မြိတ်မြို့ မှ လူငယ်များရဲ့  ဂုဏ်ယူဖွယ် ဆုတောင်းမှုလေး။
ဇူလိုင်လ (၃၁) ရက်နေ့ က မြိတ်မြို့ က ပေါ်တော်မူစေတီတော်၊ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်နဲ့  အောင်ချမ်းသာဘုရားစေတီတော်တို့ မှာ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ်အပြည်နဲ့  ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်တစ်စုရဲ့  ဂုဏ်ယူလေးစားထိုက်ဖွယ် ရဲ ၀န့် ပြောင်မြောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ပါတယ်။
နအဖရဲ့  မတရားအမှုဆင် တရားစွဲဆိုခြင်းကို ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ အတွက် ရည်စူးပြီး အဆိုပါ မြိတ်မြို့ က လူငယ်တစ်စုဟာ နံနက်စောစောအချိန် မိုးများ သည်းထန်စွာရွာသွန်းနေတဲ့ကြားကနေ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံပါ အင်္ကျီ တီရှပ်များဝတ်ဆင်ကာ ဘုရားစေတီတော်များသို့ သွားရောက်ပြီး ဆုတောင်းမှု ပြုလုပ်ခဲ့ကြပါတယ်။ နအဖလုံခြုံရေးတွေ စောင့်ကြည့်မှတ်တမ်းယူနေပေမယ့် ဆုတောင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။
ထိုကဲ့သို့  ဆုတောင်းမှုပြုလုပ်ခဲ့ကြသော မြိတ်မြို့ မှ လူငယ်များအား အထူးလေးစား ဂုဏ်ယူပါကြောင်းနဲ့  တောင်းသောဆုဖြစ်တဲ့ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ” ဆုတောင်းမှု အလျင်အမြန် ပြည့်ဝပါစေသား။
No comments:
Post a Comment