ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအား သန့် ရှင်းရေး ပြုလုပ်လျက်ရှိ။

မနေ့  နေ့ လည်ပိုင်းမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းအား သန့် ရှင်းရေး ပြုလုပ်ကာ ရှင်းလင်းလျှက်ရှိရာ ယခင်က ခြံဝန်းထဲတွင် ပြုလုပ်သော အခမ်းးအနားများတွင် အသုံးပြုသော ဆောင်းဘောက်များ၊ ခေါက်ထိုင်ခုံများ ၊ အသံချဲ့ စက်များနှင့်  ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီး မှ လက်ဆောင် ပေးပို့ ထားကြသော အမှတ်တရ ပန်းချီကားများအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် အသုံးပြုနိုင်ရန်နှင့်  ပြသနိုင်ရန်အတွက် ရွေ့ ပြောင်းလျှက်ရှိနေပြီး ကျန်ရှိနေသေးသော ပစ္စည်းများအား ဆက်လက် ရွေ့ ပြောင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ ရွေ့ ပြောင်းသော ပစ္စည်းများထဲတွင် ရှားပါးပန်းချီကားများနှင့်  ဓါတ်ပုံများ ပါဝင်ကြောင်းကိုလည်း သိရှိရပါသည်။
No comments:
Post a Comment