Tuesday, June 16, 2009

နအဖတွေ လုပ်နေကြအတိုင်း ပါးစပ်ထဲက ထင်သလို ထွက်တဲ့ ပုဒ်မတွေနဲ့  အမှုလိမ်ဆင်မယ်။

ဇွန်လ (၁၂) ရက်နေ့  ညပိုင်းက အဖမ်းခံခဲ့ရသော ဗဟန်းမြို့နယ် အ၀ိုင်းထိပ် မှတ်တိုင် အနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များဖြစ်ကြသော ဗဟန်းမြို့နယ်မှ လူငယ်တာဝန်ခံ ကိုအောင်အောင်ဦး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုကျော်ဝင်းထွန်း၊ တာမွေမြို့နယ်မှ ကိုကျော်မျိုးနိုင် တို့ သုံးဦးအား ရန်ကုန်တိုင်းရုံးတွင် ထားရှိထားကာ နအဖမှ အမှုလိမ်ဆင်ကာ ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ ပုဒ်မနဲ့  တရားဆွဲဆိုမယ်လို့  သိရှိရပါတယ်။

အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင် သုံးဦးမှာ နအဖလက်ပါးစေရဲနှစ်ဦးက မေးမြန်းမှုအား “ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်လူငယ်တွေ၊ သူခိုးဂျပိုးတွေ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်နေတဲ့သူတွေ၊ ခင်ဗျားတို့ က ဘာလုပ်မလို့ လည်း” ဟု ပြောခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။

No comments: