Sunday, August 16, 2009

နောက်ထပ် ယက်တောလို လူမျိုး ထပ်မံပေါ်ပေါက်လာခဲ့လျှင်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့  ဖိတ်ခေါ်မှု မရှိဘဲ ခိုးဝင်ခဲ့သော ယက်တော ယခုအခါ လွတ်မြောက်၍ အမေရိကန်နိုင်ငံသို့  အပြန်ခရီးတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့  ရောက်ရှိနေစဉ်ပုံများ ဖြစ်ပါတယ်။




































ပြဿနာဖန်တီးသူ ယက်တောကတော့ ပြည်တော်ပြန်ခရီးနှင်နေရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချူပ်နဲ့  မတရား ထပ်မံ အကျဉ်းချ ခံနေရပါတယ်။






















လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် နအဖမှ လုံခြုံရေး လုံးဝ တာဝန်မယူနိုင်မှုက ယခုကိစ္စမှာ ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။

ဒီအတွက် ယခုအခါ နေအိမ်အကျယ်ချူပ်ဖြင့် ထပ်မံ နေနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အထူး စိုးရိမ်ရပါတယ်။ ယက်တောလို လူမျိုး နောက်ထပ် ပေါ်မလာဖူးလို့  မည်သူ အာမခံနိုင်ပါမလည်း။

ယက်တောထက် ဆိုးသော သူတစ်ဦးသာ ထပ်မံပေါ်ပေါက်လာပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ထပ်မံဝင်ရောက်ပြီး အန္တရာယ်ပေးလာလျှင် နအဖအနေဖြင့် ယခုလို လုံခြုံရေး အပြည့်အ၀ တာဝန်မယူနိုင်မှုကလည်း အလွန်စိုးရိမ်စရာ ကောင်းနေပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အချိန်မီ ကယ်တင်နိုင်ရန်မှာ ပြည်သူတိုင်းမှာ တာဝန် ရှိနေပါပြီ။

No comments: