အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ မြန်မာ့တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။
ဗိုလ်ချူပ်အောင်ဆန်းကို အမှန်တကယ် လေးစားချစ်ခင်ရင် ဗိုလ်ချူပ်အောင်ဆန်းပြောထဲ့ မှာကြားချက်တွေကို လက်တွေ့ ဆောင်ရွက်ကြ။ တိုင်းပြည်နဲ့  လူမျိုးအတွက် အာဏာရှင်တွေကို တော်လှန်ကြ။ တပ်မတော်ရဲ့  ဖခင်ရင်းဟာ ဗိုလ်ချူပ်အောင်ဆန်း။
လက်ရှိ နအဖဗိုလ်ချူပ်တွေက အတုအယောင်တွေ။ လက်ရှိ နအဖဗိုလ်ချူပ်တွေက တိုင်းပြည်နဲ့ လူမျိုး ဒုက္ခဆင်းရဲတွင်းရောက်အောင် လုပ်နေကြသူတွေ။
ဗိုလ်ချူပ်အောင်ဆန်းလို လက်တွေ့  ကျင့်ကြံကြ။ ဗိုလ်ချူပ်အောင်ဆန်းတို့ အသက်စွန့် ပြီး ကြိုးစားရယူပေးခဲ့တဲ့ ပြည်သူ့ အချူပ်အခြာအာဏာကို တိုင်းပြည်နဲ့  လူမျိုးအတွက် အာဏာရှင်နအဖလက်ထဲကနေ ပြန်ရရှိအောင် တစ်ဦးချင်းစီတိုင်းက လက်တွေ့ ဆောင်ရွက်ကြ။
အာဇာနည်သွေး မွေးကြ၊ အာဇာနည်စိတ် ထားကြ၊ အာဇာနည်ဆိုတာ အပြောနဲ့ မရ လက်တွေ့  တိုင်းပြည်နဲ့  လူမျိုးအကျိုးစီးပွားအတွက် အသက်စွန့် ကာ ဆောင်ရွက်ရဲမှ အာဇာနည်လို့  ခေါ်တယ်။
No comments:
Post a Comment