပါးစေ လက်ကိုင်တုတ် ကြေးစားတွေဖြစ်ကြတဲ့ ရဲတွေ စွမ်းအားရှင်လူမိုက်တွေ ကြံ့ ဖွတ်တွေအထိကို ပြည်သူတွေက မနှစ်မြို့ ကြဖူး၊ မကျေနပ်ကြဖူး၊ မတွေ့ မမြင်လိုကြဖူးဆိုတာကို သိသာပေါ်လွင်စေဖို့ နဲ့  ပြည်သူကနေ မကြာခင်တစ်နေ့ မှာ လက်တုန့် ပြန်ဆောင်ရွက်ကြမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ရော ယခုလို လှုပ်ရှားဆောင်ရွက်ပြတာ ဖြစ်တယ်လို့  သိရှိရပါတယ်။
မီးပွိုင့်အနီးမှာရှိတဲ့ မော်တော်ပီကယ်ရုံမှာ ကြံ့  ဖွံအလံကို တိုင်ထောင်ပြီး ခြသေံင်္ရုပ်ပေါ်မှာ ခွေးပုံထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲ့တဲ့နေရာမှာ ကြံ့ ဖွတ်အလံကို မီးရှို့ တယ်ဆိုတာ သိသာစေဖို့  အလံကို မီးအကုန်လောင်ကျွမ်းတဲ့အထိ မရှို့ ခဲ့ဘဲ တစ်ဝက်တစ်ပျက် ချန်ထားပေးခဲ့တယ်လို့  သိရှိရပါတယ်။
ထို့ အတူ ဒီလို လုပ်ရပ်ဟာ အာဏာရှင်တွေနဲ့  လက်ပါးစေတွေကို အဓိကပြစ်မှတ်ထားတဲ့ လှုပ်ရှားမှုထဲက တစ်ခုဖြစ်ကြောင်းနဲ့  အာဏာရှင်ဆန့် ကျင်ရေးကို လက်တွေ့ ကျကျ ရဲရဲဝန့် ဝန့် လုပ်ဆောင်နေကြတဲ့ ပြည်သူထဲမှ လူငယ်တွေ ဖြစ်ကြောင်းကို အများအနေနဲ့  ကွဲကွဲပြားပြား သိသာစေဖို့ အတွက်ကိုလည်း ပြုလုပ်သူတွေက သူတို့ ရဲ့ လုပ်ရပ်ရည်ရွယ်ချက်ကို ဖေါ်ပြရေးသားထားတဲ့ စာရွက်တွေကို အဆိုပါ မီးရှို့ တဲ့နေရာမှာဘဲ ကြဲဖြန့် ချထားခဲ့တယ်လို့  သိရှိရပါတယ်။
အဆိုပါ စာရွက်တွေမှာ ရေးသားထားတာကတော့ “ကျနော်တို့  ပြည်သူလူထုအနေနဲ့  နအဖကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအနိင်ကျင့်မှုကို မလိုလားတာကြောင့် ကျနော်တို့  လူငယ် မျိုးဆက်တွေကနေ ဒီလို လုပ်ဆောင်ခြင်း ဖြစ်တယ်။ ဒါဟာ နအဖနဲ့  လက်ပါးစေတွေကို သိစေလိုတဲ့ အာဏာရှင်တိုက်ဖျက်ရေး ဆန့် ကျင်လှုပ်ရှားမှုတွေထဲက လက်တွေ့ တစ်ခုဖြစ်တယ်” လို့  ရေးသားထားကြောင်း သိရှိရပါတယ်။
နအဖတွေရဲ့  မတရားလုပ်ရပ်အပေါ် ကန့် ကွက်ဆန္ဒပြတဲ့ လူငယ်စုတစ်စုရဲ့  ယခု လှုပ်ရှားမှုဖြစ်တဲ့ ကြံ့ ဖွတ်အလံကို မီးရှို့ တာ ဖြစ်ပြီးတဲ့နောက်မှာ တာမွေမြို့ နယ် ရယကနဲ့  အနီးအနားကဖြစ်တဲ့ (စူပါဝမ်းစတိုးဆိုင်အနီး) မှာရှိတဲ့ ကြံဖွံ့ ရုံးက ကြံ့ ဖွတ်တွေ ကမန်းကတန်း အပြေးအလွှား ရောက်ရှိလာကြတယ်လို့  သိရှိရပါတယ်။
ရောက်လာကြတဲ့ ရယကတွေ ရဲတွေ ကြံ့ ဖွတ်တွေ စုစုပေါင်းအယောက် (၈၀) ခန့် က အဆိုပါ မီးလောင်ကျွမ်းထားတဲ့ ကြံ့ ဖွတ်အလံ တစ်ပိုင်းတစရယ်၊ မီးလောင်ငွေ့ တွေနဲ့  ပြာတွေကို အခြားသူတွေ တွေ့ မြင်မှာ စိုးရိမ်ပြီး ချက်ချင်းဘဲ သိမ်းဆည်းကာ သန့် ရှင်းရေး ပြုလုပ်ကြကြောင်းနဲ့  အဆိုပါနေရာကို မြေကြီးပေါ်က မြက်ပါ မကျန်ရအောင် ရှင်းလစ်ပြစ်လိုက်ကြကြောင်း သိရှိရပါတယ်။
နအဖအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားဆက်လက် အနိုင်ကျင့်နေဦးမယ်၊ ချုပ်နှောင်ထိန်းသိမ်းထားဦးမယ်၊ နအဖလက်ပါးစေတွေအနေနဲ့  ပြည်သူလူထုအပေါ်မှာ ဆက်လက်မိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင် ဒီ့ထက် ပိုမိုပြင်းထန်တဲ့ လက်တွေ့ ကျကျ လှုပ်ရှားဆောင်ရွက်မှုတွေကို ပြည်သူလူထုထဲက လူငယ်တွေအနေနဲ့  ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့  သိရှိရပါတယ်။
ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သံဃာ့တပ်ဦးခေါင်းဆောင် အရှင်ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအတွက် သံဃာ့မြေက ဆုတောင်းသံများ။
