နအဖရဲ့  မတရားဖမ်းဆီးမှုကို ခံနေရတဲ့သူတစ်ဦး၏ မွေးနေ့ ။

ယနေ့ ဟာ နအဖအာဏာရှင်ရဲ့  မတရားဖမ်းဆီးခြင်းကို ခံနေရတဲ့ မသင်းဇူလိုင်ကျော်ရဲ့  (၂၆) နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ မသင်းဇူလိုင်ကျော်ဟာ ဘလော့ဂါ ကိုနေဘုန်းလတ်နဲ့ အတူ ရန်ကုန်မြို့ ၊ ဒဂုံမြို့ နယ်မှာရှိတဲ့ ယုဇနအင်တာနက်ကဖေးမှာ နအဖတို့ ရဲ့ ဖမ်းဆီးမှုကို မတရားခံခဲ့ရတာ ဖြစ်ပါတယ်။ ဘလော့ဂါ ကိုနေဘုန်းလတ်ကတော့ ထောင် နှစ် (၂၀) နဲ့  ခြောက်လ ချမှတ်ခြင်း ခံနေရပါတယ်။ မသင်းဇူလိုင်ကျော်ဟာ ယခုအခါမှာ ပြည်အကျဉ်းထောင်အတွင်းမှာ (၂) နှစ်နဲ့  (၆) လ ကျခံနေရပါတယ်။
နအဖတွေက အင်တာနက်သုံးရုံ၊ ဘလော့ရေးရုံ၊ သတင်းတွေ ဖေါ်ပြရုံလေးတောင် အင်မတန်ကြောက်ရွံ့ နေတာတွေ့ ရလို့ ၊ မိမိတို့  ကိုယ်ပိုင်အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်၊ ဆန္ဒဖေါ်ထုတ်ပြသခွင့်၊ လွတ်လပ်စွာ အင်တာနက်သုံးစွဲခွင့် မရရှိနေတဲ့ အခြေအနေ အချိန်အခါမျိုးမှာ ယခုလို မတရားအဖမ်းဆီးခံနေကြရတဲ့ ပြည်သူတွေအားလုံး ကိုယ်စား ပြောကြားချင်တာကတော့ နအဖဟာ အတော့်ကို သူရဲဘောကြောင်သူတွေ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မသင်းဇူလိုင်ကျော်ရဲ့  (၂၆) နှစ်မြောက်မွေးနေ့ မှာ အထူးပြောကြားလိုတာကတော့ - မိမိတို့ ယုံကြည်မှုနဲ့  လွတ်လပ်မှုအတွက် သာမန်ပြည်သူတစ်ယောက်အနေနဲ့  ရှိသင့်ရှိထိုက်တဲ့ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အင်တာနက်သုံးစွဲမှုကို အကြောင်းပြ ဖမ်းဆီးခဲ့တဲ့ နအဖရဲ့  မတရားလုပ်ရပ်ကို အထူးရှုံ့ ချကြောင်းနဲ့  မွေးနေ့ အခါသမယမှ မသင်းဇူလိုင်ကျော် ကျန်းမာရွှင်လန်းပြီး အနှောင်အဖွဲ့ ဘ၀ကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့  လေးနက်စွာ ဆုတောင်းပေးပါတယ်။
No comments:
Post a Comment