ပြည်သူလူထုအင်အားတစ်ရပ်လုံးဖြင့် အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ခဲ့သော ရှစ်လေးလုံး (၈.၈.၈၈) အရေးတော်ပုံကြီး ပုံရိပ်လွှာများ။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အလုပ်သမား လယ်သမား အသိပညာရှင် အတတ်ပညာရှင် ကျောင်းသူ ကျောင်းသားများနှင့်တကွ ပြည်သူ့ တပ်မတော်သားများ ပြည်သူ့ ဝန်ထမ်းများ အပါအ၀င် ကိုယ်စီ ကိုယ်စီ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အာဏာရှင်အား စုပေါင်းတော်လှန်ခဲ့ကြမှုကြောင့် မဆလ နေ၀င်းဦးဆောင်တဲ့ တစ်ပါတီ အာဏာရှင်စနနစ်ကြီး ဘုံးဘုံးလဲ ပြိုကွဲကျဆုံးစေခဲ့ရတဲ့ အထွေထွေသပိတ်ဆင်နွဲသော သြဂုတ်လ (၈) ရက်နေ့  ၁၉၈၈ ခုနှစ်ရဲ့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။
ယနေ့ လက်ရှိ အာဏာရှင်လက်သစ် သန်းရွှေဦးဆောင်သော နအဖကိုလည်း ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံးက သမိုင်းပေးတာဝန် ကိုယ်စီကိယ်ငှ ယူကြပြီး စုပေါင်းတွန်းလှန်တိုက်ထုတ်ကြမယ်ဆိုရင် မြန်မာ့သမိုင်း မြန်မာ့မြေမှာ အာဏာရှင်စနစ်ဆိုတာ လုံးဝဥဿုံ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာ အမှန်ဖြစ်ကြောင်း ရဲရဲကြီး ပြောကြားလိုပါတယ်။
ယုတ်မာရိုင်းစိုင်းသော အာဏာရှင်အား ရှစ်လေးလုံး စိတ်ဓါတ်ဖြင့် စုပေါင်းလက်တွဲ တော်လှန်တိုက်ပွဲဝင်ကြ။
ပြည်သူ့ အား (“THE POWER OF PEOPLE”) သာလျှင် အဓိက ဖြစ်သည်။
သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစို့ ။
No comments:
Post a Comment