ယနေ့  ဇွန်လ (၁၉) ရက်၊ ၂၀၀၉ ခုနှစ်၊ အာရုဏ်ဦး မလင်းတလင်း၊ ရန်ကုန်မြို ၊ မြောက်ဒဂုံမြို့ နယ်ရဲ့ မြို့ စွန်လေးတစ်ခုမှာ ဓမ္မသံတွေဝေဆည်လို့ သာယာတဲ့ နံနက်ခင်းနဲ့ လိုက်ဖက်စွာ မောရသုတ်ကို ရွတ်ဆိုလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ ကို သံဃာတော် (၆၄) ပါးနဲ့  ကျောင်းသားလူငယ်တွေ တောင်းဆုပြုနေကြသံတွေ ဝေဆည်လို့ မနက်ခင်းရဲ့ တခါးကို ဆွဲဖွင့်လိုက်တယ်။
ကျောင်းသားလူငယ်တွေက ငါးပါးသီလဆောက်တည်လို့ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ
့ဦးဂမ္ဘီရ အပါအ၀င် နိင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့သံဃာတော်တွေက မောရသုတ်ကို ရွတ်ဆိုကြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက ပေးအပ်ထားတဲ့ နိုဘယ်လ်ဆုအပါအ၀င် ဆုပေါင်း ၉၅ မျိုးကို ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေကို ကြွရောက်လာကြတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားလူငယ်တွေကို ဝေငှပါတယ်။
နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အတွက် ငှက် (၆၄) ကောင်လွှတ်ပြီး ငြိမ်သက်စွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကို ဖြတ်သန်းခဲ့ ကြပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အတွက် သံဃာ့မြေက ဆုတောင်းသံလေးတစ်ခုပါ။ အဲဒီလိုပဲ ဒီနေ့ မှာ ရန်ကုန်နဲ့ မြန်မာပြည်တ၀ှမ်း၊ ကမ္ဘာတ၀ှမ်းမှာ အမှန်တရားကို ချစ်မြတ်နိုးသူတွေဟာ အမှန်တရားရဲ့ ပြရုပ်တစ်ခုလိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းမှုတွေနဲ့  ဒီရက်ကလေးကို ဖြတ်သန်းနေသူအားလုံးကို လေးစားစွာ ဦးညွှတ်ရင်း ကျွန်တော်တို့ ရဲ့ မပြောပလောက်တဲ့ မှတ်တမ်းလေးတစ်ခု ရေးပြီး တင်ပြခြင်း ဖြစ်ပါတယ်။
နောင်လဲ ဒီလိုပွဲလေးတွေဆက်ပြီးဖြစ်အောင် စွမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ယနေ့ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ ဖြစ်သလို၊ သံဃာ့တပ်ဦးခေါင်းဆောင် အရှင်ဦးဂမ္ဘီရရဲ့ နှစ် (၃၀) ပြည့်မွေးနေ့ လည်း ဖြစ်တယ်ဆိုတာပါ။
မြန်မာပြည်မှာ လူပီသတဲ့ လူ့ ဘ၀ကို အားလုံးကိုယ်စီ ပိုင်ဆိုင်ပြီး ပြည်သူ့ အကျိုး သယ်ပိုးတဲ့ သယ်ချင်တဲ့  ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ ကျွန်တော် စစ်နိင်မှ ယခုသတင်းအား အသိပေး တင်ပြလိုက်တာ ဖြစ်ပါတယ်။
(သတင်းပေးပို့ လာသူ ကျောင်းသား စစ်နိုင်အား အထူးကျေးဇူးတင်ရှိပါတယ်)။
ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ အကြိုညက မန္တလေး၌ လုံခြုံရေး တင်းကြပ်။
ယနေ့ (၁၉၊ ဇွန်၊ ၂ဝဝ၉) သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ အင်းစိန်အကျဉ်းထောင်အတွင်း၌ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုကို ခံနေရလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဘဝတွင် ဆယ်စုနှစ်ကျော် နေခဲ့ရသူလည်းဖြစ်သည်။
ပြီးခဲ့သည့်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုသည့် စာရွက်စာတမ်းဖြန့်ကြဲ၊ ဝေငှမှုများ၊ နံရံကပ်ပိုစတာ ကပ်လှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ပေးဝေမှုများ ဆက်တိုက်ဆိုသလိုပင် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြန်မာပြည်မြို့များတွင် ဖြစ်ပွားခဲ့သည်။
(၁၆၊ ဇွန်၊ ၂၀၀၉) ညတွင်လည်း မန္တလေးမြို့ပေါ်တ၀ှန်း (ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးအား ချက်ချင်းလွှတ်၊ စစ်အဆိုးရ မုချ ကျဆုံးရမည်) ဟု တောင်းဆိုကြွေးကြော်ထားသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ စာရွက်များကို လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစုမှ ဖြန့်ကြဲခဲ့ကြကြောင်း (၁၇၊ ဇွန်၊ ၂၀၀၉) RFA ညနေ (၇)နာရီ ရေဒီယိုသတင်းအရ သိရှိရသည်။
ထိုသို့ နအဖစစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ မြန်မာပြည်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည့်အတွက် စစ်အဆိုးရမှာ ကျီးလန့်စာစားဖြစ်လာခဲ့ကာ ပြည်တွင်းမြို့များ၌ လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ၊ ဖမ်းဆီးမှုများကို ယခုရက်ပိုင်း တင်းကြပ်လုပ်ဆောင်လာခဲ့သည်။
ယခုလည်း (၁၈၊ ဇွန်၊ ၂၀၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့်မွေးနေ့ အကြိုည၌ စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့်အဖွဲ့များက မကြာခဏ စာရွက်ဖြန့်ကြဲမှုများ ပြုလုပ်လေ့ရှိသည့် မန္တလေးမြို့ပေါ်နေရာများတွင် လုံခြုံရေးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။
မျက်မြင်များ၏ ပြောပြချက်အရ မန္တလေး- ၃၅ လမ်း နှင့် ၆၂ လမ်းထောင့် မီးပွိုင့်၊ ၇၃ လမ်း- ၃၇ လမ်းတ၀ိုက် (မန္တလေးတက္ကသိုလ် မြောက်ဖက်ပေါက်သို့ ဦးတည်ရာလမ်း)၊ ၃၅ လမ်း ဘုန်းကြီးကျောင်းများ ပတ်ဝန်းကျင်၊ ၈၄ လမ်း၊ ကျုံးဘေး အစရှိသည့်နေရာများတွင် စွမ်းအားရှင်၊ ကြံ့ခိုင်ရေး၊ စစ်ထောက်လှမ်းရေး၊ ရဲများ ပူးပေါင်းပါဝင်သည့် အဖွဲ့ (တစ်နေရာ လူအင်အား ၂၀ ခန့်နှင့်) လမ်းပေါ် ဖြတ်သန်းသွားလာသူများကို ရပ်တန့်စေကာ အိပ်များဖွင့်စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကားများအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။
မျက်မြင်များအဆိုအရ (၁၈၊ ဇွန်၊ ၂၀၀၉) တစ်ညလုံးနီးပါး (နံနက်လင်းအားကြီးချိန်အထိ) မန္တလေး၌ စစ်ဆေးမေးမြန်းမှုများ၊ မှောင်ရိပ်ခိုစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
သို့သော် မှန်ကန်၊ ပါးနပ်၊ ဥာဏ်ထက်သော မန္တလေးမြို့မှ နအဖစစ်အဆိုးရဆန့်ကျင်ရေးလှုပ်ရှားသူများကို ယခုသတင်းရေးသားချိန်အထိ စစ်အဆိုးရမှ မဖမ်းဆီးနိုင်သေးကြောင်း သတင်းရရှိပါသည်။
(သတင်းပေးပို့သူ - မောင်မည်း)။
မြန်မာပြည်သူလူထုတစ်ရပ်လုံးက ချစ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၄) နှစ်မြောက်မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းခြင်း။
မြန်မာပြည်သူလူထုတစ်ရပ်လုံးက ချစ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၄) နှစ်မြောက်မွေးနေ့ မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့  ပြည့်စုံပြီး လွတ်လပ်မှု အမြန်ရရှိပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
(နစ်နေမန်း) ။


(ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား ရေးဆွဲထားတဲ့ mdy_3vil ၏ ပန်းချီလက်ရာနှစ်ခုအား နှစ်သက်သည့်အတွက် ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ရှိပါသည်)။



















